close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့အဝင် တံခွန်တိုင်အဝိုင်းမှာ ဆိုင်ကယ်စီးအမျိုးသား အုပ်စုဖွဲ့ရိုက်နှက်လုယက်ခံရလို့သေဆုံး

မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ဆိုင်ကယ်စီးသက်ကြီးပိုင်း အမျိုးသားကြီးတစ်ဦး ဆိုင်ကယ်လုယက်ခံရချိန်မှာ ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေနဲ့သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံကနေသိရပါတယ်။

မန္တလေးမြို့အဝင် တံခွန်တိုင်အဝိုင်းကိုတွေ့ရပုံ ( ပုံဟောင်း)

ဇူလိုင် – ၁၁ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ဆိုင်ကယ်စီးသက်ကြီးပိုင်း အမျိုးသားကြီးတစ်ဦး ဆိုင်ကယ်လုယက်ခံရချိန်မှာ ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေနဲ့သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံကနေသိရပါတယ်။

အဲဒီဖြစ်စဉ်ဟာ မန္တလေးမြို့အဝင် ၊ တံခွန်တိုင် အဝိုင်းအနီးမှာ ဇူလိုင်၉ ရက် ၊ မနက် ၆ နာရီ ခန့်က ဖြစ်ပွားခဲ့တာပါ။ သက်ကြီးပိုင်းအမျိုးသားကြီး တစ်ဦးတည်း ဆိုင်ကယ်မောင်းနှင်လာချိန်မှာ ရိုက်နှက် လုယက်ခံရတာဖြစ်ပါတယ်။

” သူက မနက်အစော ဘုရားထီးတင်သွားရင်းနဲ့ ဖြစ်တာလို့သိရတယ်၊ လူကိုရိုက်နှက်ပြီးလုသွားတာ”လို့ ​မိသားစုနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေကို ဆေးရုံမှာ ကုသမှုခံယူနေချိန် မနေ့ ဇူလိုင်လ ၁၀ ရက် မနက် ၉ နာရီ ၂၀ မိနစ်မှာ ဆုံးပါးသွားတယ်လို့ သိရပါတယ်။ ရိုက်နှက်ခံရလို့ ဆုံးပါးသွားတဲ့ အမျိုးသားကြီးဟာ အသက် ၇၂ နှစ်အရွ​ယ် ဦးသိန်းဦး ဆိုသူဖြစ်ပါတယ်။

ကျူးလွန်သူတွေကိုတော့ မန္တလေးမြို့ကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီ က လက်ရှိအချိန်ထိဖမ်းမိတာ မရှိသေးပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့မှာ လူစည်ကားရာနေရာတွေမှာဓားပြတိုက်တာ ၊လုယက်တာ မျိုးတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

ဆိုင်ကယ်လုယက်ခံရမှုတွေမှာတော့ ငွေကျပ်သိန်းဆယ်ချီတန်ကြေးရှိတဲ့ ဆိုင်ကယ်တွေကိုပစ်မှတ်ထားပြီး အုပ်စုဖွဲ့လုယက်တာပါ။

လုယက်တဲ့အဖွဲ့တွေမှာ တစ်ဖွဲ့ကို ဆိုင်ကယ်သုံး စီးခန့် ၊ လူခြောက်ဦးထက်မနည်းပါဝင်ပြီး ဆိုင်ကယ်ကို လုယက်တဲ့အပြင် ဆိုင်ကယ်ပိုင်ရှင်ကို အသက်အန္တရာယ် ရန်ရှာပြီး ရိုက်နှက်တာ၊ ဓားနဲ့ခုတ်တာ ၊ ဓားနဲ့ထိုးတာမျိုးတွေပါ လုပ်ဆောင်တဲ့ဖြစ်ရပ်တွေဖြစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာငလျင်ကြောင့် ပျက်စီးသွားတဲ့တာရိုးကို သုံး လကျော်အကြာရေတက်လာချိန်မှာ ပြင်ဆင်ဖို့ စစ်​ကောင်စီရဲ့မန္ဆလေးစည်ပင်က တင်ဒါ​ခေါ်ယူနေတယ်လို့ သတင်းရရှိပါတယ်။

ဆောင်းပါး

ဇူလိုင် ၉ ရက်နေ့ဝါဆိုလပြည့်နေ့ကစပြီးဝါတွင်းကာလရောက်ရှိပါပြီ။ မြန်မာလူမျိုးတွေဟာ ဝါတွင်းမှာ ငှက်တောင်အသိုက်မ​ပြောင်းကောင်းဘူးဆိုတဲ့ ဆိုရိုးစကားကြောင့် အိမ်အပြောင်းအရွှေ့တွေကို ဝါမဝင်မီအမီလုပ်ကြရပါတယ်။ ဒါပေမယ့် ဝါတွင်းကာလရောက်ဖို့ နှစ်ရက်သာလိုတော့ပေမဲ့ အိမ်အငှားရှာတာ မရသေးလို့ အခက်အခဲ ဖြစ်နေသူတွေ မန္တလေးမြို့မှာအများအပြားရှိနေပါတယ်။

သတင်း

ငလျင်​ဘေးဒဏ်သင့်မန္တလေးမြို့မှာစစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်မှုတွေ ပြန်လည်ပြုလုပ်လာပြီး ၅ ရက်အတွင်း လူငယ် ၃၀ နီးပါးဖမ်းဆီးခံရကြောင်းသတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာ မြေသယ်ကားတစ်စီးက အသက် ၁၂နှစ်အရွယ် ကလေးကိုဝင်တိုက်မိရာမှာ အခင်းဖြစ်တဲ့နေရာမှာတင်ကလေးသေဆုံးသွားတယ်လို့ သွားရောက်ကူညီခဲ့တဲ့ နန္ဒာမေတ္တာ လူမှုကူညီရေးအသင်းကဖော်ပြပါတယ်။