သတင်း စစ်ကိုင်းတိုင်းမှာ ဒေသခံပြည်သူတွေ အာဇာနည်နေ့ အထိမ်းအမှတ် လှုပ်ရှားမှု ပြုလုပ် စစ်ကိုင်းတိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေဟာ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။ ludunwayoo1 ရက် ago
သတင်း အမေရိကန်၊ ဩစတေးလျနဲ့ မလေးရှားနိုင်ငံမှာ အာဇာနည်နေ့ အထိမ်းအမှတ် ပြုလုပ် အမေရိကန်၊ ဩစတေးလျနဲ့ မလေးရှားနိုင်ငံတို့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ စုပေါင်းပြီး (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားနဲ့ လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။ ludunwayoo1 ရက် ago
သတင်း မုံရွာခရိုင်တပ်ရင်းတွေရဲ့ အာဇာနည်နေ့ အခမ်းအနား မုံရွာခရိုင် အမှတ်(၈၉၊၁၀၊၁၁၊၁၂၊၁၅)တပ်ရင်းတွေ စုပေါင်းပြီး ဒီကနေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့ အခမ်းအနားကို တော်လှန်ရေးဒေသတစ်ခုမှာ ပြုလုပ်ခဲ့ကြပါတယ်။ ludunwayoo1 ရက် ago
သတင်း မြိုင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးနေတဲ့ကြားက အာဇာနည်နေ့ အခမ်းအနားပြုလုပ် မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးနေတဲ့ကြားက အာဇာနည်နေ့ အခမ်းအနားကို တော် လှန်ရေးအင်အားစုတွေ ကျင်းပခဲ့ပါတယ်။ ludunwayoo1 ရက် ago
သတင်း ကျဆုံးရဲဘော်တွေနဲ့ ရဲဘော်တွေရဲ့မိဘတွေကို အာဇာနည်နေ့မှာ ရွှေဘိုပကဖ ဂါဝရပြု ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဟာ ဒီကနေ့မှာ ကျရောက်တဲ့ (၇၉) နှစ်မြောက် အာဇာနည်နေ့မှာ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်အချို့ရဲ့ ဗိမာန်တွေဆီ သွားပြီး ဂါရဝပြုခဲ့ကြပါတယ်။ ဒါ့အပြင် ကျဆုံးရဲဘော်တွေရဲ့ ကျန်ရစ်သူ မိဘတွေကိုလည်း သွားရောက်ကန်တော့ခဲ့ကြတယ်လို့ သိရပါတယ်။ ludunwayoo1 ရက် ago
သတင်း ဖားကန့်မြို့နယ်မှာ အာဇာနည်နေ့ကို ဂုဏ်ပြုရင်း၊ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ရှုတ်ချ ကချင်ပြညနယ်၊ဖားကန့်မြို့နယ်မှာ၊ဖားကန့်မှော်လှည့်သပိတ် စစ်ကြောင်းမှတော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၁၉) အာဇာနည်နေ့မှာ အာဇာနည်သူရဲကောင်းတွေကို အလေးပြုခြင်းနဲ့အတူ မြစ်ဆုံစီမံကိန်းအား လုံးဝလက်မခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ludunwayoo1 ရက် ago
သတင်း အာဇာနည်ခေါင်းဆောင်တွေကို ရန်ကုန်မှာကားဟွန်းတီး အလေးပြု ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်တွေ ကျဆုံးခဲ့တာ ၇၉ နှစ်မြောက်အာဇာနည်နေ့ ဒီကနေ့နံနက် ၁၀ နာရီ ၃၇ မိနစ်က ရန်ကုန်မြို့ မှာကားတွေကရပ်တန့်ပြီး ဟွန်းတီး အလေးပြုခဲ့ကြပါတယ်။ ludunwayoo1 ရက် ago
သတင်း မန္တလေးမြို့ အာဇာနည်နေ့မှာ စစ်တပ်က အင်အားအပြားနဲ့ တင်းကျပ်စွာ စစ်ဆေးနေ ဒီကနေ့ ကျရောက်တဲ့ (၇၉) နှစ်မြောက် အာဇာနည်နေ့မှာ မန္တလေးမြို့က အာဏာသိမ်းစစ်တပ်က လုံခြုံရေး အများအပြားတင်းကျပ်စွာ ချထားပြီး စစ်ဆေးနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ludunwayoo1 ရက် ago
သတင်း ရန်ကုန်မြို့မှာ ဖုန်းလိုင်းတွေ ပြတ်တောက် ရန်ကုန်မြို့မြို့နယ်အများစုမှာ အာဇာနည်နေ့ နံနက်ပိုင်းက ဖုန်းလိုင်းတွေ တစ်နာရီနီးပါး လိုင်းပြတ်တောက်နေကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။ ludunwayoo1 ရက် ago
သတင်း အာဇာနည်နေ့အကြို လူထုလှုပ်ရှားမှုတွေ စစ်ကိုင်းတိုင်းမှာ ပြုလုပ် စစ်ကိုင်းတိုင်းအတွင်း ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက "အာဇာနည်တိုင်း သမိုင်းမသေ"ဆိုတဲ့ အာဇာနည်နေ့အကြို လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၁၈)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။ ludunwayoo2 ရက် ago