close
Connect with us

Hi, what are you looking for?

သတင်း

မိုးရေတွေကြား နှုတ်ဆက်ကြသူတွေများပြားတဲ့ စာရေးဆရာမောင်သာချိုရဲ့နောက်ဆုံးခရီး

မြန်မာစာပေ မှာ လူသိများထင်ရှားတဲ့ စာရေးဆရာလည်းဖြစ် ၊ နိုင်ငံရေးအကျဉ်း သားဟောင်းလည်းဖြစ်သူ စာရေးဆရာမောင်သာချို ရဲ့ နာရေးကို ဒီနေ့(ဇူလိုင် ၁၂) ရန်ကုန်မြို့ ၊ ရေဝေးသုဿန်မှာပြုလုပ်ခဲ့ပါတယ်။

ဇူလိုင် – ၁၂၊၂၀၂၅ ၊ ရောင်နီ/People’s Spring

မြန်မာစာပေ မှာ လူသိများထင်ရှားတဲ့ စာရေးဆရာလည်းဖြစ် ၊ နိုင်ငံရေးအကျဉ်း သားဟောင်းလည်းဖြစ်သူ စာရေးဆရာမောင်သာချို ရဲ့ နာရေးကို ဒီနေ့(ဇူလိုင် ၁၂) ရန်ကုန်မြို့ ၊ ရေဝေးသုဿန်မှာပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့မှာ ဒီနေ့ မနက်ပိုင်းကတည်းက မိုးရွာနေတာဖြစ်ပြီး ဆရာမောင်သာချိုရဲ့ နာရေးပြုလုပ်မယ့် နေ့ခင်းပိုင်း ၃ နာရီထိုးခါနီးမှာတော့ မိုး သည်းသည်းမဲမဲကိုရွာခဲ့တာပါ။

ဒါပေမယ့်လည်း ဆရာမောင်သာချိုကိုနောက်ဆုံးခရီးကို လာရောက်နှုတ်ဆက်သူတွေကတော့ ဈာပနပြုလုပ်တဲ့ ခန်းမဆောင် (၁ /က) ပြည့်နေတဲ့အပြင် စင်္ကြန်လမ်းတလျှောက်မှာပါ ပြည့်နေခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဆရာမောင်သာချိုဟာ ဇူလိုင် ၁၀ ရက်မနက်ပိုင်းက ပင်လုံဆေးရုံမှာကွယ်လွန်သွားတာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၆၈ နှစ်ဖြစ်ပါတယ်။

ဆရာဟာ အကျဉ်းကျနေချိန်ကင်ဆာရောဂါစတင်ခံစားခဲ့ရပေမယ့် ထောင်တွင်း ဆေးကုသမှု လုံလောက်စွာမရခဲ့ဘဲ ထောင်ကလွတ်လာပြီးမှ ကာလရှည် ဆေးကုသနေရတာလို့ ဆရာနဲ့ ရင်းနှီးသူအချို့ကပြောပါတယ်။

စစ်တပ်တကျော့ပြန်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ မနက်အစောပိုင်းမှာ တော့ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ နည်းတူ စာရေးဆရာ မောင်သာချိုကိုလည်းစစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက် ဆရာမောင်သာချိုကို စစ်တပ်က လွန်ခဲ့တဲ့ ၈နှစ်ခန့်က 7 Day News ဂျာနယ်မှာ ရေးသားခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ကို အကြောင်းပြပြီး နိုင်ငံဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ပြီး ထောင်ဒဏ် ၂ နှစ်ချပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့မှာ ဆရာပြန်လွတ်မြောက်လာခဲ့ပေမယ့် ထောင်ကလွတ်ပြီး ၂ နှစ်ကျော်အကြာမှာ ကွယ်လွန်ခဲ့တာပါ။

ဆရာ ဟာ “သမီးဖတ်ဖို့ ” အပါအဝင် လူမှုရေးကျင့်ဝတ်တွေနဲ့ပတ်သက်ပြီး ရေးသားထောက်ပြခဲ့တဲ့ အက်ဆေးတွေဟာ ထင်ရှားပါတယ်။ မောင်သာချိုကလောင်အပြင် သရော်စာရေးသားတဲ့ ဂျက်ကွမ်းခြံကုန်းကလောင်ခွဲဟာလည်း စာဖတ်ပရိသတ်တွေကြား ထင်ရှားပါတယ်။

ဆရာ ဟာ ၁၉၇၃ ခု၊ ဒီဇင်ဘာလထုတ်သောင်းပြောင်း ထွေလာ ရယ်စရာ မဂ္ဂဇင်းမှာ ‘ခေတ်သစ် မေတ္တာ’ ကဗျာနဲ့ စာပေလောကသို့ စတင် ဝင်ရောက်ခဲ့ပါတယ်။ ၁၉၈၈ ခု၊ ဇူလိုင်လထုတ် အိပ်မက်ဖူး မဂ္ဂဇင်းမှစကာ တာဝန်ခံ အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

လုပ်သားများ ကောလိပ်၊ ဒေသကောလိပ်၊ နိုင်ငံခြား ဘာသာသိပ္ပံ၊ ရန်ကုန် တက္ကသိုလ်၊ မိတ္ထီလာ ဒီဂရီ ကောလိပ်၊ ဟင်္သာတ ကောလိပ် စသည်တို့မှာ အမှုထမ်း ခဲ့ဖူးပြီး ၂၀၁၀မှာ ပညာရေးတက္ကသိုလ်၊ ရန်ကုန်သို့ ပြောင်းရွေ့ပြီး မြန်မာစာဌာနမှာ ကထိက အဖြစ် တာဝန် ထမ်းဆောင် ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အင်းစိန်ထောင်ကနေ တရက်တည်းမှာ အတူတူ လွတ်မြောက်လာတဲ့ ရွှေညဝါဆရာတော်နဲ့ စာရေးဆရာ မောင်သာချိုတို့ဟာ ဒီနေ့ ဇူလိုင်လ ၁၀ ရက် မနက်မှာလည်း လူ့ဘောင်လူ့လောကကနေ တရက်တည်း တပြိုင်တည်း ပြန်လည်ထွက်ခွာသွားခဲ့ကြပါတယ်။

သတင်း

တစ်ရက်တည်း ဆုံးပါးသွားကြတဲ့ ရွှေညဝါဆရာတော် အရှင်ပညာသီဟရဲ့ ဈာပနနဲ့ စာရေးဆရာ မောင်သာချိုရဲ့နာရေးကို ဇူလိုင် ၁၂ရက်နဲ့ ၁၆ ရက်တွေမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

သတင်း

ငလျင်ဒဏ်သင့် မန္တလေး မြို့က သုသာန်တွေမှာ မီးသင်္ဂြိုဟ်ခ ဟာ ယခင်ကထက် ထက်ဝက် ဈေးတက်သွားတယ်လို့ လူမှုကူညီရေးအသင်းအချို့ဆီကသိရပါတယ်။

သတင်း

'ကမ္ဘာမကြေဘူး'သီချင်းအပါအဝင် အနုပညာနဲ့ စစ်အာဏာရှင်တွေကိုတော်လှန်ခဲ့သူ တေးရေးနိုင်မြန်မာရဲ့နာရေးကို ဒီနေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ ၊ ရေဝေးသုဿန်မှာပြုလုပ်ခဲ့ပါတယ်။