close
Connect with us

Hi, what are you looking for?

သတင်း

ချင်းပြည်နယ်မှာ ဖမ်းမိတဲ့မူးယစ် ဆေးဝါးတွေဟာတပ်ရင်းနဲ့ မဆိုင်ဘူးလို့ယင်းမာပင်ခရိုင်တပ်ရင်း (၁၅) ငြင်းဆို

NUG ကာကွယ်​ရေးဝန်ကြီးဌာနရဲ့ စစ်​ဆေးမှုကိုခံယူမယ်လို့ဆို

ဖမ်းဆီးရမိသော မူးယစ်ဆေးများနှင့် သယ်ဆောင်လာသူ ငါးဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF ဟားခါး

ဇူလိုင်-၁၀၊၂၀၂၅။ရှိန်း/People’s Spring

ချင်းပြည်နယ်မှာမူးယစ်ဆေးဝါး​တွေသယ်လာတဲ့ကား ၂ စီးနဲ့ ရဲဘော်တွေဖမ်းဆီးရမိတဲ့ဖြစ်စဥ်မှာ မူးယစ်​ဆေးဝါး​တွေသယ်တာဟာ ရဲ​ဘော်​တွေရဲ့လုပ်ရပ်သာဖြစ်ပြီး တပ်ရင်းနဲ့ မဆိုင်ဘူးလို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၅က ထုတ်ပြန်ငြင်းဆိုပါတယ်။

မူးယစ်ဆေးတွေသယ်လာတဲ့ ကားနှစ်စီးကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၄ က ကိုဇော်နောင်၊ရွှေကြက်သွန်ရွာက ကျေးရွာပကဖ အဖွဲ့ဝင်၊CBE29(YSO)ရဲ့ ကျောင်းအုပ် ကိုအာကာဖြိုး ၊ယာဥ်​မောင်းကိုကျော်ဟိန်း၊ယာဥ်​နောက်လိုက်ကိုဝေမိုးအောင်တို့ ကိုဟားခါးမြို့နယ်အတွင်းဇူလိုင် ၉ ရက်မှာ ဖမ်းဆီးမိခဲ့တယ်လို့ Chinland Defense Force-Hakha(CDF-ဟားခါး)ကဇူလိုင် ၁၀ ရက်မှာထုတ်ပြန်ထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ယင်းမာပင်ခရိုင်တပ်ရင်း ၁၅က တပ်ရင်းမှူး လက်မှတ်နဲ့ ရဲဘော်၄‌ ယောက်၊​သေနတ် ၂ လက်၊ကား၂စီးနဲ့ ဖောက်ခွဲရေး ယမ်းပစ္စည်းများသယ်ယူရန် ထောက်ခံစာ ပေးအပ်ခဲ့သည်မှာ မှန်ကန်ပြီး မူးယစ် ဆေး သယ်ဆောင်ခဲ့တာဟာ ရဲဘော်များရဲ့ ပုဂ္ဂလိက လုပ်ရပ်သာဖြစ်ပြီး တပ်ရင်းနဲ့ မပတ်သက် ကြောင်း ဒီနေ့(ဇူလိုင် ၁၀ ) ညနေပိုင်းမှာ တပ်ရင်း ၁၅ က ထုတ်ပြန်လာတာဖြစ်ပါတယ်။ဒါအပြင်တပ်ရင်း (၁၅)ကရဲ​ဘော်​မောင်​ဇော်လတ်ကိုဖောက်ခွဲ​ရေးပစ္စည်းတွေသွားသယ်ဖို့အတွက် ​ရေး​ပေးထားတယ်ဆိုတဲ့ထောက်ခံစာဆိုတဲ့ စာရွက် ၁ ရွက်ကိုလည်း ​ဖော်ပြထားပါ​သေးတယ် ။

Public Service Announcement

Public Service Announcement

ယခုဖြစ်စဉ်ကိုလည်းတပ်ရင်းကစုံစမ်းနေပြီး လွတ်မြောက်နေသော ရဲဘော်ကို ဇော်လတ်၊ကိုပုတီး တို့ကိုလည်းဖမ်းဆီးအရေးယူသွားမယ်လို့ဆိုပါတယ်။အခုကိစ္စနဲ့ပတ်သက်ပြီး​တော့ အမျိုးသားညီညွတ်​ရေးအစိုးရ ၊ကာကွယ်​ရေးဝန်ကြီးဌာနရဲ့ စစ် ဆေးမှုကိုလည်းခံယူသွားမယ်လို့ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန(MOD) ပြောရေးဆိုခွင့်ရှိသူ ဒုအတွင်းဝန်ဦးမောင်မောင်ဆွေက “ယင်းမာပင်တပ်ရင်း(၁၄/၁၅)များကိစ္စကို စစ်ဆေးဆောင်ရွက်နေပါတယ်။ ပြီးရင် ထုတ်ပြန်ပေးပါ့မယ်”လို့ ဇူလိုင် ၁၀ ရက် ​​နေ့ခင်းပိုင်းကပြောပါတယ်။

NUG ကမထုတ်ပြန်​သေးခင် ယင်းမာပင်ခရိုင်တပ်ရင်း (၁၅)က အခုလိုထုတ်ပြန်ငြင်းဆိုခဲ့တာဖြစ်ပါတယ်။

ကား တွေနဲ့အတူဖမ်းမိခဲ့တဲ့ ကားသမားကို ကျော်ဟိန်းကတော့ ဒီမူးယစ်ဆေးတွေကိုဆားလင်းကြီး မြို့နယ်၊ငွေသာကျေးရွာအနီး တပ်ရင်း ၁၅ ရဲ့ နေရာကနေ တင်လာခဲ့တာလို့ CDF ဟားခါးကရဲ​​ဘော်​တွေရဲ့​မေးမြန်းမှုကိုဖြေကြားထားပါတယ်။

ဒါအပြင် ယင်းမာပင်ခရိုင်တပ်ရင်း(၁၄)မှ ကိုဇော်နောင်ဆိုတဲ့ ရဲဘော်က​တော့ တပ်ခွဲမှူး ကိုပုတီးနေထိုင်တဲ့နေရာက​နေသယ်လာတာဖြစ် ပြီးလေးခေါက်မြောက် လို့ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရဲဘော်အချို့ မူးယစ်ဆေးဝါးသယ်ယူတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီးဆောင်ရွက်သင့်တာ အားလုံးကို အမြန်ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန(MOD) ပြောရေးဆိုခွင့်ရှိသူ ဒုအတွင်းဝန်ဦးမောင်မောင်ဆွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကောင်စီသေဆုံးထိခိုက်များပြီးစစ်သုံ့ပန်း ၃ ဦး၊လက်နက် ၉လက်ထက်မနည်းသိမ်းဆည်းရရှိ ၊ချင်း​တော်လှန်​ရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံး

သတင်း

AAသည်အိမ်နီးချင်းကောင်းထက်ပိုသည့် ရဲဘော်ရဲဘက်ဖြစ်၍ ဆွေးနွေးညှိနှိုင်း အဖြေရှာမည်ဟု အသိပေး