close
Connect with us

Hi, what are you looking for?

သတင်း

ဥကရစ်ထစစ် စခန်းကစစ်သား ၁၀၀ ခန့် ထိုင်းဘက်ထွက်​ပြေး

စစ်​ကောင်စီက သက်ရှိစည်းရိုး လို့ ဝါဒဖြန့်စစ်ကားဇာတ်လမ်းရိုက်ခဲ့တဲ့ မြန်မာ-ထိုင်းနယ်စပ် ဥကရစ်ထ စစ်တပ်စခန်းက စစ်သား ၁၀၀ ခန့်ဟာထိုင်းနိုင်ငံဘက်ကို ထွက်​ပြေးလာတယ်လို့ ထိုင်းနယ်စပ်ကမီဒီယာတွေက​ဖော်ပြပါတယ် ။

ထိုင်းထွက်​ပြေးတဲ့စစ်သား​တွေ နဲ့ နယ်စပ်မှာလုံခ္ခြုံ​ရေးမြှင့်ထားတဲ့ထိုင်းစစ်တပ်ကို​တွေ့ရစဥ်။ဓါတ်ပုံ-AEC News

ဇူလိုင်-၁၂၊၂၀၂၅။People’s Spring

စစ်​ကောင်စီက သက်ရှိစည်းရိုး လို့ ဝါဒဖြန့်စစ်ကားဇာတ်လမ်းရိုက်ခဲ့တဲ့ မြန်မာ-ထိုင်းနယ်စပ် ဥကရစ်ထ စစ်တပ်စခန်းက စစ်သား ၁၀၀ ခန့်ဟာထိုင်းနိုင်ငံဘက်ကို ထွက်​ပြေးလာတယ်လို့ ထိုင်းနယ်စပ်ကမီဒီယာတွေက​ဖော်ပြပါတယ် ။

ဥကရစ်ထ စစ်တပ်စခန်းက စစ်သား​တွေဟာ KNLA ဦး​ဆောင်တဲ့​တော်လှန်​ရေးတပ်​တွေရဲ့တိုက်ခိုက်ခံရမှု​ကြောင့် ပစ်ကူ​တောင်း​ပေမယ့် ပစ်ကူမရတဲ့အခါ ​နောက်ဆုံးမှာထိုင်းနိုင်ငံဘက်ကိုထွက်​ပြေးလာတယ်လို့ ထိုင်း-မြန်မာနယ်စပ်ကစစ်​ရေးသတင်း​တွေ​ဖော်ပြ​ပေး​နေတဲ့ AEC ​Newsက​ဖော်ပြပါတယ် ။

ထွက်​ပြေးလာတဲ့ စစ်သား​တွေကို နယ်စပ်မှာလုံခြုံ​ရေးယူထားတဲ့ ထိုင်းစစ်သား​တွေက ​ခေါ်​ဆောင်​သွားတဲ့ဓါတ်ပုံကိုလည်း​ဖော်ပြထားပါတယ်။ထွက်​ပြေးစစ်သား​တွေထဲက ဒဏ်ရာရသူ​တွေကိုထိုင်းစစ်တပ်ကဆေးဝါးကုသ​ပေးပြီး လူသားချင်းစာနဲ့တဲ့အကူအညီ​​တွေ​​ပေးအပ်ခဲ့တယ်လို့ထိုင်းမီဒီယာ​တွေက​ဖော်ပြပါတယ် ။

Public Service Announcement

Public Service Announcement

နယ်စပ်မှာတိုက်ပွဲ​တွေပြင်းထန်​နေတာ​ကြောင့် ထိုင်းစစ်တပ်ကလုံခြုံ​ရေးမြှင့်ထားပြီး ၂၄ နာရီ ​စောင့်ကြည့်​နေတယ်လို့လည်း​ဖော်ပြပါတယ် ။နယ်စပ်ကတိုက်ပွဲ​တွေ​ကြောင့် ​ဒေသခံပြည်သူ ၄၆၇ ဦးဟာထိုင်းဘက်ကိုယာယီထွက်​ပြေးတိမ်း​ရှောင်ခဲ့ကြတယ်လို့လည်း​ဖော်ပြပါတယ်။

ဥကရစ်ထစခန်းကို ​တော်လှန်​ရေးတပ်​တွေက၂၀၂၂ ဇွန်လမှာ ပထမအကြိမ်တိုက်ခိုက်ခဲ့တုန်းကအပြီးသတ်မသိမ်းနိုင်ခဲ့တာ​ကြောင့် စစ်တပ်က အင်အားဖြည့်အခိုင်အမာတပ်ပြန်စွဲခံစစ်ပြင်ပြီး သက်ရှိစည်းရိုးဆိုပြီး စစ်တပ်ဝါဖြန့်ချီ​ရေးဇာတ်ကားရိုက်ကူးပြသခဲ့တာပါ ။

စစ်တပ်ကို​ထောက်ခံတဲ့ မင်းသားခန့်စည်သူ ဦး​ဆောင်ပြီး အကယ်ဒမီ တင်​အောင်စိုး(ပန်းမြို့​တော်)ကရိုက်ကူးတဲ့ သက်ရှိစည်းရိုးဝါဒဖြန့် ဇာတ်ကားကို ၂၀၂၄ မတ်လ မှာစစ်​ကောင်စီကပုသဝါဒဖြန့်ခဲ့တာဖြစ်ပါတယ် ။

မြန်မာ−ထိုင်းနယ်စပ်၊ စစ်တပ်ရဲ့ခြေကုပ်စခန်းဖြစ်တဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇူလိုင် ၃ရက်မှာ စတင်တိုက်ခိုက်ပြီး ဝေါလေဗျူဟာကုန်းတပ်စခန်းကို တော်လှန်ရေးတပ်တွေက ဇူလိုင် ၂ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဇူလိုင် ၁၁ ရက်​နေ့ကလည်း​ဝေါ​လေဗျူဟာကုန်းမှာ ကြီးမားတဲ့​ပေါက်ကွဲမှုဖြစ်ခဲ့ပါ​သေးတယ် ။

ကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်ခံ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ PDFပူးပေါင်း စစ်ကြောင်းတွေက KNU တပ်မဟာ(၇)၊ တပ်မဟာ(၆) ၊ တပ်မဟာ(၄)က ထိုင်းနယ်စပ်တ​​လျှောက်မှာရှိတဲ့ စစ်တပ်စခန်း​တွေကို ဧပြီလကစပြီ ဆက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်နေတာပါ။

ဆက်စပ်သတင်းများ

ဆောင်းပါး

DEE/People’s Spring စစ်သားတွေကို သက်ရှိစည်းရိုးလို့ရည်ညွှန်းပြီး ရန်သူတွေစခန်းထဲအထိ ဝင်မလာနိုင်အောင် အသက်စွန့်တိုက်ကြလို့ မင်းသား ခန့်စည်သူမှာကြားတဲ့ ဇာတ်ဝင်ခန်းဟာ ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ လက်ထဲပါမသွားလို့ စစ်တပ်က ၂၀၂၄မှာ ဝါဒဖြန့်ဖို့ရိုက်ကူးခဲ့တဲ့ “သက်ရှိစည်းရိုး”ရဲ့ နောက်ဆုံး ဇာတ်သိမ်းခန်း ဖြစ်ပါတယ်။ “သက်ရှိစည်းရိုး”ရဲ့ နောက်ဆုံးဇာတ်သိမ်းခန်းမှာ ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်တွေ...

သတင်း

ဖားကန့်တိုက်ပွဲ နေ့စဉ်ဖြစ်ပွားနေပြီး စစ်တပ် သေဆုံးထိခိုက်မှုများ

နိုင်ငံတကာ

နိုင်ငံရဲ့ ရိုးရာဝတ်စုံ တစ်မျိုးကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် ဖြစ်ခွင့်ရအောင် ထိုင်းအစိုးရက အဆိုပြုထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းနဲ့ အရမ်းနီးကပ်တဲ့ ဆက်ဆံရေးမျိုး ရှိနေပြီး ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေရဲ့ အထင်ကရ ခေါင်းဆောင် တစ်ဦးလို့ ကျော်ဇောတဲ့ ခုတ်အန်းနဲ့ ဆက်စပ်တဲ့ နေရာပေါင်း ၁၉ ခုကို ထိုင်းရဲတပ်ဖွဲ့က စီးနင်း ရှာဖွေခဲ့ပြီး ပိုင်ဆိုင်မှုတွေ၊ ဇိမ်ခံကားတွေနဲ့ ငွေသား ဘတ်...