close
Connect with us

Hi, what are you looking for?

သတင်း

JICA က အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ယန်း ၁၅ဘီလီယံထုတ်ချေးမယ့်စီမံကိန်းဆိုင်းငံ့

အမေရိကန်ဒေါ်လာသန်း ၁၄၀ ခန့်တန်ဖိုးရှိ ဂျပန်ယန်း ၁၅ ဘီလီယံထောက်ပံ့မယ့်စီမံကိန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)က ဆိုင်းငံ့လိုက်တယ်လို့ စစ်​ကောင်စီရဲ့ မြန်မာ့စီးပွားရေးဘဏ်(MEB) က စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)ရုံးအဆောက်အဦကို တွေ့ရစဉ်။ ဓာတ်ပုံ − JICA

စက်တင်ဘာ−၁၀၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

အမေရိကန်ဒေါ်လာသန်း ၁၄၀ ခန့်တန်ဖိုးရှိ ဂျပန်ယန်း ၁၅ ဘီလီယံထောက်ပံ့မယ့်စီမံကိန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)က ဆိုင်းငံ့လိုက်တယ်လို့ စစ်​ကောင်စီရဲ့ မြန်မာ့စီးပွားရေးဘဏ်(MEB) က စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

JICA ရဲ့ပင်လယ်ရပ်ခြားဖွံ့ဖြိုးမှုအစီအစဥ်​ချေး​ငွေ(ODA) ​အောက်က အ​သေးစားအလတ်စား-SME ချေးငွေစီမံကိန်း အစီအစဉ်ကနေ ပြည်တွင်းက အသေးစား၊အလတ်စားစီးပွားရေးလုပ်ငန်းရှင်တွေကို မြန်မာ့စီးပွားရေးဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေကနေတဆင့် ထုတ်ချေးနေတာလို့ ဆိုပါတယ်။

၂၀၂၀ နိုဝင်ဘာ ၄ရက်က ဂျပန်နိုင်ငံအစိုးရကိုယ်စား ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)နဲ့ မြန်မာနိုင်ငံအစိုးရကိုယ်စား ငွေတိုက်ဦးစီးဌာနတို့အကြား SME ချေးငွေစာချုပ်(Loan Agreement)ကို ချုပ်ဆိုခဲ့တာပါ။ ဒါ​ပေမယ့်ချေးငွေဆက်ထုတ်ပေးမယ့်အစီအစဉ်တွေကို JICAက ယာယီဆိုင်းငံ့ထားလိုက်တယ်လို့ မြန်မာ့စီးပွား​ရေးဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ဆိုင်းငံ့လိုက်တဲ့ ရက်စွဲ နဲ့အကြောင်းအရင်းကိုတော့ ထုတ်ပြန်ချက်မှာ မပါရှိပါဘူး။ဒါ နဲ့ ပတ်သက်ပြီး မြန်မာ့စီးပွား​ရေးဘဏ် နဲ့ JICA တို့ကို လူထုနွေဦးက ဆက်သွ​ယ်​မေးမြန်းဖို့ကြိုးစား​နေဆဲ ဖြစ်ပါတယ်။

ပြည်တွင်းက အသေးစားနဲ့အလတ်စားလုပ်ငန်းတွေ ရပ်တည်ရှင်သန်နိုင်ရေး အပါအဝင် ပြည်တွင်းထုတ်ကုန်တွေ တိုးတက်လာဖို့ရည်ရွယ်ချက်နဲ့ JICAက ၂၀၁၅ကစပြီး အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းသာရှိတဲ့ နှစ်​ရှည်ချေးငွေတွေ မြန်မာနိုင်ငံကို ပေးခဲ့ပါတယ်။

မြန်မာ့စီးပွား​ရေးဘဏ်ရဲ့စာရင်းအချက်အလက်တွေအရ SMEစီမံကိန်း အဆင့် ၁ ချေးငွေတွင် ဂျပန်ယန်း ၄ ဒသမ ၇၇၄ ဘီလီယံနဲ့ ၂၀၁၈က အဆင့် ၂ ချေးငွေအဖြစ် ဂျပန်ယန်း ၁၄ ဒသမ ၅ ဘီလီယံပေးခဲ့တယ်လို့ သိရပါတယ်။

JICAဘက်ကထုတ်ပြန်ချက်တွေအရရွေး​ကောက်ခံ အရပ်သားအစိုးရလက်ထက်ဖြစ်တဲ့၂၀၂၀ နိုဝင်ဘာ ၄ ရက်က မြန်မာအစိုးရနဲ့ စီမံကိန်းနှစ်ခုအတွက်စာချုပ်ချုပ်ခဲ့ပြီး အသေးစား၊အလတ်စားလုပ်ငန်း နဲ့ ပဲခူး-ကျိုက်ထို အဝေးပြေးလမ်းပိုင်းသစ်တည် ဆောက်ရေးဖြစ်တယ်လို့ တွေ့ရှိပါတယ်။

စာချုပ်ပါအချက်အလက်တွေအရ ပဲခူး-ကျိုက်ထို အဝေးပြေးလမ်းပိုင်းအတွက် ယန်း ၂၇ ဒသမ ၇၇၉ ဘီလီယံ(ဒေါ်လာသန်း ၂၆၀ )ဝန်းကျင်၊အသေးစားအလတ်စားလုပ်ငန်းရှင်တွေအတွက် ဂျပန်ယန်း ၁၅ ဘီလီယံ ကို နှစ်စဥ်အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်း၊ပြန်ဆပ်ရမယ့်ကာလကြာချိန် နှစ် ၄၀ နဲ့ ချေးငွေအတွက်မည်သည့်ချုပ်နှောင်မှုမှ မရှိဘူးလို့ ပါရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်က လက်နက်ငယ်များ၊(၆၀) မမများဖြင့် ပြန်လည်ပစ်ခဲ့၍ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မဟာမိတ်အဖွဲ့များက ပြောသည်။

သတင်း

တိုက်ခိုက်မှုကြောင့် ထိခိုက်မှုကို အတိအကျမသိရသေးဘဲ စစ်ကောင်စီတပ်က ကားလေးစီး၊ အင်အား ၂၀ခန့်ဖြင့် ပိတ်ဆို့ရှာ‌ဖွေနေ၍ ပြည်သူများအနေဖြင့် ယင်းနေရာကိုဖြတ်သန်းခြင်းမပြုရန် PSTF က သတိပေးထားသည်။

သတင်း

True Fighter မြို့ပြပြောက်ကျားအဖွဲ့သည် မြို့ပေါ်တင် စစ်တင်ရေး ၄၀ကျော် ဆောင်ရွက်နိုင်ခဲ့ပြီး ခဲယမ်းလိုအပ်ချက်များရှိနေကြောင်း အသိပေးထားသည်။

သတင်း

ထွန်းထွန်းနိုင်သည် အသက်(၄၇)နှစ်အရွယ်ရှိပြီး ကလေးခရိုင်အတွင်း စစ်ကောင်စီ၏ အကြီးစားထောက်တိုင်တစ်ဦးဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။

Facebook