close
Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့နယ်မှာရိက္ခာပို့စစ်ကြောင်းကို PDF​တွေတိုက်ခိုက်၊ စစ်သား၃၀ဦးသေပြီး ၃ဦးဖမ်းဆီးခံရ

မန္တလေးတိုင်း၊မြင်းခြံခရိုင်ထဲကရွာ‌​တွေက စစ်တပ်ဆီကိုလက်နက်နဲ့ရိက္ခာပို့လာတဲ့စစ်တပ်ယာဉ်တန်းနဲ့ လုံခြုံရေးယူလာတဲ့ စစ်သား​တွေကို PDF ​တွေကတိုက်ခိုက်တာမှာစစ်သား၃၀ကျော်သေဆုံးပြီး ရိက္ခာပို့ယာဉ်နှစ်စီးကို နဲ့သုံ့ပန်း၃ဦးကိ ဖမ်း‌ဆီးရရှိမိခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း-၇ (Zero ပျောက်ကြားတပ်ဖွဲ့) ကတာဝန်ရှိသူက​ပြောပါတယ်။

စစ်တပ်ဆီက သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းစစ်အသုံးအ​ဆောင်နဲ့ စစ်သုံ့ပန်း ၂ ဦးကို PDF ​တွေနဲ့အတူ​တွေ့ရစဥ်။ဓါတ်ပုံ- မြင်းခြံခရိုင်တပ်ရင်း-၇ (Zero ပျောက်ကြားတပ်ဖွဲ့

ဇူလိုင်-၄၊၂၀၂၅။ မေ/People’s Spring

မန္တလေးတိုင်း၊မြင်းခြံခရိုင်ထဲကရွာ‌​တွေက စစ်တပ်ဆီကိုလက်နက်နဲ့ရိက္ခာပို့လာတဲ့စစ်တပ်ယာဉ်တန်းနဲ့ လုံခြုံရေးယူလာတဲ့ စစ်သား​တွေကို PDF ​တွေကတိုက်ခိုက်တာမှာစစ်သား၃၀ကျော်သေဆုံးပြီး ရိက္ခာပို့ယာဉ်နှစ်စီးကို နဲ့သုံ့ပန်း၃ဦးကိ ဖမ်း‌ဆီးရရှိမိခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း-၇ (Zero ပျောက်ကြားတပ်ဖွဲ့) ကတာဝန်ရှိသူက​ပြောပါတယ်။

ဇူလိုင်လ ၂ ရက်နဲ့ ၃ ရက်မှာ မြို့သာမြို့ဘက်ကနေ ငါန်းဇွန်၊ငမြာကြီးကျေးရွာ တွေဘက်ကိုလက်နက်ခဲယမ်းကားအပါအဝင်ရိက္ခာပို့စစ်ကား ၅စီးကို အင်အား၁၀၀ပါ စစ်ကြောင်းထွက်လာတယ်လို့သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ မြင်းခြံနဲ့ ငါန်းဇွန်မြို့နယ်အစပ်မှာ တော်လှန်ရေးတပ်တွေ ကြိုတင်ထောင်ထားတဲ့ မိုင်း​တွေထိသွားတယ်လို့ တပ်ရင်း (၇) တာဝန်ခံဗိုလ်သက်ကြီးပြောပါတယ်။

Public Service Announcement

Public Service Announcement

မိုင်း​တွေထိပြီး စစ်ကြောင်းကဖရိုဖရဲနဲ့ ခြံပုတ် တွေကို သေနတ်နဲ့ ပစ်ခတ်ပြီး လျှိုထဲဝင်ပြေးချိန် အ ပေါ်စီးကနေ တော်လှန်ရေး တပ်တွေဟာစနိုက်ဘာနဲ့ ပစ်ခတ်ခဲ့တာလို့သိရပါတယ်။

“အဲဒီမှာ ကျွန် တော်တို့ပထမဆုံးပစ်ခတ်ခဲ့တာ စစ်ကြောင်းမှူးပဲ။ယူနီဖောင်းနဲ့။အဲဒီမှာဖရိုဖရဲဖြစ်တဲ့အချိန် ဂန်းငယ် တွေနဲ့ဆက်ပစ်တယ်။သူတို့က ကျွန် တော်တို့ ပစ်ပြီး ပြေးမယ်ထင်ပြီး ပြန်လိုက်တဲ့အချိန်မှာကျွန်တော်တို့ကကာထားပြီး RPG နှစ်လုံး ပစ်သွင်းလိုက်ချိန်မှာ တော်တော်များများ သေသွားတာ တွေ့ရတယ်”လို့ဗိုလ်သက်ကြီးက ပြောပါတယ်။

အဲဒီနောက်ကျန်နေတဲ့စစ်သားတွေဟာ ရိက္ခာကားနှစ်စီးကို အကာကွယ်ယူကာ ခဲယမ်းကားတစီးကို ရအောင် ပြန်ယူပြီး မြို့သာဘက်ကိုတပ်ပြန်ဆုတ်သွားတယ်လို့သိရပါတယ်။

“ဒါတောင်မှ သေတဲ့ ​ေးတွေရဲ့ အလက်တချို့ပြန်ကောက်ပြီး တင်မောင်းသွားတာရှိတယ်။အဲ့မှာ ကျွန်တော်တို့ကလိုက်ပစ်တော့ကားပေါ်မှာသုံးလေးယောက် လောက်ထပ် သေသွားတယ်”လို့ ‌‌‌‌ဗိုလ်သက်ကြီးဆက်ပြောပါတယ်။

တိုက်ပွဲဟာ မနက် ၇ နာရီကျော်ကနေ ၁ဝနာရီလောက်အထိ ၄ နာရီနီးပါးကြာခဲ့ပြီး မြို့သာဘက်က စစ်တပ်ကလည်းလက်နက်ကြီး ၊ဟောင်ဝစ်ဆာနဲ့ပစ်ခတ်သလို ဂျက်ဖိုက်တာလည်းတက်လာတာမို့ တပ်ပြန်ဆုတ်ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီနောက် နယ် မြေရှင်းလင်း ရေးလုပ်ချိန် စစ်သားအလောင်း ၃၀ ကျော် တွေ့ရှိခဲ့ပြီးစစ်သုံ့ပန်း ၃ ဦးဖမ်းမိကာ တဦးဟာ ရဲဘော်ရဲ့ လက်နက်ကိုလာလုတာမို့ ရှင်းလင်းလိုက်ရတယ်လို့ဆိုပါတယ်။

ထုတ်ပြန်ချက်မှာ စစ်သားအ​လောင်း​တွေရဲ့ဓါတ်ပုံ​တွေနဲ့တကွထုတ်ပြန်ထားတာ​တွေ့ရပါတယ် ။စစ်သားရုပ်အ​လောင်း​တွေကို People’s Spring တယ်လီဂရန်ချန်နယ် https://t.me/PeopleSpring/81353?single မှာ​ဖော်ပြထားပါတယ် ။

ဒီတိုက်ပွဲကို မြင်းခြံခရိုင်တပ်ရင်း-၇နဲ့မန္တလေးခရိုင်တပ်ရင်း ၅ မဟာမိတ်တပ်ဖွဲ့ တွေ ပူး ပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်(၇)ဦးထက်မနည်းသေဆုံး၊ စစ်သုံ့ပန်း(၂၂)ဦးနှင့် လက်နက်အများအပြားသိမ်းဆည်းရရှိ

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင်၂၀ဦးထက်မနည်းသေဆုံး ရဲအုပ်ပါအဝင် ၃ဦး ဖမ်းမိ၊ လက်နက် ၁၆လက်ရ

သတင်း

ထိုင်းတွင် ဗီဇာသက်တမ်းလွန်၍ ဖမ်းဆီးခံရပြီးနောက် ထိုင်းရဲတပ်ဖွဲ့က စစ်ကောင်စီထံ လွှဲပေးလိုက်သည့် လူငယ်(၄)ဦးသည် စစ်သင်တန်းသို့ ပို့ဆောင်ခံလိုက်ရပြီး ထွက်ပြေးလွတ်မြောက်လာကြောင်း မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက သတင်းထုတ်ပြန်သည်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်ရှိ ထိကပလယ် တပ်စခန်းမှ ထွက်ပြေးသည့် စစ်သားများကို KNU ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်က လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်တပ်အထိနာခဲ့ဟုကရင်သတင်းရင်းမြစ်တဦးက ပြောသည်။