ဇူလိုင်-၉၊၂၀၂၅။ရှိန်း/People’s Spring
မန္တလေးတိုင်း၊မိုးကုတ်မြို့ကိုဝါဆိုလပြည့်ညမှာ စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာမို့ ကလေးငယ် တွေအပါအဝင် ပြည်သူ၅ဦး သေဆုံးခဲ့တယ်လို့ ကနဦး သိရပါတယ်။
ဇူလိုင်လ၉ ရက်နေ့ ၊ဒီနေ့ ည၈နာရီ ကျော်မှာ စစ်ကောင်စီက မိုးကုတ်မြို့ အရှေ့ခြမ်းကို ဗုံးကြဲတိုက်
ခိုက်ခဲ့တာဖြစ်ပြီး မောင့်မိုးကုတ်ဟိုတယ် ပေါ်ကျကာ ကလေးငယ်၃ဦးနဲ့ လူကြီး၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံကပြောပါတယ်။

Public Service Announcement
“၅ယောက်သေတယ်လို့သိရတယ်။ညဖက်မို့ ဘယ်သူမှ ဒီမှာ အပြင်မထွက်ရဲကြဘူး။အသံကတော့ အကျယ်ကြီး ကြားလိုက်တယ်”လို့ ဒေသခံတဦး ကပြောပါတယ်။
မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ဇူလိုင် ၈ရက်၊မနက် ၉နာရီကျော်မှာ ဗုံးကြဲတိုက် ခိုက်ခဲ့တာကြောင့်ပြည်သူ ၃ဦးသေဆုံးပြီး ၈ဦးဒဏ် ရာရခဲ့ပါ သေးတယ်။











































