close
Connect with us

Hi, what are you looking for?

သတင်း

နယ်စပ်မြို့ မောတောင်မြို့ကို စစ်ကောင်စီ ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်သည့် မောတောင်မြို့ကို စစ်ကောင်စီက ယမန်နေ့(ဇူလိုင်၁၀ရက်)တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် မောတောင်မြို့ရှိ နေအိမ်တစ်လုံးပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU - Mergui-Tavoy District

ဇူလိုင် -၁၁၊၂၀၂၅။ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်သည့် မောတောင်မြို့ကို စစ်ကောင်စီက ယမန်နေ့(ဇူလိုင်၁၀ရက်)တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

ဇူလိုင် ၁၀ရက်က မောတောင်မြို့၊ အမှတ်(၉) ရပ်ကွက်နေရာကို ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်ပြီးနေအိမ် တစ်လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ပြောသည်။

” မောတောင်နယ်စပ်မြို့မှာ လေယာဉ်လာကြဲတာ ပထမဆုံးအကြိမ်ပဲ”ဟု ပဒိုစောအယ်နားက ပြောသည်။ လေကြောင်း တိုက်ခိုက်မှုကြောင့် လူထိခိုက်မှုမရှိဟုလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ဇူလိုင် ၈ရက်ကလည်း KNU မြိတ်-ထားဝယ်ခရိုင် ရေဖြူမြို့နယ်ရှိ ခလရ(၂၈၂) တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကော့လှိုင်နှင့် မရမ်းချောင်းအကြား လူနေအိမ်ပေါ်ကျရောက်ပြီး ကလေးငယ် သုံးဦးအပါအဝင် မိသားစုဝင် လေးဦးသေဆုံးကာ မိခင်ဖြစ်သူဒဏ်ရာရခဲ့သည်ဟု KNU ဗဟိုက အသိပေးထားသည်။

အဆိုပါ မိသားစုသည် မြစ်၀ကျွန်းပေါ်ဒေသမှ လာရောက်နေထိုင်သူများဖြစ်ပြီး (၁)နှစ်၊ (၂)နှစ်ခွဲ၊ (၁၁)နှစ်အရွယ် ကလေးငယ်နှင့် ၎င်းတို့၏ဖခင် သေဆုံးခဲ့ခြင်းဖြစ်သည်။

“အဲဒီလေယာဉ်ဗုံးကြဲမှုကတော့ များသောအားဖြင့် ပြည်သူလူထုတွေထိခိုက်တယ် သေဆုံးတယ်။ အဲဒါက စစ်ရာဇဝတ်မှုကျူးလွန်တာ။ သူတို့ လူ့အခွင့်အရေးချိုးဖောက်တယ်။ ပြည်သူလူထုအတွက်လည်း အသက်အိုးအိမ်ဆုံးရှုံးတာပေါ့။ မတရားတဲ့စစ်ကို သူတို့တိုက်တာပေါ့” ဟု ပဒိုစောအယ်နားက ပြောသည်။

စစ်ကောင်စီသည် အရပ်သား ပြည်သူများ နေထိုင်ရာသို့ လူ့အခွင့်အရေး ချိုးဖောက်မှုများ မကြာခဏပြုလုပ်လျက်ရှိရာ ကလေးငယ်များ အပါအဝင် ပြည်သူများ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ စစ်ကောင်စီ၏ လုပ်ရပ်များအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း KNUက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​ကောင်စီက TNLA သိမ်းပိုက်ထိန်းချုပ်ထား​သော​ကျောက်မဲမြို့ကို ယ​နေ့ နံနက်အစောပိုင်း၌ လေကြောင်းမှဗုံးကြဲခဲ့ရာ အရပ်သားထိခိုက်သေဆုံးမှုများရှိခဲ့သည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ခွန်စိုင်ယန်ကျေးရွာရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့၏ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ယမန်နေ့(ဇူလိုင် ၁၀ရက်)တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ဟု ကချစ်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးမှာ နေရာစုံစစ်မျက်နှာပြင်အားလုံး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်အာဏာရှင်အဆက်ဆက်အောင်မြင်ခဲ့သည့် သွေးခွဲရေးဗျူဟာကို တော်လှန်ရေးအင်အားစုများ သတိပြုပြီး တော်လှန်ရေးအောင်ပွဲပန်းတိုင်အတွက် အားလုံးပူးပေါင်းဆောင်ရွက်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂)စစ်ဆင်ရေးနယ်မြေ သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။