close
Connect with us

Hi, what are you looking for?

သတင်း

မူးယစ်ဆေးအမှုမှ လွတ်မြောက်နေသူတစ်ဦး ယင်းမာပင်ခရိုင်ရင်း(၁၄၊ ၁၅)ထံ လာရောက်အဖမ်းခံ

CDF ဟားခါး ဖမ်းဆီးခဲ့သော မူးယစ်ဆေးဝါးအမှုတွင် ထွက်ပြေးတိမ်းရှောင်နေသူနှစ်ဦးအနက် ကျော်မင်းဇော် (ခ)ပုတီးဆိုသူသည် ဆားလင်းကြီးမြို့နယ် ပကဖဒုတာဝန်ခံထံ ဆက်သွယ်၍ လာရောက် အဖမ်းခံခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း (၁၄၊ ၁၅)ဖြစ်သည့် Salingyi Special Task Force က သတင်းထုတ်ပြန်သည်။

မူးယစ်ဆေးအမှုမှ အဖမ်းခံသူကိုပုတီး(ခ)ဦးကျော်မင်းဇော်အား တွေ့ရစဉ်။ ဓာတ်ပုံ - SSTF

ဇူလိုင်-၁၂၊၂၀၂၅။ဇော်ရမ်း/People’s Spring

CDF ဟားခါး ဖမ်းဆီးခဲ့သော မူးယစ်ဆေးဝါးအမှုတွင် ထွက်ပြေးတိမ်းရှောင်နေသူနှစ်ဦးအနက် ကျော်မင်းဇော် (ခ)ပုတီးဆိုသူသည် ဆားလင်းကြီးမြို့နယ် ပကဖဒုတာဝန်ခံထံ ဆက်သွယ်၍ လာရောက် အဖမ်းခံခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း (၁၄၊ ၁၅)ဖြစ်သည့် Salingyi Special Task Force က သတင်းထုတ်ပြန်သည်။

ကျော်မင်းဇော်သည် ယနေ့(ဇူလိုင် ၁၂ရက်) ညနေတွင်ဆားလင်းကြီးမြို့နယ် ပကဖ ဒုတာဝန်ခံ ကိုဖိုးလုံးထံ ဆက်သွယ်၍ လာရောက်အဖမ်းခံခဲ့သည်ဟု ဆိုသည်။

ယင်းမာပင်ခရိုင်တပ်ရင်း(၁၅) တပ်ရင်းမှူး ထောက်ခံစာဖြင့် ဖလမ်းမြို့နယ် ဗားရ်တံတားသို့ ကားနှစ်စီးဖြင့် သယ်ယူလာသော စိတ်ကြွဆေးပြား ၃သန်းခန့်၊ No.4 ခေါ် ဘိန်းဖြူ ၁၁၀ကီလိုဂရမ်ခန့်ကို ဟားခါးမြို့နယ်အတွင်း ဇူလိုင် ၈ရက်တွင် CDFဟားခါးက ဖမ်းမိခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထိုဖြစ်စဥ်တွင် တော်လှန်ရေးရဲဘော် သုံးဦး၊ ယာဉ်မောင်းတစ်ဦး၊ ယာဉ်နောက်လိုက် တစ်ဦး၊ မောင်းပြန် သေနတ် နှစ်လက်၊ Mini Starlink နှစ်ခုတို့ ဖမ်းမိခဲ့ပြီး မူးယစ်ဆေးဝါးများ သယ်ယူပိုဆောင်ရေးတွင် တာဝန်ခံဖြစ်သော မောင်ဇော်လတ် (ခ)ဦးဝင်းမော်နှင့် ကိုပုတီး(ခ)ဦးကျော်မင်းဇော်တို့မှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း ဟားခါးCDFက ထုတ်ပြန်ခဲ့သည်။

ရဲဘော် လေးဦး၊ကားနှစ်စီးဖြင့် ဖောက်ခွဲရေးယမ်းများ သယ်ယူရန်အတွက် ထောက်ခံစာ‌ပေးအပ်ခဲ့သည်မှာ မှန်ကန်သော်လည်း မူးယစ်ဆေးဝါးသယ်ဆောင်ခဲ့ကြသည်မှာ ရဲဘော်များ၏ ပုဂ္ဂလိကလုပ်ရပ်ဖြစ်သည်ဟု Salingyi Special Task Force(SSTF)က ဇူလိုင်လ ၁၀ရက်တွင် ထုတ်ပြန်ထားသည်။

ဖြစ်စဉ်အား စုံစမ်းစစ်ဆေးရေးနေပြီး ထွက်ပြေးလွတ်မြောက်နေသော ‌ရဲဘော်မောင်ဇော်လတ် (ခ)ဦးဝင်းမော် နှင့် ကိုပုတီး(ခ)ဦးကျော်မင်းဇော်တို့ကို လိုက်လံဖမ်းဆီးပြီး ထိရောက်သော ပြစ်ဒဏ်ပေးအပ်မည်ဟုလည်း အသိပေးခဲ့သည်။

ထိုသို့ ထုတ်ပြန်ပြီး သုံးရက်မြောက်နေ့တွင် ကိုပုတီး(ခ)ဦးကျော်မင်းဇော်က လာရောက်အဖမ်းခံခြင်းဟု ထပ်မံ အသိပေးခြင်းဖြစ်သည်။

ကျန်ရှိနေသေးသည့် မောင်ဇော်လတ် (ခ)ဦးဝင်းမော်နှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ထားခြင်းမရှိသေးပေ။

CDFဟားခါးက ဖမ်းဆီးခဲ့သော ရဲဘော်များနှင့် မူးယစ်‌ဆေးဝါးအမှုကို အပြည့်အ၀ တာဝန်ယူဖြေရှင်း‌ပေးသွားမည်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၏ စစ်ဆေးမှုများကိုလည်း ကျေနပ်စွာခံယူမည်ဟု SSTFက ထုတ်ပြန်ထားသည်။

အဖွဲ့အစည်းနာမည် အသုံးချကာ ကျူးလွန်သော ဒုစရိုက်မှုများကို မိခင်အဖွဲ့အစည်းအနေနဲ့ လက်မခံကြောင်းနှင့် နောက်နောင် ယခုပုံစံ ဖြစ်ရပ်များ ထပ်မံ ဖြစ်ပွားခြင်းမရှိစေရန် ကြပ်ကြပ်မတ်မတ် လုပ်ဆောင်သွားမည်ဟု ဆိုထားသည်။

ဖမ်းဆီးထားသော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို ဇူလိုင် ၉ရက်တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး ဖမ်းဆီးထားသူများကိုလည်း တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း CDF ဟားခါးက ထုတ်ပြန်ထားသည်။

ယင်းမာပင်ခရိုင်တပ်ရင်း (၁၄)နှင့် (၁၅)သည် MOD အောက်၌ရှိသည်ဆိုသော်လည်း MOD၏ စစ်ဆင်ရေးများတွင် ပါဝင်တိုက်ခိုက်ခြင်းမရှိသည်မှာကြာပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးကို လူထုအထင်အမြင်လွဲမှားစေမည့် ယင်းဖြစ်စဉ်အား ထိထိရောက်ရောက်စစ်ဆေးပေးရန် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြောသည်။

” အခုပြဿနာတက်လာမှသာ ဝန်ကြီးဌာနရဲ့ စစ်ဆေးမှုကိုခံမယ်လို့ သုံးလာတာ။ တကယ့်တကယ်ကျတော့ သူတို့ကိုယ်တိုင်က ဝန်ကြီးဌာနရဲ့ COCကို လိုက်နာတာ မဟုတ်ဘူး။ သူတို့ထင်တာလုပ်တာ။ ဝန်ကြီးဌာနအမည်ကိုသူတို့လိုအပ်မှာပဲသုံးတာ”ဟု ယင်းမာပင်နယ်မှ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါအမှုကို စုံစမ်းစစ်ဆေးနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန(MOD) ပြောရေးဆိုခွင့်ရှိသူ ဒုအတွင်းဝန်ဦးမောင်မောင်ဆွေက People’s Spring ကို ပြောထားသည်။

ယင်းမာပင်ခရိုင်တပ်ရင်း(၁၅) တပ်ရင်းမှူးထံ People’s Spring က ဆက်သွယ်​မေးမြန်းရန်ကြိုးစား​သော်လည်းဆက်သွယ်၍ မရ​သေး​ပေ။

ဆက်စပ်သတင်းများ

သတင်း

ရဲဘော်အချို့ မူးယစ်ဆေးဝါးသယ်ယူတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီးဆောင်ရွက်သင့်တာ အားလုံးကို အမြန်ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန(MOD) ပြောရေးဆိုခွင့်ရှိသူ ဒုအတွင်းဝန်ဦးမောင်မောင်ဆွေက လူထုနွေဦးကို ပြောပါတယ်။

နိုင်ငံတကာ

သူက မူးယစ်ဆေး သုံးစွဲနေတယ်ဆိုတဲ့ New York Times သတင်းဌာနက ရေးသား ဖော်ပြခဲ့တာကို အီလွန်မတ်စ်ခ်က ငြင်းဆိုသွားခဲ့ပါတယ်။

သတင်း

ထိုင်း − မြန်မာနယ်စပ် သောင်ရင်းမြစ်တစ်လျှောက် လုံခြုံရေးယူထားသော ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး(KNU) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)မှ မူးယစ်ဆေးများ ဖမ်းစီးရမိခဲ့ကြောင်း KNU ဗဟိုက ယနေ့(ဧပြီ၃၀ရက်) သတင်းထုတ်ပြန်သည်။