close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး လက်နက်များယူလာပြီး CDF ဟားခါးထံ အလင်းဝင်၊ ပြည်သူ့စစ်တစ်ဦးလည်း ဖမ်းမိ

စစ်ကောင်စီတပ်မှ တပ်သား တစ်ဦးနှင့် ရဲ တစ်ဦးတို့ လက်နက်များယူလာပြီး အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၆ရက်တွင် ဟားခါးမြို့ရှိ ရဲတစ်ဦးအလင်းဝင်ရောက်လာစဉ်။ ဓာတ်ပုံ - Chinland Defense Force - Hakha

ဇူလိုင်-၁၄၊၂၀၂၅။ထားမြတ်/People’s Spring

စစ်ကောင်စီတပ်မှ တပ်သား တစ်ဦးနှင့် ရဲ တစ်ဦးတို့ လက်နက်များယူလာပြီး အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက သတင်းထုတ်ပြန်သည်။

ဇူလိုင် ၁၀ရက်က ဟားခါးမြို့ရှိ စစ်သား တစ်ဦး၊ ဇူလိုင် ၆ရက်က ဟားခါးမြို့ရှိ ရဲတစ်ဦးသည် စစ်ကောင်စီကို ဆန့်ကျင်ပြီး ပြည်သူ့တော်လှန်ရေးသို့ ပူးပေါင်းပါဝင်ရန် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည်ဟု အသိပေးသည်။

ဇူလိုင် ၁၃ရက် ယမန်နေ့တွင်လည်း ဟားခါးမြို့တွင်းရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် တစ်ဦးကိုဖမ်းမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

CDF ဟားခါးအနေဖြင့် အလင်းဝင်လာသူများကို ငွေသားဆုပေးအပ်ခဲ့သည့်အပြင် လုံခြုံသည့်နေရာအထိ ရောက်သည်အထိ တာဝန်ယူ ဆောင်ရွက်ပေးမည်ဟုလည်း ဖော်ပြသည်။

ထို့ပြင် စစ်ကောင်စီ လက်အောက်မှ တာဝန်မထမ်းဆောင်ချင်ဘဲ ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းချင်သူများကို အမြဲတမ်းကြိုဆိုနေကြောင်း အသိပေးကြေညာသည်။

ဟားခါးမြို့နယ်တွင် စစ်ကောင်စီတပ်သားနှင့် ရဲများ CDFထံ အလင်းဝင်ရောက်သည့် ဖြစ်စဉ်များ မကြာခဏ ရှိခဲ့သည်။ မေလ ၃၁ရက်က ဟားခါးမြို့ရှိ ရဲ တစ်ဦး လက်နက်ခဲယမ်းများ ယူလာပြီး အလင်းဝင်ခဲ့သည်။ မေလလယ်ကလည်း စစ်သား ၂ဦးနှင့် ရဲ တစ်ဦး တော်လှန်ရေးဘက် ပူးပေါင်းလာခဲ့ပြီး မေလ ၁၅ရက်တွင် စစ်ကောင်စီတပ်သား တစ်ဦးကို ဖမ်းဆီးရရှိခဲ့သည်။

မေလ ၁ရက်ကလည်း ပြည်သူဟန်ဆောင် ထောက်လှမ်းနေသည့် ရဲ နှစ်ဦးကို CDF ဟားခါးက ဖမ်းမိခဲ့သည်။

ဧပြီ ၂၁ရက်ကလည်း ဟားခါးမြို့ ရှိ ရဲ နှစ်ဦးကို CDF ဟားခါးက ဖမ်းဆီးခဲ့သည်။ ဧပြီ ၁၃ရက်တွင်မူ စစ်ကောင်စီတပ်သာသစ် ပြည်သူ့စစ် သုံးဦး CDF ဟားခါးထံ အလင်းဝင်ခဲ့သည်။ ဧပြီ ၆ရက်ကလည်း ရဲ တစ်ဦး လက်နက်များ ယူလာပြီး CDF ဟားခါးထံ အလင်းဝင်ခဲ့သည်။

CDF ဟားခါးအနေဖြင့်လည်း အလင်းဝင်လာသူများကို နွေးထွေးစွာကြိုဆိုပြီး ဘေးကင်းလုံခြုံရာသို့ပို့ဆောင်ပေးမည်ဟု ထုတ်ပြန်ထားသကဲ့သို့ ပြည်သူကို ဒုက္ခပေးနေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အရေးယူမည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အညာတနေရာက ရွာတရွာမှာ ရွာသူရွာသားတွေ မြေကျင်းနက်နက်တူးနေကြတယ်။ ထွက်လာတဲ့မြေသားတွေကို မိန်းမသားတွေပါမကျန် ချွေးသံတရွှဲရွှဲနဲ့ သယ်ကြဖို့ကြတယ်။ ဒီအချိန်ဒီကာလ အညာမှာ အာစီတိုက်ဆောက်မလို့ ဖောင်ဒေးရှင်းကန်တူးတာတော့ မဟုတ်ပါဘူး။ စာသင်တာကိုတောင် လေကြောင်းနဲ့တိုက်ခိုက်၊ အသက်တွေရင်းပြီး ပညာသင်နေရတဲ့ အညာက ကလေးငယ်တွေအတွက် မြေအောက်စာသင်ကျောင်းကို စတင်ဆောက်လုပ်နေကြတာပါ။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြိုနှင့် စစ်ကိုင်းတိုင်း ကောလင်းနှင့် ကနီမြို့နယ်တို့ကို ယ‌နေ့( ဇူလိုင် ၁၄ရက်) ညနေပိုင်းတွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား နှစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။

သတင်း

စစ်ကောင်စီက ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီတိုင်းက Non-CDM ဝန်ထမ်းတွေကို ရွေးကောက်ပွဲသင်တန်း တက်ခိုင်းနေပြီး သင်တန်းမတက်ချင်လို့ ဝန်ထမ်းတွေကြား သဘောထားကွဲလွဲတာတွေ ဖြစ်ပွားနေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်သားနှင့် ပျူ ၄ဦး​သေဆုံးပြီး ​သေနက် ၃ လက်သိမ်းဆည်းရရှိ​ကြောင်းထုတ်ပြန်