close
Connect with us

Hi, what are you looking for?

သတင်း

KNLA ဦး​ဆောင်တဲ့တော်လှန်ရေးတပ်တွေ ဝေါ​လေဗျူဟာကိုစတင်ထိုးစစ်ဆင်

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့အရှေ့တောင်ဘက်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို တော်လှန်ရေးတပ်တွေကစတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ် ၊မြဝတီမြို့​တောင်ဘက်မှာစစ်တပ်ရဲ့​နောက်ဆုံးစခန်း ၃ ခုဖြစ်တဲ့ ​ဝေါ​်လေဗျူဟာ၊ ဥကရစ်ထစခန်း နဲ့ တီသဲလယ်ကာကင်းစခန်းတို့ကို Google Earth မှာ​တွေ့ရပုံ

ဇူလိုင်-၂၊၂၀၂၅၊/People’s Spring

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့အရှေ့တောင်ဘက်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို တော်လှန်ရေးတပ်တွေကစတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

” မနေ့ကစတိုက်ပြီ။မြေပြင်ထိုးစစ်စတာ။စိတ်ရှည်ရှည်နဲ့ သည်းခံစောင့်ပေးပါ။ မကြာခင် ရမှာပါ”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ဒီကနေ့(ဇူလိုင် ၂ရက်) ညပိုင်းမှာ ပြောပါတယ်။

ဝေါ်လေဗျူဟာကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေကကာလရှည် ပိတ်ဆို့ဖြတ်​တောက်ထားတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ဝေါ်လေဗျူဟာကုန်းဟာ ဝေါ်လေကျေးရွာရဲ့ တောင်ဘက်မှာ တည်ရှိပါတယ်။ အဲဒီ ဝေါ်လေဗျူဟာကုန်းနဲ့ လက်တလော တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့ဖြတ်တောက်ထားတဲ့ ဥကရစ်ထတပ်စခန်းဟာ(၉)မိုင်လောက်ပဲ ကွာဝေးပါတယ်။

Public Service Announcement

Public Service Announcement

ဥကရစ်ထရွာဟာ မြဝတီမြို့တောင်ဘက် လေးကေကော်ဒေသနှင့် မြဝတီမြို့ရဲ့ အရှေ့တောင်ဘက် ဝေါ်လေဒေသကို ဆက်သွယ်ထားတဲ့ ကားလမ်းပေါ်မှာ တည်ရှိပြီး စစ်တပ်စခန်းဟာ ဥကရစ်ထရွာရဲ့မြောက်ဘက်ရွာလမ်းမကြီးဘေးမှာ တည်ရှိပါတယ်။

ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇွန်လ ၁၁ရက်မှာ နောက်တစ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ဖို့ စတင်ပိတ်ဆို့ခဲ့ပါတယ်။ လက်တလောမှာတော့ မြေပြင်ထိုးစစ်မစသေးဘူးလို့ စုံစမ်းသိရပါတယ်။

လက်တလောမှာကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်ခံ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)၊ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ PDFပူးပေါင်း စစ်ကြောင်းတွေက မြန်မာ -ထိုင်း နယ်စည်းမျဉ်းဘေးက စစ်ကောင်စီတပ်တွေကို ဆက်တိုက်တိုက်ခိုက် သိမ်းပိုက်နေတာဖြစ်ပါတယ်။

KNU တပ်မဟာ(၆)နယ်မြေမှာ စစ်ကောင်စီရဲ့ နယ်စပ်တပ်စခန်းတွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ဆက်တိုက်သိမ်းပိုက်လျက်ရှိရာ မေလ ၂၃ရက်နောက်ပိုင်း ဘလက်ဒိုတပ်စခန်း၊ ကနဲလေးတပ်စခန်း၊ ရွှေအေးမြိုင်တပ်စခန်း၊ ဘုရင့်နောင်တပ်စခန်း၊ မော်ခီးတပ်စခန်း၊ သေ့ဘောဘိုးတပ်စခန်းနဲ့ ထိကပလယ်တပ်စခန်းတို့ကိုဆက်တိုက် သိမ်းပိုက်ခဲ့ပါတယ်။

လက်ရှိမှာ မြ၀တီမြို့နယ် မြန်မာ-ထိုင်းနယ်စပ်မှာ ဥကရစ်ထစခန်း၊ဝေါ်လေဗျူဟာ နဲ့ တိသဲလယ်ကာကင်းစခန်း သုံးခုပဲ ကျန်ရှိနေပါတယ်။

တော်လှန်ရေးတပ်တွေဟာ ၂၀၂၃ မေလကလည်း ဝေါ်လေဗျူဟာကုန်းကို တိုက်ခိုက်ခဲ့​ပေမယ့် အပြီးသတ်မသိမ်းပိုက်နိုင်ခဲ့ပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်ဆယ်နဲ့ချီ​သေဆုံးထိခိုက်ပြီး ပျူစခန်းတခုသိမ်း၊လက်နက်ခဲယမ်းတွေရရှိ

သတင်း

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ကန့်ဒေါင့်ရွာနယ်မြေရဲစခန်းကို ပြန်သိမ်းဖို့ စစ်တပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်​တော်လှန်​ရေးအဖွဲ့​တွေကတိုက်ခိုက်ရာမှာ စစ်တပ်ပြန်ဆုတ်​သွားတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLAရဲ့ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော်က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်၌ စစ်ကောင်စီတပ်၏ ပေါ်တာဆွဲဖမ်းဆီးခြင်းခံရစဉ် ပြန်လွတ်မြောက်ရေးအတွက် မိဘများက ကျပ်သိန်း ၁၅၀ ပေးခဲ့သော်လည်း လွှတ်ပေးခြင်းမရှိဘဲ တပ်သားသစ် စုဆောင်းခံခဲ့ရသည့် စစ်ကောင်စီတပ်သား ရဲရင့်ခန့်ညားက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ထံ အလင်းဝင်ခဲ့သည်။