close
Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည် အာဇာနည်နေ့ အခမ်းအနားတက်ခွင့်မရတာ ၅ နှစ်ရှိပြီ

ဒီနေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့ အခမ်းအနားကို စစ်ကောင်စီ ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ယခင်နှစ်တွေနည်းတူ တက်ရောက်ခွင့် မပေးခဲ့တာကို စစ်ကောင်စီက ထုတ်လွင့်တဲ့ အာဇာနည်နေ့ အခမ်းအနား မြင်ကွင်းအရ သိရပါတယ်။

Myanmar State Counsellor and Foreign Minister Aung San Suu Kyi pays her respects to her late father during a ceremony to mark the 71st anniversary of Martyrs' Day in Yangon on July 19, 2018. - Myanmar observes the 71st anniversary of Martyrs' Day, marking the assassination of independence heroes including Aung San Suu Kyi's father, who helped end British colonial rule. (Photo by YE AUNG THU / AFP) (Photo by YE AUNG THU/AFP via Getty Images)

ဇူလိုင် – ၁၉ ၊၂၀၂၅/People’s Spring

ဒီနေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့ အခမ်းအနားကို စစ်ကောင်စီ ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ယခင်နှစ်တွေနည်းတူ တက်ရောက်ခွင့် မပေးခဲ့တာကို စစ်ကောင်စီက ထုတ်လွင့်တဲ့ အာဇာနည်နေ့ အခမ်းအနား မြင်ကွင်းအရ သိရပါတယ်။

ဒါဟာ ဒီနှစ်နဲ့ ဆိုရင် စစ်တပ်အာဏာသိမ်းပြီးနောက် အာဇာနည်နေ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ခွင့်မရတာဟာ ၅ နှစ်ရှိလာတာပါ။

စစ်တပ်ရဲ့ တကျော့ပြန်အာဏာသိမ်းထားချိန်အတွင်း အာဇာနည်နေ့ အခမ်းအနား တွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို တက်ခွင့် မပေးသလို ကိုယ်စား လွမ်းသူပန်းခွေချခွင့်လည်းမပေးပါဘူး။

Public Service Announcement

Public Service Announcement

ဒီနှစ် အာဇာနည်နေ့ကို အာဏာသိမ်းစစ်ခေါင်းဆောင် လည်း တက်ရောက်လာပါတယ်။ ဒါဟာ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် အဖြစ် အာဇာနည်နေ့ အခမ်းအနားမှာလူလုံးထွက်ပြတာလည်းဖြစ်ပါတယ်။

အရင်နှစ်တွေကတော့ စစ်တပ်ရဲ့ နံပါတ်သုံး အဆင့်ရှိသူ ကြည်း၊ ရေ ၊ လေ ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးအဆင့်သာ တက်ရောက်စေခဲ့တာပါ။ ရွေးကောက်ခံ NLD အရပ်သားအစိုးရ လက်ထက်က အာဇာနည်နေ့ အခမ်းအနားကို သမ္မတ ကိုယ်တိုင် တက်ရောက်ပြီး အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂါရဝပြုတာပါ။

အာဏာသိမ်းစစ်ခေါင်းဆောင်က အာဇာနည်နေ့ကို သူကိုယ်တိုင်တက်ရောက်ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူကို တက်ရောက်ခွင့်မပေးဘဲ ဖမ်းဆီးအကျဉ်းချ ချုပ်နှောင်ထားပါတယ်။ အခုနှစ်နဲ့ဆိုရင် စစ်တပ် တကျော့ပြန်အာဏာသိမ်းပြီးနောက် အာဇာနည်နေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကို လူထုက တွေ့မြင်ခွင့်မရတာ ၅ နှစ်မြောက်လည်းဖြစ်ပါတယ်။

ယခင် စစ်အစိုးရ လက်ထက်က နေအိမ်အကျယ်ချုပ်ချထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အာဇာနည်နေ့ အခမ်းအနား တက်ခွင့် ပေးခဲ့ပြီး လူထုက ဇူလိုင် ၁၉ ရက် ရောက်တိုင်း ဒေါ်အောင်ဆန်းစုကြည်ကို မြင်တွေ့ရဖို့ စစ်တပ်ရဲ့ ညပိုင်း ရုပ်မြင်သံကြားသတင်းကို စောင့်ကြည်ခဲ့ရတာပါ။

တကျော့ပြန် စစ်တပ်အာဏာသိမ်းချိန်မှာတော့ စစ်ကောင်စီ က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မထားတဲ့အပြင် ပုဒ်မမျိုးစုံနဲ့ ထောင်ဒဏ် နှစ် ၃၀ ကျော် ချပြီး ထောင်တွင်းအကျဉ်းချထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာ အကျဉ်းချထားဆိုတာကိုလည်း စစ်ကောင်စီက အများပြည်သူသိရှိအောင် ထုတ်ပြောတာမရှိပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ဒီနေ့ကျရောက်တဲ့(၇၈)နှစ်မြောက်အာဇာနည်နေ့မှာ တနသ်ာရီတိုင်း၊ ပုလောမြို့နယ်ရှိ မိမ္မမြို့ကျေးရွာကို စစ်ကောင်စီတပ်ကလေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်တဲ့အပြင် စစ်သေနတ်တွေနဲ့ပါပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူလေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ PDF မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်တွင်ယနေ့ကျရောက်သော(၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးခဲ့သောအာဇာနည်များကို ဦးညွှတ်အလေးပြုခြင်းနှင့် အကြမ်းဖက်စစ်ကောင်စီ ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း ဖားကန့်မှော်လှည့်သပိတ်ကဆန္ဒထုတ်ဖော်ခဲ့ကြသည်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ကို ထောင်တွင်းမှာ ကဗျာရွတ်ဆို ဂုဏ်ပြုခဲ့ကြတဲ့ မြင်းခြံထောင်က နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ပြီး ခြေချင်းခတ်ကာ တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဒီနေ့ (ဇူလိုင် ၂ရက် ) မှာ ထုတ်ပြန်အသိပေးပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အချုပ်ထောင်နှင့် (၁၄)မိုင်အကွာရှိ လျှို့ဝှက်နေရာ၌ ဖမ်းဆီးချုပ်နှောင်ထားပြီးအဆိုပါဖြစ်ပေါ်လာနိုင်သည့်နောက်ဆက်တွဲအခြေအနေများနှင့်ပတ်သက်၍အဓိကတာဝန်ယူကြရမည့်အမည်စာရင်းကို မြန်မာ့အကျဉ်းထောင်သက်သေ(MPW)အဖွဲ့အစည်းက ယ​နေ့ထုတ်ပြန်သည်။