close
Connect with us

Hi, what are you looking for?

သတင်း

ရှေ့တန်းပြန် PDFတွေကို ကြိုဆိုဂုဏ်ပြုပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၂)မှာ ရှေ့တန်းပြန် PDF ရဲဘော်တွေကို ကြိုဆိုဂုဏ်ပြုခြင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဇူလိုင်-၂၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၂)မှာ ရှေ့တန်းပြန် PDF ရဲဘော်တွေကို ကြိုဆိုဂုဏ်ပြုခြင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ ကျေးရွာများသပိတ်ကော်မတီက ဦးဆောင်ပြီး သင်တန်းပြန်နဲ့ ရှေ့တန်းပြန် PDF ရဲဘော်တွေကို ကြိုဆိုဂုဏ်ပြုခဲ့ပြီး စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်ကြဖို့ လှုံဆော်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မြောက်ခြမ်း ကျေးရွာတစ်ရွာမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက အကြမ်းဖက်စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ကြွေးကြော်ဆန္ဒပြတဲ့ သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည်ရွှေရေကြည် သပိတ်ကော်မတီက ဒေသခံပြည်သူတွေနဲ့အတူ စစ်အာဏာရှင် ဆန့်ကျင်ရေး ညနေဆည်းဆာသပိတ် ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၃၀)မှာ စစ်ကောင်စီရဲ့ လေကြောင်းသုံးတိုက်ခိုက်မှုအလိုမရှိကြောင်းနဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဆန္ဒပြတဲ့ သပိတ် လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ ၊ ဒေသခံပြည်သူတွေကဒီကနေ့ (ဇွန်လ ၂၉)မှာစစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့ သပိတ် လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၂၈)မှာ "မင်းတို့စစ်ဖိနပ်အောက်မှာငါဘယ်တော့မှဒူးထောက်မှာမဟုတ်ဘူးကွ"စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြတဲ့သပိတ်လှုပ်ရှားမှုတွေပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းနဲ့တနင်္သာရီတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၂၇)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြတဲ့သပိတ်လှုပ်ရှားမှုတွေအသီးသီး ပြုလုပ်ခဲ့ကြပါတယ်။