close
Connect with us

Hi, what are you looking for?

သတင်း

ဝါဆိုလပြည့်ညတွင် ကရင်နီပြည် နှင့် မ​ကွေးတိုင်းကို စစ်​ကောင်စီဗုံးကြဲ ပြည်သူ ၇ ဦးထက်မနည်း​သေဆုံး

ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ဝါဆိုလပြည့်ညပိုင်းတွင် ကရင်နီပြည် နှင့် မကွေးတိုင်း ၌ စစ်ကောင်စီက လေကြောင်းမှဗုံးကြဲရာ ပြည်သူ ခုနှစ်ဦးထက်မနည်းသေဆုံးခဲ့သည်။

စစ်​ကောင်စီက ဖယ်ခုံမြို့နယ် ရှိ စစ်​ရှောင်စခန်းကို ဇူလိုင် ၇ ရက် ညဗုံးကြဲ၍ ​သေဆုံးခဲ့​သောစစ်​ရှောင်မိသားစု။ဓါတ်ပုံ-Karenni People's Voice

ဇူလိုင်-၉၊၂၀၂၅။ရဲခေါင်/People’s Spring

ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ဝါဆိုလပြည့်ညပိုင်းတွင် ကရင်နီပြည် နှင့် မကွေးတိုင်း ၌ စစ်ကောင်စီက လေကြောင်းမှဗုံးကြဲရာ ပြည်သူ ခုနှစ်ဦးထက်မနည်းသေဆုံးခဲ့သည်။

မြေပြင်သတင်းရင်းမြစ်များ၏ အတည်ပြုချက်အရ ကရင်နီပြည်နယ်၊မော်ချီးဒေသကို ယနေ့ (ဇူလိုင် ၉ ရက်)ည ၇ နာရီ ခွဲဝန်းကျင်တွင် ဗုံးလေး လုံးထက်မနည်းကြဲခဲ့သည်ဟု သိရသည်။

“မအလက လူသတ်ဖို့ ဘယ်ရက်မှ မရှောင်ခဲ့ဘူး။မော်ချီးနှစ်ချင်းဆရာတော်ရဲ့ နေအိမ်နဲ့ နောက်ထပ် ရွာသားနေအိမ်ပေါ် ဗုံး တည့်တည့်ကလို့ ဆရာ

Public Service Announcement

Public Service Announcement

တော်ရဲ့ အမျိုးသမီးအပြင် နံဘေးအိမ်က တအိမ်သားလုံး ထိမှန်သေဆုံးရတယ်လို့ သိရတယ်ဗျာ။ပြည်သူ (၆)ဦး လေယာဉ်ဗုံး ထိမှန်သေဆုံးသွားတယ်လို့ ကနဦးသိရတယ်”ဟု ကရင်နီစစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောသည်။

ထို့အတူ ယနေ့ည ၈ နာရီ ၁၀ မိနစ်ခန့်တွင် မြိုင်မြို့နယ်အနောက်မြောက်ပိုင်းမှ သနပ်ရင်းရွာအားစစ်ကောင်စီ၏ တံတားဦးလေတပ်မှ ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်အချို့က အသိပေးသည်။

ထို့အပြင် ည ၈ နာရီခွဲဝန်းကျင်တွင် မြိုင်မြို့ အရှေ့ တောင်ဘက် မြို့စွန်ကို ပခုက္ကူတပ်မ ၁၀၁ မှ စက်တပ်လေထီးနှစ်စီးဖြင့်လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ် နှစ်ခုတွင် သနပ်ရင်းရွာ မှ ပြည်သူတစ်ဦးသေဆုံးပြီး လေးဦး ထိခိုက်ကာ တစ်ဦးဒဏ်ရာ ပြင်းထန်ကြောင်း မြိုင်မြို့နယ်မြေပြင်သတင်းမှန် ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ဆိုသည်။

“ပေါင် ၅၀၀ ဗုံးနဲ့ကြဲတာ။​သေတာစစ်ဘေးရှောင်ပြည်သူပါ”ဟု ၎င်းက ပြောသည်။

ယ​နေညပိုင်းတွင် မန္တလေးတိုင်း မှ မိုးကုတ်မြို့အရှေ့ပိုင်းနှစ်နေရာကို ဂျက်ဖ်ိုက်တာဖြင့်ဗုံးကြဲခဲ့ရာက​လေးငယ်များအပါအဝင် ၅ ဦး​သေဆုံးခဲ့​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့ကိုဝါဆိုလပြည့်​ညမှာ စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာမို့ ကလေးငယ် တွေအပါအဝင် ပြည်သူ၅ဦး သေဆုံးခဲ့တယ်လို့ ကနဦး သိရပါတယ်။

သတင်း

ဒီကနေ့ ဇူလိုင် ၉ ရက် ဝါဆိုလပြည့်နေ့မှာ ၅/အရတ အရာတော်လူထုသပိတ်၊ မြင်းမူမြို့နယ် သပိတ်အင်အားစုတို့ စုပေါင်းဦးဆောင်ပြီး မြင်းမူမြို့နယ် ကျေးရွာတစ်ရွာမှာ လေကြောင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ဖို့ အသိပညာပေးဟောပြောခဲ့တယ်လို့ သိရပါတယ်။

သတင်း

TNLA က ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကိုစစ်ကောင်စီက ​ယ​နေ့ည ၈နာရီ ၁၈မိနစ်၌လေကြောင်းမှထပ်မံဗုံးကြဲသည်။

သတင်း

ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့ ) ကျရောက်တဲ့ ဒီနေ့မှာ ရန်ကုန်မြို့က ရွှေတိဂုံစေတီတော်ဆီ လာရောက်ဘုရားဖူးသူတွေ များပြားခဲ့ပါတယ်။