close
Connect with us

Hi, what are you looking for?

သတင်း

တော်လှန်​ရေးအဖွဲ့တွေပစ်ချခဲ့တဲ့ စစ်​တပ်တိုက်​လေယာဥ် ၊ ရဟတ်ယာဥ်အနည်းဆုံး၁၃ စီးရှိလာ

ကရင်နီပြည် ၊ဖား​ဆောင်းမြို့တိုက်ပွဲမှာ ကရင်နီတပ်​ပေါင်းစုက စစ်​ကောင်စီရဲ့ FTC 2000 G တိုက်​လေယာဥ်ကိုပစ်ချခဲ့တာဖြစ်တယ်လို့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ -JCS ကအတည်ပြုထုတ်ပြန်တဲ့အတွက် စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​တော်လှန်​ရေးအဖွဲ့​တွေက ပစ်ချတဲ့တိုက်​လေယာဥ်နဲ့ ရဟတ်ယာဥ် အနည်းဆုံး ၁၃ စီးရှိလာပြီဖြစ်ပါတယ်။

ဇူလိုင်-၄၊၂၀၂၅။ဒီပ/People’s Spring

ကရင်နီပြည် ၊ဖား​ဆောင်းမြို့တိုက်ပွဲမှာ ကရင်နီတပ်​ပေါင်းစုက စစ်​ကောင်စီရဲ့ FTC 2000 G တိုက်​လေယာဥ်ကိုပစ်ချခဲ့တာဖြစ်တယ်လို့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ -JCS ကအတည်ပြုထုတ်ပြန်တဲ့အတွက် စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​တော်လှန်​ရေးအဖွဲ့​တွေက ပစ်ချတဲ့တိုက်​လေယာဥ်နဲ့ ရဟတ်ယာဥ် အနည်းဆုံး ၁၃ စီးရှိလာပြီဖြစ်ပါတယ် ။

ဖား​ဆောင်းမြို့က စစ်တပ်ရဲ့ တပ်ရင်း ၂ ရင်းကိုထိုးစစ်ဆင်​နေချိန်မှာ ဇူလိုင် ၂ ရက် ၊နံနက် ၁ နာရီခန့်မှာ ဖားဆောင်းမြို့ တိုက်ပွဲကို ဗုံးလာကြဲတဲ့စစ်ကောင်စီဂျက်လေယာဥ်၄စီးကို ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်​တွေက တန်ပြန်တိုက်ခိုက်ရာ တရုတ်နိုင်ငံထုတ် FTC 2000 G တိုက်လေယာဥ်တစ်စီးကို ပစ်ချနိုင်ခဲ့တာလို့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ -JCSကထုတ်ပြန်ပါတယ်။

ပစ်ခတ်ခံရပြီး ပျက်ကျသွားတဲ့ တိုက်လေယာဥ်ကိုဇူလိုင် ၃ရက်မွန်းလွဲ ၂ နာရီခန့်မှာဖားဆောင်းမြို့အနီးမှာရှာဖွေတွေ့ရှိခဲ့ပြီး​တော့ တိုက်လေယာဥ်ကိုယ်ထည်အပျက်အစီး​တွေနဲ့အတူ လေယာဥ်မှူးနှစ်ဦး ရဲ့ရုပ်အလောင်းအပိုင်းအစများကိုပါတွေ့ရှိခဲ့တယ်လို့ JCS က အသိ​ပေးပါတယ် ။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီက​တော့ ဇူလိုင် ၁ ရက်ညကတိုက်​လေယာဥ်ဟာ​လေ့ကျင့်ပျံသန်းစဥ် စက်ချို့ယွင်းမှု ဒါမှမဟုတ်ရာသီဥတုဆိုးရွားမှုတခုခု​ကြောင့်အဆက်အသွယ်ပျက်​ပျောက်သွားတာလို့ဆိုပါတယ်။တိုက်ပွဲပြင်းထန်း​နေတဲ့ ဖား​ဆောင်မြို့ဘက်ကို ညအချိန် ​လေ့ကျင့်ပျံသန်းတယ်ဆိုတဲ့ စစ်​ကောင်စီရဲ့ထုတ်ပြန်မှု အ​ပေါ် ​မေးခွန်းထုတ်မှု​တွေလည်းရှိနေကြပါတယ် ။

​နွေဦး​တော်လှန်​ရေးမှာ ကရင်နီတပ်​​ပေါင်းစုက ပစ်ချနိုင်ခဲ့တဲ့ စစ်တပ် တိုက်​လေယာဥ်နဲ့ ရဟတ်ယာဥ် ၄ စီးအထိရှိလာပါတယ် ။ထူးခြားတာက ၄ စင်းမှာ ၃ စင်းက တိုက်​လေယာဥ်ဖြစ်​နေတာပါ။

မယ့်စဲမြို့နယ်ကစစ်စခန်း​တွေကို ထိုးစစ်ဆင်​နေတဲ့ ၂၀၂၃ ဇွန်လ ၃၀ ရက်​နေ့မှာ ကရင်နီတပ်​ပေါင်းစုက ရွာသစ်မြို့အနီးမှာ စစ်တပ်ရဲ့ K-8W အ​ပေါ့စားတိုက်​လေယာဥ်ကို ပစ်ချခဲ့ပါတယ်။

အလားတူ တစ်​လေးလုံးစစ်ဆင်​ရေး စခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ လ ၁၁ ရက်​နေ့မှာ ကရင်နီပူး​ပေါင်းတပ်​တွေက K-8W အ​ပေါ့စားတိုက်​လေယာဥ် တစ်စင်းကို ထပ်မံပစ်ချခဲ့နိုင်ခဲ့တယ်။တိုက်​လေယာဥ်မောင်း ၁ဦးကိုပါဖမ်းဆီး အ​ရေးယူနိုင်ခဲ့တာပါ။

ဒါအပြင် ၂၀၂၄ ​မေ ၂၆ရက်​​နေ့မှာ ကရင်နီတပ်​ပေါင်းစုက ဖား​ဆောင်းမြို့နယ်တိုက်ပွဲမှာပဲ စစ်တပ်ရဲ့ Mi-17 ရဟတ်ယာဥ်ကို ပစ်ချခဲ့တာမှာ ရဟတ်ယာဥ်မှာ ​ဘောလခဲမြို့မှာ ပျက်ကျခဲ့ပါတယ် ။ဒါ​ကြောင့် ဖား​ဆောင်းမြို့နယ်တိုက်ပွဲမှာပဲစစ်တပ်ရဲ့ တိုက်​လေယာဥ်နဲ့ ရဟတ်ယာဥ် ၂ စင်းကိုပစ်ချနိုင်ခဲ့တာဖြစ်ပါတယ် ။

စစ်အုပ်စုအာဏာသိမ်းပြီး​နောက်ပိုင်းစစ်တပ်ရဲ့ တိုက်​လေယာဥ် ၊ရဟတ်ယာဥ်​တွေကို အများဆုံးပစ်ခတ်ဖျက်ဆီးနိုင်တာက KIA ဖြစ်ပါတယ် ။

KIA က စစ်တပ်ရဟတ်ယာဥ်နဲ့တိုက်​လေယာဥ် ၅ စီးကိုပစ်ချထားပါတယ် ။ ကရင်နီတပ်​ပေါင်းစုကလည်း စစ်​ကောင်စီရဲ့ တိုက်​လေယာဥ် ၊ရဟတ်ယာဥ် ၄ စီးအထိပစ်ချဖျက်ဆီးထားနိုင်တာမို့ ဒုတိယအများဆုံး​တော်လှန်​ရေးအဖွဲ့​ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စမတ်ကတ်လို့ လူသိများတဲ့ Unique Identification Number (UID) ထုတ်ပေးတာကို အဆင့်မြှင့်တင်ဖို့အတွက် ဒီနေ့ (ဇူလိုင် ၄ ရက်) ကစတင်ပြီး ယာယီရပ်နားထားမယ်လို့ စစ်ကောင်စီ လက်အောက်ခံ လဝက ဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။

သတင်း

အရက်ဝယ်ရန် ထွက်လာသည့် စစ်ကောင်စီ ရဲနှစ်ဦးကို ဖမ်းမိခဲ့ကြောင်း တောင်သာ ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာဝန်ရှိသူ လူထုနွေဦးသို့ ပြောသည်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဝေါရွာသစ်ကျေးရွာကို စစ်တပ်က လေကြောင်းနဲ့ကော လက်နက်ကြီးနဲ့ပါ တိုက်ခိုက်လို့ ကလေးတစ်ဦး အပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး နို့စို့ကလေး အပါအဝင် ၁၇ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်ပါတယ်။