close
Connect with us

Hi, what are you looking for?

သတင်း

ရဲဘော်အချို့ မူးယစ်ဆေးသယ်ယူတဲ့ဖြစ်စဉ် ဆောင်ရွက်သင့်တာအားလုံး အမြန်ဆောင်ရွက်နေတယ်လို့ MOD ပြော

ရဲဘော်အချို့ မူးယစ်ဆေးဝါးသယ်ယူတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီးဆောင်ရွက်သင့်တာ အားလုံးကို အမြန်ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန(MOD) ပြောရေးဆိုခွင့်ရှိသူ ဒုအတွင်းဝန်ဦးမောင်မောင်ဆွေက လူထုနွေဦးကို ပြောပါတယ်။

ဖမ်းဆီးရမိသော မူးယစ်ဆေးများနှင့် သယ်ဆောင်လာသူ ငါးဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF ဟားခါး

ဇူလိုင် – ၁၀၊၂၀၂၅/People’s Spring

ရဲဘော်အချို့ မူးယစ်ဆေးဝါးသယ်ယူတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီးဆောင်ရွက်သင့်တာ အားလုံးကို အမြန်ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန(MOD) ပြောရေးဆိုခွင့်ရှိသူ ဒုအတွင်းဝန်ဦးမောင်မောင်ဆွေက လူထုနွေဦးကို ပြောပါတယ်။

” ဒီအမှုကိစ္စနဲ့ပတ်သက်ပြီးတော့လေ ဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက်တဲ့ကိစ္စတွေ အားလုံးကို အမြန်ဆောင်ရွက်နေတာရှိပါတယ်နော်။ အဲဒီအပြင်ကို အသေးစိတ်ကတော့ ဒီအချိန်မှာပြောလို့ အဆင်မပြေသေးလို့ပါ”လို့ ဒုအတွင်းဝန်ဦးမောင်မောင်ဆွေက ဒီကနေ့(ဇူလိုင် ၁၀ရက်) ညပိုင်းမှာ ပြောပါတယ်။

ယင်းမာပင်ခရိုင်တပ်ရင်း(၁၄ ၊ ၁၅)ကိစ္စကို စစ်ဆေးဆောင်ရွက်နေတယ်လို့လည်း ဒုအတွင်းဝန်ဦးမောင်မောင်ဆွေက ဒီနေ့(ဇူလိုင် ၁၀ရက်) နေ့လယ်ပိုင်းမှာ ပြောထားပါတယ်။

Public Service Announcement

Public Service Announcement

ချင်းပြည်နယ်မှာ မူးယစ်ဆေးဝါး​တွေသယ်လာတဲ့ကား ၂ စီး နဲ့ ရဲဘော်တွေ ဖမ်းဆီးရမိတဲ့ဖြစ်စဥ်မှာ မူးယစ်​ဆေးဝါး​တွေသယ်တာဟာ ရဲ​ဘော်​တွေရဲ့လုပ်ရပ်သာဖြစ်ပြီး တပ်ရင်းနဲ့ မဆိုင်ဘူးလို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၅က ထုတ်ပြန်ငြင်းဆိုထားပါတယ်။

မူးယစ်ဆေးတွေသယ်လာတဲ့ ကားနှစ်စီးကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၄ က ကိုဇော်နောင်၊ရွှေကြက်သွန်ရွာက ကျေးရွာပကဖ အဖွဲ့ဝင်၊CBE29 (YSO)ရဲ့ ကျောင်းအုပ် ကိုအာကာဖြိုး ၊ယာဥ်​မောင်းကိုကျော်ဟိန်း၊ယာဥ်​နောက်လိုက်ကိုဝေ မိုးအောင်တို့ကို ဟားခါးမြို့နယ်အတွင်း ဇူလိုင် ၉ ရက်မှာ ဖမ်းဆီးမိခဲ့တယ်လို့ Chinland Defense Force-Hakha(CDF-ဟားခါး)က ဇူလိုင် ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ယင်းမာပင်ခရိုင်တပ်ရင်း(၁၅)က တပ်ရင်းမှူး လက်မှတ်နဲ့ ရဲဘော်၄‌ ယောက်၊​သေနတ် ၂ လက်၊ကား၂စီးနဲ့ ဖောက်ခွဲရေး ယမ်းပစ္စည်းတွေသယ်ယူဖို့ ထောက်ခံစာ ပေးအပ်ခဲ့တာ မှန်ကန်ပြီး မူးယစ်ဆေး သယ်ဆောင်ခဲ့တာဟာ ရဲဘော်တွေရဲ့ ပုဂ္ဂလိကလုပ်ရပ်သာဖြစ်ပြီး တပ်ရင်းနဲ့ မပတ်သက်ကြောင်း ဒီနေ့(ဇူလိုင် ၁၀ ) ညနေပိုင်းမှာ တပ်ရင်း(၁၅)က ထုတ်ပြန်ထားပါတယ်။

တပ်ရင်း (၁၅)က ရဲ​ဘော်​မောင်​ဇော်လတ်ကို ဖောက်ခွဲ​ရေးပစ္စည်းတွေသွားသယ်ဖို့အတွက် ​ရေး​ပေးထားတယ်ဆိုတဲ့ ထောက်ခံစာဆိုတဲ့ စာရွက် ကို လည်း ​ဖော်ပြထားပါ​သေးတယ်။

ယခုဖြစ်စဉ်ကိုလည်း တပ်ရင်းက စုံစမ်းနေပြီး လွတ်မြောက်နေတဲ့ ရဲဘော်ကို ဇော်လတ်၊ကိုပုတီး တို့ကိုလည်းဖမ်းဆီးအရေးယူသွားမယ်လို့ ဆိုပါတယ်။ အခုကိစ္စနဲ့ပတ်သက်ပြီး​တော့ အမျိုးသားညီညွတ်​ရေးအစိုးရ၊ ကာကွယ်​ရေးဝန်ကြီးဌာနရဲ့ စစ်ဆေးမှုကိုလည်းခံယူသွားမယ်လို့ ဆိုပါတယ်။

ဇူလိုင် ၈ ရက်မှာ ယင်းမာပင်ခရိုင် အမှတ်(၁၅) တပ်ရင်းမှူး ထောက်ခံစာနဲ့ ဖလမ်းမြိုနယ် ဗားရ်တံတားကို ကားနှစ်စီးနဲ့ သယ်ယူလာတဲ့ စိတ်ကြွဆေးပြား ၃သန်းခန့်၊ No.4 ခေါ် ဘိန်းဖြူ ၁၁၀ကီလိုဂရမ်ခန့်ကို ဟားခါးမြို့နယ်အတွင်း ဖမ်းမိခဲ့တယ်လို့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)-ဟားခါးက ထုတ်ပြန်ထားပါတယ်။

အဲဒီကားနှစ်စီးပေါ်မှာ တော်လှန်ရေးရဲဘော် သုံးဦးလိုက်ပါလာတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှ ပြည်ထောင်စုအထူးသယံဇာတအဖွဲ့သည် အလွဲသုံးစားမှုများပြုလုပ်နေသဖြင့် NUG ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

သတင်း

မန္တလေးတိုင်းက PDF စိုးမိုးနယ်မြေတွေမှာမူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့လို့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်ပါတယ်။