ဇူလိုင်-၁၅၊ ၂၀၂၅။ People’s Spring
မကွေးတိုင်း၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ စစ်ကောင်စီ၏ နတ်ရေကန်ဗျူဟာသို့ စေလွှတ်ခံရပြီး လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ဘက်ပူးပေါင်းလာသော စစ်ကောင်စီ တပ်သားသစ်တစ်ဦးသည် တော်လှန်ရေးရဲဘော်အဖြစ်ခံယူကာ စစ်တပ်ကို ပြန်လည်တိုက်ခိုက်သွားရန် ၎င်း၏ဆန္ဒအလျှောက်ရွေးချယ်ထားကြောင်း ၎င်းအားလက်ခံထားသည့် သရက်ခရိုင် အမှတ်(၄) တပ်ရင်းက အသိပေးသည်။
သရက်မြို့တွင် စစ်ကောင်စီတပ်၏ အတင်းအ ဓမ္မဖမ်းဆီးခံရပြီး စစ်မှုထမ်းသင်တန်းပို့ခံခဲ့ရသော အသက်(၂၄)နှစ်အရွယ် ကိုမောင်(အမည်လွှဲ)သည် ရှေ့တန်းကင်းကျချိန် MA1 (၁)လက်၊ MA ကျည်ဘောက် (၃)ခု၊ 5.56ကျည် (၁၀၀) တောင့်၊ အီကွယ်မန့် (၁)ခုတို့နှင့်အတူ ထွက်ပြေးလာခဲ့ပြီး သရက်ခရိုင် PDF အမှတ်(၄)တပ်ရင်းသို့ ဇွန်လ ၂၅ ရက်တွင် ဝင်ရောက်ခိုလှုံလာခြင်း ဖြစ်သည်။

“သူက သူ့ဒေသသူ မပြန်တော့ပါဘူး။ ကျနော်တို့ တပ်ရင်းထဲမှာပဲနေပြီး စကစ ကို ပြန်တော်လှန်သွားပါမယ်”ဟု အလင်းဝင်တပ်သား၏ ရပ်တည်ချက်နှင့်စပ်လျဥ်းပြီး အမှတ်(၄)တပ် ရင်းပြန်ကြားရေးတာဝန်ခံ ကိုမြတ်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
သရက်ခရိုင် အမှတ် (၄) တပ်ရင်း အနေဖြင့် အလင်းဝင်ရောက်လာသူအား ကောင်းမွန်စွာ လက်ခံကြိုဆိုပြီး ဆုကြေးငွေ ကျပ်သန်း (၃၀) ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း ၎င်းတပ်ရင်းက အသိ ပေးသည်။
ယခင်ကလည်း ရခိုင်ပြည်နယ်၊ တောင်ကုတ်တပ်နယ်မှ စစ်ကောင်စီ စရဖ တစ်ဦးနှင့် စစ်မှု ထမ်းတပ်သား(ပစ)တစ်ဦး သရက်ခရိုင် အမှတ် (၄)တပ်ရင်းထံသို့ MA3 တစ်လက်၊ ပစ္စတိုတစ်လက်အတူ အလင်းဝင်ရောက်လာရာ တပ်ရင်းမှ ကျပ်သိန်း (၇၀)ချီးမြှင့်ခဲ့သေးသည်။
သို့ဖြစ်ရာ အကြမ်းဖက်စစ်ကောင်စီ လက် အောက်မှ ရုန်းထွက်ပြီး ပြည်သူ့ဘက်သို့ ကူး ပြောင်းလိုသူများအနေနှင့် သရက်ခရိုင် အမှတ် (၄)တပ်ရင်းထံသို့ ဆက်သွယ်လာပါက အ ကောင်းဆုံးချိတ်ဆက်၍ ခေါ်ယူပေးနေကြောင်းအသိပေးထုတ်ပြန်ထားသည်။
