ဇူလိုင် ၁၀၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၁၀)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့ လူထုသပိတ် လှုပ်ရှားမှုတွေ အသီးသီး ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။
ယင်းမာပင်မြို့နယ်မှာ ပြည်သူ့အားမာန် သပိတ်ရစစ်ကြောင်းက ဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်ကာ ချီတက်ဆန္ဒပြခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီသပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်တပ် ကျရှုံးရေး ဆန္ဒပြသပိတ်ကို ဒီကနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

Public Service Announcement
အလားတူ အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်ကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ရေး ညနေဆည်းဆာသပိတ်အဖြစ် ချီတက် ဆန္ဒပြခဲ့ပါတယ်။
စစ်ကိုင်းတိုင်းမှာ တော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေ နေ့စဉ်ပြုလုပ်နေပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်
