ဇူလိုင် – ၁၈၊၂၀၂၅။ရဲခေါင်/ People’s Spring
မန္တလေးတိုင်း၊တောင်သာမြို့ပေါ်က စီးပွားရေးဘဏ်ရဲ့ စစ်တပ်ဘန်ကာဂိတ်ကိုလက်ပစ်ဗုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ တောင်သာ ပကဖ က ထုတ်ပြန်ပါတယ်။
ပျောက်ကြားမစ်ရှင်အဖြစ်နဲ့ဇူလိုင်၁၈ ရက်မွန်းလွဲ ၂ နာရီခွဲဝန်းကျင်က တိုက်ခိုက်မှုမှာ ရဲတစ်ဦးသေပြီး နှစ်ဦးပြင်းထန် ဒဏ်ရာရတယ်လို့ဆိုပါတယ်။
“အဲဒီဂိတ်မှာက ရခ လေးငါးယောက်လောက်ရှိတယ်။အာဇာနည်နေ့ အကြိုအထိမ်းအမှတ်၊နွေဦးတော်လှန်ရေး၊ပြည်သူလူထုတော်လှန်ရေးအတွင်း ကျဆုံးသွားတဲ့ရဲဘော်တွေအတွက်အထိမ်းအမှတ်အဖြစ်လုပ်ဆောင်ရတာ”လို့တောင်သာပကဖ ရဲဘော်တစ်ဦးကပြောပါတယ်။

Public Service Announcement
စစ်ကောင်စီတပ်က သေဆုံးမှုနဲ့ ထိခိုက်မှုတွေကိုတော့ လူထုနွေဦးက သီးခြား အတည်ပြုမရသေးပါဘူး။
စစ်ကောင်စီဘန်ကာဂိတ်ကိုတိုက်ခိုက်ခဲ့တဲ့ရဲဘော် တွေအန္တရာယ်ကင်းစွာနဲ့ ဆုတ်ခွာနိုင်ခဲ့တယ်လို့ လည်း ဖော်ပြထားပါတယ်။
ဒီလ လဆန်းပိုင်းကလည်း တောင်သာမြို့အမှတ် (၁)စွပ်ကျယ်စက်ရုံမှာတာဝန်ကျနေတဲ့စစ်ကောင်စီရဲနှစ်ဦးကို တောင်သာပကဖ ဖမ်းမိထားပါတယ်။
ဒါ့အပြင် တောင်သာလမ်းပိုင်းကိုအသုံးပြုသွားလာနေတဲ့ စစ်သားအချို့ကိုပါ တောင်သာ ပကဖ က ဇွန်လအတွင်းဖမ်းဆီးနိုင်ခဲ့ပါတယ်။
တောင်သာမြို့နယ်ထဲစစ်အင်အားဖြည့်တဲ့စစ်တပ် ယာဥ်တန်းနဲဲ့ စစ်ကြောင်းကို PDFတွေက တိုက် ခိုက်တာ စစ်သုံပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာရှိပါတယ်။
