ဇွန်-၃၀၊၂၀၂၅။ရဲခေါင်/People’s Spring
စစ်ကိုင်းမြို့နယ်၊မင်းကွန်းဒေသတိုက်ပွဲတွင် စစ်ကောင်စီစစ်ကြောင်းပျက်သွားပြီး အလောင်းနှင့်လက်နက်ခဲယမ်းများရရှိကြောင်းယူနီကွန်းပျောက်ကြား တပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ဇွန်လ၂၇ ရက်တွင်မင်းကွန်း တောင်ရွာရှိ နဂါးပတ်တောင်စခန်းကုန်း သိမ်းပိုက်နိုင်ခဲ့ပြီး ထိုစခန်းမှ သုံ့ပန်းအရှင် ငါးဦးနှင့် လက်နက်ခဲယမ်း ရရှိခဲ့သည်ဟု သိရသည်။
ထို့နောက် ဇွန် ၂၈ ရက်တွင် စစ်ကောင်စီတပ်စွဲ ထားသည့် မင်းကွန်းတိုက်နယ်မှ ချောင်းမကြီးနှင့် ကင်းကျေးရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်စစ်ကြောင်းပျက်ခဲ့ကြောင်း ထုတ်ပြန် သည်။

Public Service Announcement
“၂၈ ရက်နေ့ ချောင်းမကြီးနဲ့ ကင်းကျေးရွာက စစ်ကြောင်းကို ဝင်လုံးတယ်စစ်ကြောင်းပျက်ပြီး ဆုတ်ပြေးတယ်။အလောင်းလနတွေရတယ်ကိုယ့်ဘက်ကအထိအခိုက်အကျအဆုံးရှိတယ်”ဟု ယူနီကွန်းပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူကပြောသည်။
People’s Springကသီးခြားရရှိသည့်အချက် အလက်များအရ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းတွင် G3 လေးလက်၊MA 1 နှစ်လက်၊G3 ကျည် ၁၇၀ ၊၅ ဒသမ ၅၆ ကျည် ၁၀၀ ဝန်းကျင် ၊ စစ်အသုံး ဆောင် ဦးထုတ်ငါးလုံး နှင့် အကျီ ခုနှစ်ထည် ဖြစ်သည်။
ဇွန်လ ၅ ရက် နေ့က စစ်ကောင်စီ၏ တပ်မ ၃၃ ဦးဆောင်၍ အင်အား ၃၀၀ ဝန်းကျင်ဖြင့် မင်းကွန်းတိုက်နယ်ကို စစ်ကြောင်း ထိုးခဲ့ပြီး ကင်းရွာ နှင့် ချောင်းမကြီးရွာတို့ကိုမီးရှို့ကာကျောင်းထိုင်ဆရာ တော်အပါအဝင်ပြည်သူလေးဦးကိုသတ်ဖြတ်ခဲ့သည်။
“ရွေးကောက်ပွဲကြောင့်နယ်မြေတွေပြန်စိုးမိုးချင်လို့”ဟု ယူနီကွန်းပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူက စစ်ကောင်စီ၏ စစ်ကြောင်းထိုးလာမှုအပေါ် သုံးသပ်ပြောကြားသည်။
စစ်ကောင်စီစစ်ကြောင်းကိုတော်လှန်ရေးတပ်များ ခုခံတိုက်ခိုက်ခဲ့သော်လည်း လက်နက်၊ ခဲယမ်းမလုံလောက်မှုကြောင့် ကင်းရွာနှင့် ချောင်းမကြီးရွာမှ ဆုတ်ခွာပေးခဲ့ရသည်။
ထို့နောက် တော်လှန်ရေးတပ်များက ဇွန်လ၂၇ ရက်နံနက်ပိုင်းက အင်အားပြန်စုစည်းပြီးနောက် နဂါး ပတ်တောင် စခန်းကုန်း၊ ချောင်းမကြီးနှင့် ကင်းကျေးရွာကို ပြန်လည်တိုက်ခိုက်ပြီးစိုးမိုးနိုင်ခဲ့သည်။
“တိုက်ပွဲကသိပ်မကြာဘူး။စစ်တပ်ဘက်က ၄ယောက် အရှင်မိတယ်။သေဆုံးလည်းများတယ်။အဲဒီနောက်စကစ က မင်းကွန်းကိုဆုတ်သွားတယ်”လို့ တော် လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦး ကပြောသည်။
မင်းကွန်းတိုက်ပွဲအတွင်းရှိနေသည့် ရဲဘော်တစ်ဦးကလည်း “လက်ရှိစစ်ကောင်စီတပ်စွဲထားတာကတော့မြသိန်းတန်ဘုရားပေါ်ရောက်သွားပါပြီ”ဟု ပြောသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်သုံးဦးကျဆုံးခဲ့ပြီး ကျည်ကာ အင်္ကျီနှင့် ဦးထုပ်မပြည့်စုံသော ကြောင့်ဟု အသိပေးသည်။လက်ရှိ စစ်ကောင်စီတပ်သည် မင်းကွန်းရွာထဲတွင်ရှိနေပြီးမင်းကွန်းတောင်ရွာရှိ အိမ်ခြေ ၆၀၀ ခန့်ကို မီးရှို့ဖျက်ဆီးထားသည်။
