ဇူလိုင် ၁၉၊၂၀၂၅။ သုည/People’s Spring
ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်တွင်ယနေ့ကျရောက်သော(၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးခဲ့သောအာဇာနည်များကို ဦးညွှတ်အလေးပြုခြင်းနှင့် အကြမ်းဖက်စစ်ကောင်စီ ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း ဖားကန့်မှော်လှည့်သပိတ်ကဆန္ဒထုတ်ဖော်ခဲ့ကြသည်။
မှော်လှည့်သပိတ်တွင် ပါဝင်သူများက “အာဇာနည်တို့ မျှော်ရည်ချက်၊ ပြည်သူ့အားနဲ့ ရှေ့ချီတက်” ၊ “ဘယ်အာဏာရှင် စနစ်မှ အလိုမရှိ” ၊ “ဖိနှိပ်သူတွေ စည်းလုံးရင်၊ ဖိနှိပ်ခံတွေ တော်လှန်ကြ” စသည့် စာတန်းများကိုင်ဆောင်၍ဆန္ဒပြခဲ့ကြသည်။
ထို့အပြင် ချီတက်ဆန္ဒပြရာ လမ်းတစ်လျှောက်တွင် “ပြည်သူ့ဘက်ကို မျက်နှာမူပါ၊ ပြည်သူ့ကျိန်စာမစူးပါစေနဲ့” ၊ “တရားမဝင်အတုအယောင် ရွေးကောက်ပွဲ၊ လူထုအားနဲ့ တိုက်ဖျက်ကြဟေ့”ဟု ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

Public Service Announcement
ဓာတ်ပုံ – စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုကွန်ရက် – ဖားကန့်မြို့နယ်
