ဇူလိုင်-၁၄၊၂၀၂၅။ကဖေး/People’s Spring
ဇီးကုန်းမြို့အထက (၁)တွင်တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကစီးနင်းတိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိခဲ့သည်။
ကန့်ဘလူခရိုင်လှုပ်ရှားပကဖဗိုလ်ရသ(ခ)ဗိုလ်ပိုင်ချဲ့အဖွဲ့နှင့်ရေဦးနယ် ဓူဝံပကဖဂျာဂျာအဖွဲ့ကဇူလိုင်လ ၁၄ရက် နေ့ခင်း ၁နာရီခွဲအချိန်တွင် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“စိတ်လှုပ်ရှားစရာတိုက်ပွဲပဲ” ဟုကန့်ဘလူမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement
ပြည်သူ့ကာကွယ်ရေးရဲဘော်များသည် ကားတစ်စီးပေါ်တွင် ပုန်းအောင်း၍လိုက်လာပြီး စစ်သားနှင့် ပျူစောထီးပူးပေါင်းတပ်စွဲထားသောကျောင်းရှေ့အရောက်၌ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်။ အရပ် ဝတ် ဝတ်ထားသော စစ်သားနှင့်ပျူစောထီးများမှာ အငိုက်မိပြီး တိုက်ခိုက်ခံရချိန်တွင်ကျောင်းထဲဝင်ပြေးကြသည်ကိုရုပ်သံမှတ်တမ်း၌တွေ့ရသည်။
စစ်သားနှင့်ပျူစောထီးပူးပေါင်းတပ်မှလေးဦးသေဆုံးပြီး တစ်ဦးထွက်ပြေးလွတ်မြောက်ခဲ့သည်ဟုဆိုသည်။ ကာဘိုင်နှစ်လတ်၊ Akတစ်လတ် အိုက်ကွန်နှစ်လုံးသိမ်းဆည်းရရှိပြီး ကာကွယ်ရေး ရဲဘော်များအထိခိုက်မရှိကြောင်း တိုက်ခိုက်ခဲ့သည့်ရဲဘော်များက ရုပ်သံမှတ်တမ်းနဲ့အတူထုတ်ပြန်ထားသည်။ရုပ်သံမှတ်တမ်းကို People’sSpring တယ်လီဂရန် https://t.me/PeopleSpring/82264 တွင်ဖော်ပြထားပါသည်။
ပြောင်မြောက်သည့်စစ်ဆင်ရေးအတွက် ဂုဏ်ယူကြောင်း ဒေသတွင်းမှတော်လှန်ရေးအင်အားစုများက လူမှုကွန်ရက်တွင်ချီးကျူးနေကြသည်။
ဇီးကုန်းမြို့သည် ကန့်ဘလူမြို့နယ်တွင်ပါဝင်ပြီး ပြည်သူ့စစ်များ၊ ပျူစောထီးများအကူအညီဖြင့် စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့စစ်သားနဲ့ ပျူစောထီးများတပ်စွဲရာနေရာကို ပကဖ များ စီးနင်းတိုက်ခိုက်စဥ် ။ရုပ်သံ-ကန့်ဘလူခရိုင် လှုပ်ရှား ပကဖ ၊ ဓူဝံ။
