close
Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ်တွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးနှင့် ဗုံးသီးထိမှန်ပြီး နှစ်ဦးသေဆုံး၊ လေးဦးထိခိုက်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ရှပ်ပုံရွာတွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးနှင့် ဗုံးသီးထိမှန်ပြီး နှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးစထိမှန်၍ ထိခိုက်ပျက်စီးသွားသော နေအိမ်တစ်လုံးကိုတွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့

ဇူလိုင်-၁၈၊ ၂၀၂၅။ ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ရှပ်ပုံရွာတွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးနှင့် ဗုံးသီးထိမှန်ပြီး နှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ပုလောမြို့နယ်အခြေစိုက် ခလရ ၂၈၅ တပ်နှင့် ရှပ်ပုံရွာ၊ ဝါတန်းဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်များက ရှပ်ပုံရွာအတွင်းသို့ ဇူလိုင် ၁၂၊ ၁၃ နှင့် ၁၄ ရက်များတွင် လက် နက်ကြီးပစ်ခတ်ခြင်းနှင့် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ခြင်းဟု အထက်ပါ သတင်းရင်းမြစ်များက ပြောသည်။

“၁၂၊ ၁၃၊ ၁၄ ရက်တွေမှာ ဖြစ်ခဲ့တာခင်ဗျ။ လက်နက်ကြီး၊ ဒရုန်းကလည်း တနေကုန်နီးပါး တိုက်ခိုက်ခဲ့တာ”ဟု ပုလောမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးနှင့် ဒရုန်းဗုံးသီးများသည် ရှပ်ပုံရွာ ဆီတောင်နှင့် ဝါတန်းရပ်များသို့ ကျရောက်ပြီး အမျိုးသားတစ်ဦးသေဆုံးကာ သက်ကြီးပိုင်းတစ်ဦးအပါအဝင် အမျိုးသမီးသုံးဦးနှင့် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာများရခဲ့ကြောင်း ၎င်းက ဆက်ပြော သည်။

ထို့အပြင် ဇူလိုင် ၁၂ ရက် ညနေပိုင်းက ရှပ်ပုံရွာအနီး၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ပစ်ခတ်သည့် ဒရုန်းဗုံးသီးထိမှန်၍ ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးအခြေအနေကို မသိရသေးပေ။

အထက်ပါ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုနှင့် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုများတွင် ရှပ်ပုံကျေးရွာမှ ပြည်သူပိုင်နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူများလည်း ဘေးလွတ်ရာထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းမြောက်က နောင်ချိုမြို့ကို ဝင်ရောက်လာတဲ့စစ်တပ်က မြို့ပေါ်မှာကျန်နေတဲ့ လူအနည်းငယ်ကို ဒန်ပေါက်ကျွေးပြီး ဝါဒဖြန့်စည်းရုံးနေကာ တဖက်မှာလည်း စစ်ဘေးရှောင်ကြတဲ့ လူမရှိတဲ့နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတယ်လို့ နောင်ချိုမြို့ခံတွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီက ယနေ့ (ဇူလိုင် ၁၈ရက်)ညနေ ကျောင်းဆင်းချိန်၌ စာသင်ကျောင်းအနီးအား လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားငါးဦး ဒဏ်ရာရခဲ့ပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများအနီး မိုင်းများထောင်ထားပြီး ယနေ့(ဇူလိုင် ၁၈ရက်) နေ့လည်ပိုင်းတွင် အမျိုးသားတစ်ဦးမိုင်းနင်းမိ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

ကရင်နီပြည်၌ ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကွင်းဆင်းဆောင်ရွက်နေစဉ် စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့် ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီ၏ ဆေးခန်းတာဝန်ခံ Soe Reh ကျဆုံးသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။