close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ နတ်ရေကန်ဗျူဟာမှ ထွက်ပြေးလာသည့် တပ်သားသစ်နှစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ

မကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ နတ်ရေကန်ဗျူဟာစခန်းမှ ထွက်ပြေးလာသော တပ်သားသစ်နှစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIA) က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သားသစ်နှစ်ဦးထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများကို တွေ့ရစဥ်။ ဓာတ်ပုံ - PIA

ဇူလိုင်-၇၊ ၂၀၂၅။ ကျော်ဇော/People’s Spring

မကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ နတ်ရေကန်ဗျူဟာစခန်းမှ ထွက်ပြေးလာသော တပ်သားသစ်နှစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIA) က ထုတ်ပြန်သည်။

PIA၏ ယနေ့ထုတ်ပြန်ချက်အရ နတ်ရေကန်တောင်ဗျူဟာကုန်း၊ ငဖဲရေဒါထိန်းချုပ်ရေး ပင်မစခန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကို အီနာဂါ (၄)လုံး၊ လက်ပစ်ဗုံး (၃)လုံး၊ MA-1 (၁) လက်၊ MA-3 (၁) လက်၊ ကျည်ဘောက် (၇) ခု၊ 5.56 ကျည် (၂၈၀) တောင့်၊ စစ်ဦးထုပ် (၁) လုံး၊ အီကွေ့မန့် (၁)ခုတို့နှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း ဖော်ပြသည်။

“နတ်ရေကန်တောင် ဗျူဟာကုန်း အနီးနားမှာ ဖမ်းဆီးရမိတာပါခင်ဗျ။ စစ်ဆေးမေးမြန်းမှုအရ သူတို့ကတော့ ဗျူဟာကုန်းကနေ ထွက် ပြေးလာတယ်လို့ သိရပါတယ်။ သူတို့က တပ်မ (၉၉)ကပါ”ဟု ဖမ်းမိသုံ့ပန်းနှစ်ဦးနှင့်စပ်လျဥ်းပြီး ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIA)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ သုံ့ပန်းနှစ်ဦးအား သုံ့ပန်းဥပဒေနှင့်အညီလုံခြုံစွာထိန်းသိမ်းထားပြီး ၎င်းတို့သည် အဓမ္မစစ်မှုထမ်းရန် စုဆောင်းခံရပြီး နေပြည်တော်၊ ရမည်းသင်းလေ့ကျင့်ရေးသင်တန်းကျောင်းမှ သင်တန်းဆင်းကာ နတ်ရေကန်ဗျူဟာကုန်းသို့ ပို့ဆောင်ခံရသူများဖြစ်ကြောင်း PIA က အသိပေးသည်။

ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIA)အနေဖြင့် တပ်ဖွဲ့တစ်ခုတည်းရော မဟာမိတ်များနှင့်ပါ ပူးပေါင်း၍ ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း ၂၀ ဝန်းကျင်ရှိနေပြီး ၎င်းတို့အားလုံးကို ဥပဒေနှင့်အညီ ထိန်းသိမ်းထားသည်ဟု လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီ၏ မတရားအဓမ္မစစ်မှုထမ်းရန် စု ဆောင်းခံရမှုများ နိုင်ငံတဝန်း ဖြစ်ပွားလျက်ရှိရာ ယင်းစစ်မှုထမ်းတပ်သားသစ်များကို တိုက်ပွဲများအတွင်းသို့ ပို့ဆောင်ခြင်းခံနေရခြင်းကြောင့် PIA ၏စစ်ရေးလှုပ်ရှားခွင်အတွင်းရှိသော မကွေးဒေသနှင့် ပဲခူးဒေသရှိ ပြည်သူများအနေဖြင့် မိမိတို့၏ သား၊ သမီး၊ မိသားစုဝင်တို့အား အကြမ်းဖက်စစ်တပ်မှ မတရားအဓမ္မ စစ်မှုထမ်းခိုင်းစေရန် ခြိမ်းခြောက်လာပါက ပြည်သူ့လွတ် လပ်ရေးအဖွဲ့၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA)သို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း အသိပေးထားသည်။

အလားတူ အဓမ္မစစ်သားအဖြစ် စုဆောင်းခံခဲ့ရသူများအနေဖြင့်လည်း မိမိကိုယ်မိမိ စစ်ကောင် စီ၏ ဘက်တော်သားမဟုတ်ဟုခံယူကာ ရန်သူလက်အတွင်းမှ လွတ်မြောက်နိုင်ရန် အမြဲကြိုး စားကြံစည်လျက် ဆက်သွယ်နိုင်သည့် အချိန်တွင် PIO/PIA ထံသို့ ဆက်သွယ် ချိတ်ဆက်ပြီး လုံခြုံသော ပြည်သူ့ရင်ခွင်သို့ ပြန်လည်နားခိုဝင်ရောက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့အနီးမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်တပ်ရဲ့ စစ်ကြောင်းတွေက ‌ရှေ့တိုးလာနေတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

သတင်း

တီမောလက်စတီ(အရှေ့တီမော)အနေနဲ့ (၁၁)နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ခွင့်နဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီရဲ့ ကန့်ကွက်မှုဟာ ‘အဓိပ္ပာယ်မရှိ၊ ကျိုးကြောင်းညီညွတ်မှုမရှိ’ကြောင်း တီမောသမ္မတ ဟိုဆေးရာမို့စ်ဟော်တာက ပြောကြားလိုက်ပါတယ်။

သတင်း

မိုးဗြဲမြို့ရှိ လူနေအိမ် များကို စစ်ကောင်စီတပ်စစ်ကြောင်းကနေ့စဥ်မီးရှို့ဖျက်ဆီးနေပြီး မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေကြောင်းကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့အနီးတနေရာတွင် ယနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်များခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောသည်။