ဇူလိုင်-၁၉၊ ၂၀၂၅။ကျော်ဇော/People’s Spring
ဒီနေ့ကျရောက်တဲ့(၇၈)နှစ်မြောက်အာဇာနည်နေ့မှာ တနသ်ာရီတိုင်း၊ ပုလောမြို့နယ်ရှိ မိမ္မမြို့ကျေးရွာကို စစ်ကောင်စီတပ်ကလေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်တဲ့အပြင် စစ်သေနတ်တွေနဲ့ပါပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူလေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ PDF မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဇူလိုင် ၁၉ ရက် ဒီကနေ့မနက် ၁၀ နာရီခွဲလောက်မှာ ပုလောမြို့နယ်၊ ပလမြို့အနီးတည်ရှိတဲ့ မိမ္မမြို့ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ လာရောက်ဗုံးကြဲတာဖြစ်ပြီး စစ်သေနတ်တွေနဲ့ပါ တရစပ်ပစ်ခတ်သွားတယ်လို့ ဆိုပါတယ်။
“အဲဒီရွာက ပလ(မြို့)နားမှာရှိတယ်။ ရွာကသေးသေးလေး အိမ်ခြေ ၁၀၀ လောက်ပဲရှိမယ်။ အိမ်တွေက ဟိုတစ်စုဒီတစ်စုနဲ့”လို့ လေကြောင်းတိုက်ခိုက်ခံရတဲ့ မိမ္မမြို့ကျေးရွာအခြေအနေကို မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement
မိမ္မမြို့ကျေးရွာကို စစ်ကောင်စီလေတပ်က တိုက်ပွဲမရှိဘဲ အကြောင်းမဲ့လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဖြစ်ပြီး အဲဒီတိုက်ခိုက်မှုကြောင့် ပြည်သူလေးဦးထက်မနည်းသေဆုံးကာ နေအိမ်သုံးလုံး ထိခိုက်ပျက်စီးသွားတယ်လို့ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။
“လက်ရှိ ကျွန်တော်တို့ ကောက်ယူထားတဲ့ စာ ရင်းအရ နေအိမ် ၃ ဆောင်ပျက်စီးတယ်။ လူအထိအခိုက်က တိုးလာဖို့ရှိတယ်။ ကယ်ဆယ်ရေးလုပ်နေတုန်းပါ”လို့ အမှတ် (၁)တပ်ရင်းရဲ့ ပြန် ကြားရေးတာဝန်ခံက ရှင်းပြပါတယ်။
ပုလောမြို့နယ်၊ ရှပ်ပုံရွာမှာလည်း ဇူလိုင် ၁၂ ရက်ကနေ ၁၄ ရက်အထိစစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ရမ်းပစ်တာ၊ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင့် တော် လှန်ရေးရဲဘော်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ပြည်သူလေးဦးထိခိုက်ဒဏ်ရာရတဲ့အပြင် နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။
