သတင်း ဂွေးချိုရွာ ပျူစောထီးစခန်း တော်လှန်ရေးတပ်တွေတိုက်ခိုက်၊ စစ်တပ်က လေကြောင်းကအပြင်းအထန်ခုခံ မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ဂွေးချိုကျေးရွာက ပျူစောထီးစခန်းကို တိုက်ခိုက်ရာ စစ်တပ်က လေကြောင်းကနေ အပြင်းအထန် ခုခံမှုကြောင့် ဆုတ်ခွာခဲ့ရတယ်လို့ ရေစကြိုမြို့နယ်အထူးလှုပ်ရှားစစ်ကြောင်းက အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။ ludunwayoo22 နာရီ ago
သတင်း ကသာဒေသတွင်း စစ်ရေးအခြေအနေ တော်လှန်ရေးတပ်တွေ သတိပေး စစ်ကိုင်းတိုင်း၊ ကသာမြို့အခြေစိုက် စစ်တပ်ရဲ့ အမှတ်(၃၀၉)ခြေမြန်တပ်ရင်း(ခမရ-၃၀၉)က စစ်ကြောင်းထွက်လာတဲ့အတွက် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန် ရေးရဲဘော်တွေကသတိပေးပါတယ်။ ludunwayoo23 နာရီ ago
သတင်း တနင်္သာရီတိုင်းက ရေဘေးသင့်ပြည်သူတွေကို တော်လှန်ရေးတပ်တွေ ကူညီကယ်ဆယ်နေ တနင်္သာရီတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေအနေနဲ့ လိုအပ်တဲ့အကူအညီတွေ ဆက်သွယ်တောင်းခံနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပြီး ထိန်းချုပ်ဒေသတွေအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာပူးပေါင်းဆောင်ရွက်နေတယ်လို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။ ludunwayooစက်တင်ဘာ 29, 2026
သတင်း ရန်ကုန်-ပြည်လမ်းပိုင်းက စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက် ရန်ကုန် - ပြည်လမ်းပိုင်းက အာဏာသိမ်းစစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ သာယာ၀တီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။ ludunwayooစက်တင်ဘာ 29, 2026
သတင်း ကန့်ဘလူက စစ်တပ်ကိုကာပေးထားတဲ့ပျူစခန်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက် ပျူစောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ ludunwayooစက်တင်ဘာ 25, 2026
သတင်း မြင်းခြံမြို့နယ်၊စံပြရွာအထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ် တွေသိမ်းယူ မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံကပြောပါတယ်။ ludunwayooဩဂုတ် 27, 2026
သတင်း ဖောင်းပြင်မြို့ကဆင်းလာတဲ့ စစ်သင်္ဘောအုပ်စုကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့က ဆင်းလာတဲ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီး တစ်စီး ထိခိုက်မှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။ ludunwayooဩဂုတ် 16, 2026
သတင်း ကြေးနီတင်လာတဲ့ ရေယာဥ်တွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် ဝမ်ပေါင်ကြေးနီစီမံကိန်းကနေ ကြေးနီတွေတင်လာပြီးနောက် ချင်းတွင်းမြစ်အတွင်း ရေကြောင်းမှားလို့ သောင်တင်နေတဲ့ ရေယာဥ်တွေကို ဒေသတွေတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။ ludunwayooဩဂုတ် 7, 2026
သတင်း စစ်ဖက်ဆိုင်ရာအသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးလေဆိပ်ကို တော်လှန်ရေးတပ်တွေ ပစ်ခတ်တိုက်ခိုက် စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။ ludunwayooဇူလိုင် 30, 2026
သတင်း စလင်းမြို့နယ်မှာ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။ ludunwayooဇူလိုင် 28, 2026