close
Connect with us

Hi, what are you looking for?

သတင်း

တော်လှန်​ရေးတပ်​တွေ ဥကရစ်ထ နဲ့​ ဝေါ​လေဗျူဟာကိုထိုးစစ်ဆင်၊ စစ်တပ်အထိနာ​​နေ

မြန်မာ−ထိုင်းနယ်စပ်၊ စစ်တပ်ရဲ့ခြေကုပ်စခန်းဖြစ်တဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒီကနေ့(ဇူလိုင် ၃ရက်)မှာ စတင်တိုက်ခိုက်တဲ့နေ့မှာဘဲစစ်ကောင်စီတပ် သေဆုံးထိခိုက်မှုတွေများနေတယ်လို့လူထုနွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဥကရစ်ထစခန်း၊ ​​ဝေါ​လေဗျူဟာတို့ကို Google Earth တွင်​တွေ့ရပုံ

“ကာမီကာဇေအသေခံဒရုန်းတွေနဲ့ချတာ ကတုတ်ကျင်းတွေထဲ ကွက်တိကျတယ်။ သေတာ မနည်းဘူးစကစတွေ။ မကြာမီ သတင်းကောင်းကြားရတော့မှာပါ”

— ကရင်စစ်​ရေးရင်းမြစ်

ဇွန်-၃၊၂၀၂၅၊DEE/People Spring

မြန်မာ−ထိုင်းနယ်စပ်၊ စစ်တပ်ရဲ့ခြေကုပ်စခန်းဖြစ်တဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒီကနေ့(ဇူလိုင် ၃ရက်)မှာ စတင်တိုက်ခိုက်တဲ့နေ့မှာဘဲစစ်ကောင်စီတပ် သေဆုံးထိခိုက်မှုတွေများနေတယ်လို့လူထုနွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဥကရစ်ထတပ်စခန်းကို မြေပြင်အပြင်ဝေဟင်ကပါဒရုန်းတွေနဲ့ တိုက်ခိုက်နေတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ကာမီကာဇေအသေခံဒရုန်းတွေနဲ့ချတာ ကတုတ်ကျင်းတွေထဲ ကွက်တိကျတယ်။ သေတာ မနည်းဘူးစကစတွေ။ မကြာမီ သတင်းကောင်းကြားရတော့မှာပါ”လို့ ၎င်းက ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

တော်လှန်းရေးတပ်ဖွဲ့တွေဟာ ဥကရစ်ထတပ်စခန်းကို ပြီးခဲ့တဲ့ ဇွန်လ ၁၁ရက်က စတင်ပိတ်ဆို့ထားပြီး ရက်ပေါင်း ၂၀ကျော်အကြာမှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စတင်ပိတ်ဆို့စဉ်က တစ်ဖက် ထိုင်းနိုင်ငံ စစ်တပ်ရဲ့ ဂျန်မာ(Jammer)ချထားမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ ဒရုန်းလွှတ်တင်မှု အခက်တွေ့ခဲ့ကြတယ်လို့ စုံစမ်းသိရပါတယ်။

ဥကရစ်ထရွာဟာ မြဝတီမြို့တောင်ဘက်လေးကေကော်ဒေသနှင့် မြဝတီမြို့ရဲ့ အရှေ့တောင်ဘက် ဝေါ်လေဒေသကို ဆက်သွယ်ထားတဲ့ ကားလမ်းကြောင်းပေါ်မှာ တည်ရှိပြီး စစ်ကောင်စီရဲ့ အဓိကတပ်စခန်းဟာ ဥကရစ်ထရွာရဲ့ မြောက်ဘက် ရွာလမ်းမကြီးဘေးမှာ တည်ရှိပါတယ်။

စစ်တပ်က သက်ရှိစည်းရိုးလို့ အမည်နဲ့ ဝါဒဖြန့်ဇာတ်ကားရိုက်ခဲ့တဲ့ ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့​တွေက၂၀၂၂ ဇွန် ၂၆ ရက်မှာပထမတစ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။စခန်းရဲ့​နေရာအချို့ကိုသိမ်းပိုက်နိုင်ခဲ့​ပေမယ့်အပြီးသတ်မသိမ်းပိုက်နိုင်ခဲ့ပါဘူး။ ပထမအကြိမ်ထိုးစစ်ရဲ့ ၃ နှစ်နီးပါးရှိလာချိန်မှာပဲကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်ခံ ကရင်လွတ်မြောက်

ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ PDFပူးပေါင်း စစ်ကြောင်းတွေကထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ ဒါ​​ကြောင့် ဒီတကြိမ်ထိုးစစ်မှာKNLA ဦး​ဆောင်ပြီး တော်လှန်​ရေးအဖွဲ့​တွေပိုစုံလာတာဖြစ်ပါတယ် ။

ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေဟာ အဲဒီနယ်စပ်တကြောက ဝေါ်လေဗျူဟာကုန်းတပ်စခန်းကိုလည်း တပြိုင်းတည်း ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့အရှေ့တောင်ဘက်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို တော်လှန်ရေးတပ်တွေက မနေ့က ဇူလိုင် ၂ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“ဝေါ်လေလည်း သေနေတာပဲ။ဝေါ်လေရော ဥကရစ်ထရော အတော်များတယ်သေတာစကစ”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဝေါ်လေဗျူဟာကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေကကာလရှည် ပိတ်ဆို့ဖြတ်​တောက်ထားတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ဝေါ်လေဗျူဟာကုန်းဟာ ဝေါ်လေကျေးရွာရဲ့တောင်ဘက်မှာတည်ရှိပတယ်။

အဲဒီ ဝေါ်လေဗျူဟာကုန်းနဲ့ လက်တလော တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့ဖြတ်တောက်ထားတဲ့ ဥကရစ်ထတပ်စခန်းဟာ(၉)မိုင်လောက်ပဲ ကွာဝေးပါတယ်။

KNU တပ်မဟာ(၆)နယ်မြေမှာ စစ်ကောင်စီရဲ့ နယ်စပ်တပ်စခန်းတွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ဆက်တိုက်သိမ်းပိုက်လျက်ရှိရာ မေလ ၂၃ရက်နောက်ပိုင်း ဘလက်ဒိုတပ်စခန်း၊ ကနဲလေးတပ်စခန်း၊ ရွှေအေးမြိုင်တပ်စခန်း၊ ဘုရင့်နောင်တပ်စခန်း၊ မော်ခီးတပ်စခန်း၊ သေ့ဘောဘိုးတပ်စခန်းနဲ့ ထိကပလယ်တပ်စခန်းတို့ကိုဆက်တိုက် သိမ်းပိုက်ခဲ့ပါတယ်။

လက်ရှိမှာ မြ၀တီမြို့နယ် မြန်မာ-ထိုင်းနယ်စပ်မှာ ဥကရစ်ထစခန်း၊ဝေါ်လေဗျူဟာ နဲ့ တိသဲလယ်ကာကင်းစခန်း သုံးခုပဲ ကျန်ရှိနေပါတယ်။

တော်လှန်ရေးတပ်တွေဟာ ၂၀၂၃ မေလကလည်း ဝေါ်လေဗျူဟာကုန်းကို တိုက်ခိုက်ခဲ့​ပေမယ့် အပြီးသတ်မသိမ်းပိုက်နိုင်ခဲ့ပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်သို့ဝင်ပေါက်ဖြစ်​သောမိုးဗြဲမြို့ ၏မြို့ပေါ်ရပ်ကွက်များကိုစစ်ကောင်စီတပ်က ထိုး​ဖောက်ဝင်​ရောက်တပ်စွဲနိုင်ခဲ့ပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွား​နေ​ကြောင်းကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ၏ပြောရေးဆိုခွင့်ရှိသူ သာအယ်စိုးကပြောသည်။

သတင်း

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့အရှေ့တောင်ဘက်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို တော်လှန်ရေးတပ်တွေကစတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်ဆယ်နဲ့ချီ​သေဆုံးထိခိုက်ပြီး ပျူစခန်းတခုသိမ်း၊လက်နက်ခဲယမ်းတွေရရှိ