close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့နယ်ကစစ်ရှောင်ဘုန်းကြီးကျောင်းစစ်တပ်ဗုံးကြဲလို့ ပြည်သူ ၃၀ကျော်သေဆုံး

စစ်ဘေးရှောင်တွေရှိနေတဲ့ စစ်ကိုင်းမြို့နယ်၊လင်းတလူးကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၃၀ကျော် သေဆုံးပြီး ဒဏ်ရာရသူများပြားတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။

လင်းတကူးရွာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ ပျက်စီးမှုတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Nay P Latt/FB

ဇူလိုင် – ၁၁၊၂၀၂၅ ၊ မေ/People Spring

စစ်ဘေးရှောင်တွေရှိနေတဲ့ စစ်ကိုင်းမြို့နယ်၊လင်းတလူးကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၃၀ကျော် သေဆုံးပြီး ဒဏ်ရာရသူများပြားတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။

ဇူလိုင် ၁၁ရက် ဒီနေ့ မနက်စော ၁နာရီကျော်မှာ လင်းတလူးကျေးရွာကို စစ်‌ကောင်စီက ၂ကြိမ်‌‌တိုင် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

ဗုံးကြဲခံရမှုမှာ ကလေးငယ်တွေအပါအဝင် ပြည်သူ ၃၀ကျော်သေဆုံးကြောင်း ကနဦးသိရပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

မနေ့က စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ် တနေ့လုံးနီးပါး စစ်ကိုင်းမြို့နယ်ကို ပျံဝဲခဲ့ပြီး ဒီကနေ့ ဗုံးကြဲခဲ့တာလို့ ဒေသခံတစ်ဦး ကပြောပါတယ်။

“ညက စစ်ကိုင်းဘက်က ည၉နာရီလောက် ကတည်းကအသံတွေ တအုန်း အုန်းကြားတယ်။အုန်းတောကစစ်ကြောင်းလည်း မနေ့ကတည်းကတိုက်ပွဲဖြစ် နေတယ်”လို့ ဒေသခံတစ်ဦး ကပြောပါတယ်။

” ဒီနေ့ 11.7.2025 မနက် ၁ နာရီခန့်မှာ စစ်ကိုင်းမြို့နယ် လင်းတလူးကျေးရွာရှိ စစ်ဘေးရှောင်တွေရှိရာဘုန်းကြီးကျောင်း ၂ ကြိမ် ဗုံးကြဲချတိုက်ခိုက်ခံရ၊ လောလောဆယ် စစ်ဘေးရှောင်ကလေးလူကြီးစုစုပေါင်း ၃၀ ခန့်သေဆုံး၊ နောက်ထပ်သေဆုံးများရှိနိုင်သလို ဒဏ်ရာရလည်းများပြားနိုင်”လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သူ့ရဲ့လူမှုကွန်ရက်ကတဆင့် အသိပေးထားပါတယ်။

စစ်ကိုင်းမြို့နယ်မှာ မင်းကွန်း၊မန္တလေး- ရွှေဘိုလမ်း(အုန်းတော)အထွက်တွေမှာ စစ်ကောင်စီတပ် စစ်ကြောင်း တွေရှိနေတာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၁၀)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့ လူထုသပိတ် လှုပ်ရှားမှုတွေ အသီးသီး ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့ကိုဝါဆိုလပြည့်​ညမှာ စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာမို့ ကလေးငယ် တွေအပါအဝင် ပြည်သူ၅ဦး သေဆုံးခဲ့တယ်လို့ ကနဦး သိရပါတယ်။

သတင်း

ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ဝါဆိုလပြည့်ညပိုင်းတွင် ကရင်နီပြည် နှင့် မကွေးတိုင်း ၌ စစ်ကောင်စီက လေကြောင်းမှဗုံးကြဲရာ ပြည်သူ ခုနှစ်ဦးထက်မနည်းသေဆုံးခဲ့သည်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၈)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး နဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကာကွယ်ရေး ဆန္ဒပြတဲ့ သပိတ် လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။