close
Connect with us

Hi, what are you looking for?

သတင်း

ရှေးဟောင်းမြို့တော်ပုဂံမြို့တောင်ဘက်က ကျေးရွာတွေကို စစ်တပ်စစ်ကြောင်းထိုးနေ

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေပုဂံမြို့တောင်ဘက်က ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ပုဂံဗိုလ်ချိုတပ်ဖွဲ့က ပြောပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာလို့ ဘေးလွတ်ရာတိမ်းရှောင်နေကြတဲ့ ညောင်ဦးမြို့နယ်က ဒေသခံတွေ။ ဓာတ်ပုံ - ပေးပို့

ဇူလိုင်-၆၊ ၂၀၂၅။ People’s Spring

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေပုဂံမြို့တောင်ဘက်က ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ပုဂံဗိုလ်ချိုတပ်ဖွဲ့က ပြောပါတယ်။

ဒီကနေ့ (ဇူလိုင်၆ရက်)မှာ ညောင်ဦးမြို့ကထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပုဂံမြို့တောင်ဘက် ဟိုတယ်ဇုန်တွေရဲ့ တောင်ဘက်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာလို့ ပုဂံဗိုလ်ချိုတပ်ဖွဲ့က ပြောပါတယ်။

“အင်အား ၆၀လောက်ပါတယ်။ ညောင်ဦးကနေ ကားနဲ့လာပြီး ဂန့်ဂါရွာမှာ ကားတွေထားခဲ့ပြီး ကန်နီပေါက်ရွာကို စစ်ကြောင်းထိုးတယ်”လို့ ပုဂံဗိုလ်ချိုတပ်ဖွဲ့က ပြောပါတယ်။ လက်တလောမှာတော့ ကန်နီပေါက်ရွာဘေးနားက ကျောက်ကန်ကျေးရွာကို စစ်ကောင်စီတပ်စစ်ကြောင်း ရောက်နေပြီလို့လည်း ၎င်းကဆက်ပြောပါတယ်။အဆိုပါစစ်ကြောင်းကို တိုက်ခိုက်ဖို့စောင့်ကြည့်နေတယ်လို့လည်း ပုဂံဗိုလ်ချိုတပ်ဖွဲ့ကပြောပါတယ်။

Public Service Announcement

Public Service Announcement

“သူတို့က မိန်းလမ်းကျနေတော့ PDFစိုးမိုးမှာ ကြောက်လို့ ခဏခဏစစ်ကြောင်းထိုးနေတာ”လို့လည်း ပုဂံဗိုလ်ချိုတပ်ဖွဲ့ကသုံးသပ်ပါတယ်။

ပုဂံမြို့ခံတစ်ဦးကလည်း “စစ်ကားတွေ မြို့တောင်ဘက်ကိုတက်သွားတယ်။ ဂန့်ဂါနားက ရွာတွေကို တအားဖိနေတာ။ အဲနားက ရွာတွေလည်း အကုန်ရှောင်နေရပြီ။ အခု ကန်နီပေါက်နားက ရွာတွေပြေးကုန်ပြီ”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတတိယအပတ်ကလည်း စစ်တပ်ဟာ ပုဂံမြို့ရဲ့တောင်ဘက်ကကျေးရွာတွေကို တင့်ကားနှစ်စီးအသုံးပြုပြီး အင်အား ၅၀၀လောက်နဲ့ စတင်စစ်ကြောင်းထိုးခဲ့တယ်လို့ ပုဂံဗိုလ်ချိုတပ်က ပြောပါတယ်။ ပုဂံ – ချောက်လမ်းပိုင်းကြားမှာရှိတဲ့ ကျေးရွာတွေ ၃၀ လောက်ကို စစ်ကြောင်း ထိုးခဲ့တာလို့ ဆိုပါတယ်။ စစ်ကြောင်းထိုးတဲ့ တလျှောက်မှာလည်း ကျေးရွာတွေ မီးရှို့ဖျက်ဆီး၊ ဒေသခံတွေ သတ်ဖြတ်၊ဖမ်းဆီးခေါ်ဆောင်နေလို့ ဒေသခံတွေဟာ ဘေးလွတ်ရာတိမ်းရှောင်နေရတာဖြစ်ပါတယ်။

ဇူလိုင် ၂ရက်ကလည်း ညောင်ဦးမြို့ အရှေ့ဘက်၊ ငါ့သရောက်မြို့တောင်ဘက်က (၅)မိုင်ခန့်အကွာမှာရှိတဲ့ တောင်တောရွာ၊ ရွာပုလဲရွာ နဲ့ဖလန်ကန် ကျေးရွာ‌‌ကြားတွေမှာ တော်လှန်ရေးပူးပေါင်းတပ် တွေနဲ့ စစ်ကောင်စီတပ် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တော်လှန်ရေးရဲဘော် ၁၀ဦးခန့် ကျဆုံးခဲ့ရပါတယ်။

၂၀၂၅ခုနှစ်အတွင်း ရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ တိုက်ပွဲ ၁၀ကြိမ်ထက်မနည်းဖြစ်ပွားခဲ့တယ်လို့လည်း ညောင်ဦး ပကဖက ပြောပါတယ်။

ညောင်ဦးမြို့နယ်အတွင်းက ဒေသခံလူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးတာတွေအပြင် ရွာတွေမှာ ပျူစောထီးတပ်ဖွဲ့ဝင်တွေကို လုံခြုံရေး သင်တန်းတွေ ပေးနေတာကြောင့် ဒီအခြေအနေတွေကို လက်မခံနိုင်တဲ့အတွက် ၂၀၂၅ ခုနှစ်ထဲမှာ ပုဂံဒေသမှာ စစ်ဆင်ရေးဖော်ဆောင်တာလို့ ညောင်ဦးပကဖက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၏ ဝင်ပေါက်၊ထွက်ပေါက်ဖြစ်ရာ စစ်ကိုင်းမြို့နယ်ကို စစ်ကောင်စီက စစ်ကြောင်းသုံးကြောင်းဖြင့် အင်အား ၁,၀၀၀ ဝန်းကျင်အသုံးပြုထိုးစစ်ဆင်နေကြောင်း စစ်ကိုင်းပြည်သူ့ကာကွယ် ရေးတပ်မတော် (စစ်ကိုင်း-PDF) တာဝန်ရှိသူကပြောသည်။

ဆောင်းပါး

ရန်ကုန်-ပုဂံညောင်ဦး ခရီးသည်တင်ဘတ်စ် ကားဟာ အောင်မင်္ဂလာအဝေးပြေးဝန်းကနေ မနက် ၇ နာရီခွဲမှာ စထွက်ပါတယ်။ မနက် ၈ နာရီမထိုးခင် ရန်ကုန်-မန္တလေးအမြန်လမ်းအစ ဇီးရိုးမိုင်ကို ရောက်လာခဲ့တယ်။

သတင်း

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ရှေးဟောင်းပုဂံ၊ညောင်ဦးမြို့နယ်အတွင်း စစ်ရေးအရ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကချမှတ်ထားသည့် စည်းမျဉ်းများနှင့်အညီ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်သွားမည်ဟု ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)မြို့နယ်တာဝန်ခံ ကိုလင်းက ပြောသည်။

သတင်း

စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့က တန်ဖိုးကြီးရှေးဟောင်းပစ္စည်းအများအပြားကို သက်သေခံပစ္စည်းစာရင်းတွင် သွင်းမထားဘဲ ယူဆောင်သွားပြီဟု ဒေသခံများက ပြောသည်။