close
Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုက ပျူရွာစခန်းတစ်ခုနဲ့ စခန်းကုန်း ၃ ခုကို သိမ်းပိုက်

လက်နက်မျိုးစုံ ၂၀ ​ကျော်နဲ့ ဒုတပ်ရင်းမှူးဗိုလ်မှူးအား စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ

ဖမ်းဆီးရမိတဲ့ ဒုတပ်ရင်းမှူးကို တွေ့ရစဥ်။ ဓာတ်ပုံ-ရွှေဘိုခရိုင်တပ်ရင်း ၁၅

ဇူလိုင်-၁၀၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ပျူရွာစခန်းတစ်ခုနဲ့ စခန်းကုန်း ၃ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေနဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူးတစ်ဦးကို စစ်သုံပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း (၁၅)က သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင်(၄)ရက်မနက်ပိုင်းကရွှေဘိုမြို့နယ်၊ကျောက်မြောင်းမြို့နယ်က ဟင်္သာကြီးပျူရွာစခန်းနဲ့ ဘိုးနတ်တောင် ဗျူဟာစခန်းကုန်းတွေကို ရွှေဘိုခရိုင်တပ်ရင်း (၁၅) နဲ့မဟာမိတ်အဖွဲ့တွေကတပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီဘက်က ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲတဲ့ကြားက မွန်းလွှဲ ၂ နာရီလောက်မှာ ဒုတပ်ရင်းမှူး ချမ်းလွင်မောင်ဦးဆောင်တဲ့ ဟင်္သာကြီးပျူရွာစခန်းကုန်းနဲ့ တစ်ရွာလုံးကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးဗိုလ်မှူးကိုပါ အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ် ။ ကျန်စစ်သားနဲ့ပျူ​စောထီး​တွေကတော့ မခေါက်ရွာကို ထွက်ပြေးသွားခဲ့ကြောင်းသိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် စစ်ကောင်စီတပ်ရဲ့ ဘိုးနတ်တောင်ဗျူဟာကုန်းကိုလည်း ညနေ ၃ နာရီခန့်မှာ ထပ်မံအပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ယင်းစခန်းမှ G1 နဲ့အဖွဲ့ဟာ တောင်လှဗျူဟာကုန်းကို ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း (၁၅)က ဆိုပါတယ်။

ဒါအပြင်တောင်လှဗျူဟာစခန်းကုန်းကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ ညပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ဇူလိုင်လ ၅ ရက် မနက်အစောပိုင်းမှာတော့ တတိယမြောက် တောင်လှဗျူဟာစခန်းကုန်းကိုပါ အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၅က ထပ်မံအသိပေးပါတယ်။

ဇူလိုင်လ ၇ ရက်နေ့မှာလည်း တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး ညနေ ၅ နာရီခန့်မှာ ဘိုးထွန်းကျော်ဗျူဟာစခန်းကုန်းကိုပါ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၅က ထုတ်ပြန်ထားပါတယ်။

“ကျွန်တော်တို့ကတော့ ဟသ်ာကြီးပျူရွာ၊ ဘိုးနတ်တောင် ဗျူဟာကုန်းနဲ့တောင်လှ ဗျူဟာကုန်းတို့ကို တစ်ရက်ထဲ အပြီးသက်သိမ်းပိုက်ခဲ့တာပါဗျ။ ၆ရက်နေ့မှာ ဘိုးလွန်းကျော်ဗျူဟာကုန်းကို ထပ်ပြီးသိမ်းနိုင်တာပါ။ ခွေးအလောင်း ၉ လောင်းရရှိပြီး ဒါဏ်ရာရအနေနဲ့တော့ ခန့်မှန်း ၈ ဦးခန့်ပါဗျ။”လို့ရွှေဘိုခရိုင်တပ်ရင်း(၁၅)ကဗိုလ်ကောက်ရိုးက ပြောပါတယ်။

သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းအရေအတွက်ကို ထုတ်ပြန်ထားတာမရှိပေမဲ့ ဓာတ်ပုံမှတ်တမ်းအရ လက်နက်မျိုးစုံ အလက် ၂၀ ကျော် ရှိတာကို တွေ့ရပါတယ်။

အဆိုပါစစ်ဆင်ရေးကို (ရွှေဘိုခရိုင်တပ်ရင်း ၁၅၊ ၁၈၊ ၂၃၊ ၂၆၊ ၁၇၀၁၊ ၉၇၀၆ ) တပ်ရင်းများနဲ့ Brave Brothers (Local PDF)၊ တိုက်နယ်(၄) ရွှေဘိုကျားကြီး(ပကဖ)တို့ စုပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၂၈)ရက်နေ့ကလည်း ဟင်္သာကြီး(ပျူ)ရွာ ပျူစခန်းနဲ့ စစ်တပ် စခန်းကုန်းတို့ကို ရွှေဘိုမြို့နယ်ပကဖက ဦးဆောင်ပြီး ပူးပေါင်းပကဖ​တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ နှစ်ဘက်ထိခိုက်မှုအချို့ရှိပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေဘိုမြို့နယ်ကစစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့ ပျူစောထီးရွာနဲ့ ဗျူဟာ ကုန်း၃ကုန်းကို တော်လှန်ရေး ပူး ပေါင်းတပ် တွေသိမ်းပိုက်ရာမှာဖမ်းမိတဲ့ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးချမ်းလွင်မောင်ကိုစစ်ရာဇဝတ်မှု ကျူးလွန်ထားတာရှိ၊မရှိစစ်​​ဆေး​နေတယ်လို့ PDF ၉၇၀၆တပ်ရင်း(​ဒေါင်းနီတပ်ဖွဲ့)တပ်ရင်းမှူး ဗိုလင်္ကျာက​ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်ဆယ်နဲ့ချီ​သေဆုံးထိခိုက်ပြီး ပျူစခန်းတခုသိမ်း၊လက်နက်ခဲယမ်းတွေရရှိ

သတင်း

၁၀၂၇ စစ်ဆင်​ရေး နှင့် ရှမ်းမန်းစစ်ဆင်​ရေးပြန်PDF များပူး​ပေါင်းစစ်ဆင်​ရေးဖြစ်

သတင်း

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်ကစစ်ကောင်စီလက်အောက်ခံ မြင်းချင်း​ပျူကျေးရွာကနေ ပျူစောထီးတဦးဟာ လက်နက်ခဲယမ်းတွေ ယူဆောင်လာပြီး ကာကွယ်ရေးအဖွဲ့ထံ အလင်းဝင်လာခဲ့ပါတယ်။