close
Connect with us

Hi, what are you looking for?

သတင်း

ငါ့သရောက် မှ ​တောင်သာစစ်​ကြောင်းထိုး​​သော စစ်တပ် အထိနာ၍ဆုတ်ခွာ

မန္တလေးတိုင်း၊ ညောင်ဦးမြိုနယ် ငါ့သရောက်တိုက်နယ်မှ တောင်သာမြို့နယ်ဘက်သို့ စစ်ကြောင်းထိုး လာသည့် စစ်တပ်စစ်ကြောင်း အထိနာ၍ ဆုတ် ခွာသွားကြောင်းတောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်သည်။

စစ်တပ်စစ်​ကြောင်းကို ခုခံတိုက်ခိုက်ခဲ့​သော ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-​တောင်သာပကဖ

ဇွန်-၃၀၊၂၀၂၅။ရဲခေါင်/People’s Spring

မန္တလေးတိုင်း၊ ညောင်ဦးမြိုနယ် ငါ့သရောက်တိုက်နယ်မှ တောင်သာမြို့နယ်ဘက်သို့ စစ်ကြောင်းထိုး လာသည့် စစ်တပ်စစ်ကြောင်း အထိနာ၍ ဆုတ် ခွာသွားကြောင်းတောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်သည်။

အင်အား၁၅၀ ပါစစ်တပ်စစ်ကြောင်းသည်ညောင်ဦးမြို့နယ် ၊ကမ္မ၊ဈေးမကြီး၊ဆင်သား မွေး၊တောပြားနှင့်သနပ်ပင်ရွာတို့မှပြည်သူ့နေအိမ်များကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့နောက်ညောင်ဦးမြို့နယ်နှင့်နယ်ချင်းစပ်သည့်တောင်သာမြို့နယ် အနောက်မြောက်ခြမ်းကျေးရွာများဆီသို့ ဇွန် ၂၆ ရက်တွင် ဦးတည်လာစဥ် တော် လှန်ရေးအဖွဲ့များက လက်ဦးတိုက်ခိုက်နိုင်သဖြင့်လမ်းကြောင်းပြောင်းသွားခဲ့ကြောင်းအသိပေးသည်။

Public Service Announcement

Public Service Announcement

“နယ်မြေစိုးမိုးမှုရှိသေးတယ်ဆိုတာပြချင်လို့ စစ်ကြောင်းထိုးလာတာ နဲ့ တနည်းပြောရရင်ပြည်သူ့အိုးအိမ်တွေကိုဖျက်ဆီးချင်လို့စစ်ကြောင်းထိုးလာတာ”ဟု တောင်သာပကဖ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

ထိုစစ်ကြောင်းကိုကူရန် မြင်းခြံမြို့မှ စစ်ကောင်စီတပ်ကအင်အားဖြည့်တင်းပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာတောင်သာမြို့နယ်သီးကုန်းကျေးရွာရှိ ပြည်သူ့နေအိမ်ပေါ်ဗုံးသီးကျရောက်ခဲ့ပြီး အရပ်သားလေးဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်တပ်စစ်ကြောင်းသည်ညောင်ဦး-တောင်သာ နယ်စပ်မျည်းအတိုင်း စစ်ကြောင်း ထိုးရာတွင် တောင်သာမြို့နယ်ကင်းဇလုပ်ရွာသို့ ရောက်ရှိခဲ့သည်။

ဇွန် ၂၇ ရက်တွင်စစ်တပ်စစ်​ကြောင်းကိုတော်လှန်ရေးအဖွဲ့များကစစ်ကြောင်းသုံးကြောင်းခွဲ၍ဒရုန်း၊လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းသည်။

စစ်တပ်စစ်​ကြောင်းထိခိုက်သေဆုံးသူများရှိသည့် မြေပြင်တပ်အတွက်စစ်ကောင်စီကMI- 35တိုက်ခိုက်ရေးရဟတ်ယဉ်နှစ်စီးဖြင့် လာရောက်ပစ်ကူပေးခဲ့ရကြောင်း ဖော်ပြသည်။

စစ်တပ်စီစစ်ကြောင်းသည် ကင်းဇလုပ်ရွာ ပြည်သူ့နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကာ ဇွန် ၂၈ ရက် နံနက်အစောပိုင်းတွင်ညောင်ဦးမြို့နယ်၊ငါ့သရောက်ရဲစခန်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်းသိရသည်။

“သူတို့ထိခိုက်ဒဏ်ရာရရှိမှုများလို့တော်လှန်ရေးအဖွဲ့တွေကို ဖောက်မထွက်နိုင်လို့သူတို့နောက်ဆုတ်သွားရတာ။အဲဒီစစ်ကြောင်းမှာသူတို့ ရဲ့အဓမ္မ စစ်မှုထမ်းတပ်သားတွေရဲတွေ ပျူတွေပါတယ်လို့လည်း သတင်း ရတယ်”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်တပ်စစ်​ကြောင်းအားတောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ နေပြည်တော် ၈၀၁ စစ်​ကြောင်း၊ မိတ္ထီလာတော်လှန်ရေးအင်အားစု၊DSNDA ပြည်သူ့ကာကွယ်ရေးတပ်တော်၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်(၃)တို့ ပူးပေါင်းခဲ့ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံအလယ်ပိုင်း ၊မန္တလေးတိုင်း ၊ ညောင်ဦးမြို့နယ်ထဲက ကျေးရွာတွေ စစ်ကြောင်းထိုးခံရတာကြောင့် ကျေးရွာ ၂၀ ထက်မနည်းက ပြည်သူတွေ ဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

သတင်း

ဒုဗိုလ်မှူးကြီးအပါအဝင်စစ်​ကောင်စီအရာရှိလေးဦးသေဆုံးခဲ့သည့်မင်းလှမြို့နယ်အတွင်း စစ်တပ်က အင်အား ၈၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာပြီး သေဆုံးခဲ့သည့် ဗိုလ်မှူးကို စစ်ကောင်စီက ရာထူးတိုးပေးလိုက်သည်ဟုသတင်းရရှိသည်။

သတင်း

တနင်္သာရီမြို့နယ်၊မောတောင်ဒေသပြန်လည်စိုးမိုးနိုင်ရေးနှင့်စစ်အင်အားဖြည့်တင်းနိုင်ရေးကြိုးပမ်းနေသည့်စစ်ကောင်စီတပ်၏ထိုးစစ်ကြောင့် ဒေသခံ ပြည်သူများ ကာလကြာရှည်စစ်ဒဏ်သင့်ခြင်းမှ အမြန်ဆုံး လွတ်မြောက် နိုင်ရန်အတွက် KNU/KNLAတပ်ဖွဲဝင်များနှင့် တော်လှန်ရေး ပူးပေါင်းတပ်များမှ လိုအပ်သော ဆောင်ရွက်မှုများအား အစွမ်းကုန်ကြိုးပမ်းသွားမည်ဟု Black Cobra စစ်ကြောင်းက ပြည်သူလူထုကို အသိပေး ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကိုင်းမြို့နယ်၊မင်းကွန်းတကြောကို ၅ရက်တာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးကာ ကျောင်းထိုင်ဆရာတော်အပါအဝင် ပြည်သူ ၄ဦးကို သတ်ဖြတ်ထားတ‌‌ယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။

Facebook