close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ပစ်ခတ်မှုကြောင့် ကရင်နီနယ်လှည့်ကျန်းမာ‌ရေးကော်မတီ ဆေးခန်းတာဝန်ခံကျဆုံး

ကရင်နီပြည်၌ ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကွင်းဆင်းဆောင်ရွက်နေစဉ် စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့် ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီ၏ ဆေးခန်းတာဝန်ခံ Soe Reh ကျဆုံးသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ကျဆုံးခဲ့​သော ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီ၏ ဆေးခန်းတာဝန်ခံ Soe Reh

ဇူလိုင်-၁၈၊၂၀၂၅။တေဇ/People’s Spring

ကရင်နီပြည်၌ ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကွင်းဆင်းဆောင်ရွက်နေစဉ် စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့် ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီ၏ ဆေးခန်းတာဝန်ခံ Soe Reh ကျဆုံးသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

“အမျိုးသားညီညွတ်ရေးအစိုးရ၊ကျန်းမာရေးဝန်ကြီးဌာနသည် Soe Reh အား အာဇာနည်သူရဲကောင်းတစ်ဦးအဖြစ် အသိအမှတ်ပြုအပ်ပြီး မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါသည်။” ဟုဇူလိုင် ၁၇ ရက်ကသတင်းထုတ်ပြန်သည်။

အသက် ၂၆ နှစ်အရွယ် Soe Reh သည် ဇူလိုင် ၁၄ ရက်တွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့်ကျဆုံးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

Soe Reh သည် ၂၀၂၃ ဩဂုတ်တွင် ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီ – Karenni Mobile Health Committee (KnMHC) ၏ ဆေးသင်တန်း တစ်နှစ်ကိုတတ်ရောက်အောင်မြင်ခဲ့သူဖြစ်သည်။

“မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း၍ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းသည်အထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်လက်တွဲ၍ ဆတက်ထမ်းပိုး ကြိုးပမ်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကိုစစ်အာဏာရှင်စနစ် ဖြုတ်ချရေးအတွက် အသက်‌၊ ခန္ဓာနှင့် ဘဝများ ပုံအပ်၍ ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့ကြသည့်၊ တိုက်ပွဲဝင်လျက်ရှိကြသည့် အာဇာနည်သူရဲကောင်းများအား တိုင်တည်၍ ကတိသစ္စာပြုအပ်ပါသည်။”ဟုကျန်းမာရေးဝန်ကြီးဌာနက​ဖော်ပြထားသည်။

တော်လှန်ရေး ၄ နှစ်တာကာလအတွင်း စစ်ကောင်စီကဆေးရုံ၊ဆေးခန်းများကိုအကြိမ်​ပေါင်း ၁၆၅၉ ကြိမ်တိုက်ခိုက်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်း ၁၄၂ ဦး ကျဆုံးခဲ့ကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီက ယနေ့(ဇူလိုင် ၁၈ရက်)နံနက် ၁၀နာရီခန့်တွင် လေကြောင်းမှ ထပ်မံ ဗုံးကြဲတိုက်ခိုက်သည်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကို စစ်ကောင်စီ က ယမန်နေ့နေ့လည် ၁ နာရီ မိနစ် ၂၀ ဝန်းကျင်တွင် လေကြောင်းမှဗုံးကြဲခဲ့သည်။

သတင်း

ဝိုင်းမော်တွင် အင်အားထောင်ချီစုစည်းကာ KIA သိမ်းပိုက်ထားသည့် ပန်ဝါ၊ ချီဖွေ၊ ကန်ပိုက်တီကို ထိုးစစ်ဆင်ရန် စစ်ကောင်စီပြင်ဆင်နေဟုဆို