ဇွန်-၃၊၂၀၂၅။နေ့သစ်/People’s Spring
မြန်မာ−ထိုင်းနယ်စပ်က စစ်တပ်ရဲ့ လက်ကျန်စခန်းတွေကို KNLA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက် နေချိန်မှာ ထိုင်းစစ်တပ်က နယ်စပ်လုံခြုံရေးကိုမြှင့်ထားပြီး အခြေအနေကို စောင့်ကြည့်နေတယ်လို့ ထိုင်းနယ်စပ်ကလာတဲ့ သတင်းတွေအရ သိရပါတယ် ။
KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက KNU တပ်မဟာ ၇ ၊ တပ်မဟာ ၆ ၊ တပ်မဟာ ၄ က ထိုင်းနယ်စပ်တလျှောက်မှာရှိတဲ့ စစ်တပ်စခန်းတွေကို ဧပြီလကစပြီထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နေတာပါ။ KNU ဌာနချုပ်ရှိတဲ့တပ်မဟာ (၇)က စခန်းတွေကို မေလမှာဆက်တိုက်သိမ်းပိုက်ခဲ့ပြီး ဇွန်လမှာ တပ်မဟာ (၆)က နယ်စပ်ကစစ်စခန်းတွေကိုဆက်တိုက်သိမ်းပိုက်ခဲ့ပါတယ်။ဒါကြောင့် အခုဆိုရင် မြဝတီမြို့တောင်ဘက်မှာ ဝေါလေဗျူဟာ၊ ဥကရစ်ထစခန်း ၊တီသဲလယ်ကာကင်းစခန်းတို့ပဲကျန်ပါတော့တယ် ။ကျန်နေတဲ့ စစ်စခန်းတွေကို ဒီရက်မှာ KNLA ၊KNDO ၊PDF စတဲ့ ပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေပါတယ် ။
တီသဲလယ်စစ်စခန်းကိုတော်လှန်ရေးတပ်တွေက ဒရုန်းတွေအသုံးပြုတိုက်ခိုက်သလို စစ်တပ်ကလည်း လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ခတ်နေတယ်လို့ ထိုင်းနယ်စပ်က ဒေသတွင်းသတင်းဌာနအချို့ကဖော်ပြပါတယ် ။တိုက်ပွဲတွေဖြစ်ပွားနေစဥ်မှာ ဒေသခံပြည်သူ ၃ ဦးဒဏ်ရာရတဲ့အတွက် ထိုင်းနယ်စပ်ဘက်ခြမ်းကူလာပြီးဆေးကုသမှုခံယူတာကိုကူညီကုသပေးနေတယ်လို့ ထိုင်းနယ်စပ်သတင်းတွေကိုဖော်ပြပေးတဲ့ AEC သတင်းဌာနကဖော်ပြပါတယ် ။

Public Service Announcement
ဒါအပြင် တိုက်ပွဲဖြစ်ပွားနေတဲ့နေရာအနီးက ဒေသခံပြည်သူတွေထိုင်းဘက်ခြမ်းကိုထွက်ပြေးတိမ်းရှောင်တဲ့အတွက် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကူညီနေရာချထားပေးနေကြတာကိုလည်း သတင်းဓါတ်ပုံတွေမှာတွေ့ရပါတယ် ။ နယ်စပ်လုံခြုံရေးကို ၂၄ နာရီ စောင့်ကြည့်တာဝန်ထမ်းဆောင်နေတယ်လို့ထိုင်းလုံခြုံရေးအဖွဲ့တွေကထုတ်ပြန်ထားပါတယ် ။
တော်လှန်းရေးတပ်ဖွဲ့တွေဟာ ဥကရစ်ထတပ်စခန်းကို ပြီးခဲ့တဲ့ ဇွန်လ ၁၁ရက်က စတင်ပိတ်ဆို့ထားပြီး ရက်ပေါင်း ၂၀ကျော်အကြာမှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေဟာ အဲဒီနယ်စပ်တကြောက ဝေါ်လေဗျူဟာကုန်းတပ်စခန်းကိုလည်း တပြိုင်းတည်း ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
