သတင်း စစ်တပ်နဲ့ ဆွေးနွေးမယ်ဆိုတာ မကြားမိဟု KIA ပြန်ကြားရေးတာဝန်ခံပြော ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)နဲ့ အာဏာသိမ်းစစ်တပ်တို့ တွေ့ဆုံဆွေးနွေးမယ်ဆိုတာ မကြားမိကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ ludunwayoo8 မိနစ် ago
သတင်း စဉ့်ကူးမြို့နယ်မှာ တံငါသည်လှေတွေကို စစ်တပ်ပစ်ခတ်လို့ တံငါသည် ၁ဦး ဒဏ်ရာရ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊မြစ်ကမ်းကြီးကျေးရွာရဲ့ အနောက်ဘက်မြစ်အတွင်းကတံငါသည်တွေကို စစ်တပ်က ပစ်ခတ်လို့ တံငါသည် ၁ဦး သေနတ်ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။ ludunwayoo16 မိနစ် ago
သတင်း စစ်တပ်က ပေါက်တောကို ဗုံးပတ်ကြဲ၊ ၂ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရ စစ်တွေနဲ့ ငပြီကျွန်းတိုက်ပွဲမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တောမြို့နယ် လူနေကျေးရွာတွေနဲ့ မြို့ပေါ်တွေကို Y-12 လေယာဉ်နဲ့ ဗုံးပတ်ကြဲတာကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayoo17 မိနစ် ago
သတင်း ဝန်းသိုနဲ့ ထီးချိုင့်နယ်မှာ တိုက်ပွဲပြင်းထန်၊ စစ်တပ်က လေယာဉ်ပစ်ကူသုံး ခုခံ စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်ကနေ ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဝန်းသိုနဲ့ထီးချိုင့်မြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး ဒီကနေ့(အောက်တိုဘာ၂၁ရက်)မနက်မှာ နေရာ ၂ခုကို စစ်တပ်က လေကြောင်းကနေဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayoo20 မိနစ် ago
သတင်း ကချင်နဲ့ စစ်ကိုင်းတိုင်းနယ်စပ်မှာ စခန်းသိမ်းခံရတဲ့ စစ်တပ်က အရပ်သားတွေပစ်မှတ်ထား ဗုံးကြဲနေ ကချင်နဲ့ စစ်ကိုင်းတိုင်းနယ်စပ်က စခန်းတချို့ သိမ်းယူခံရပြီးတဲ့နောက် စစ်တပ်က ဆေးခန်းအပါအဝင် အရပ်သားတွေရှိရာနေရာတွေကို လေကြောင်းကနေ ဗုံးကြဲနေပါတယ်။ ludunwayoo24 မိနစ် ago
သတင်း မန္တလေးတိုင်းက ဘုန်းကြီးကျောင်းတွေမှာ လိုင်စင်မဲ့ယာဥ်တွေမထားဖို့ စစ်တပ် အမိန့်ထုတ် မန္တလေးတိုင်းအတွင်းက ဘုန်းကြီးကျောင်းတွေမှာ လိုင်စင်မဲ့ယာဉ်တွေ မထားကြဖို့ စစ်တပ်လက်အောက်ခံ တိုင်းသာသနာရေးမှူးရုံးက အသိပေးကြေညာပါတယ်။ ludunwayoo25 မိနစ် ago
သတင်း စလင်းမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတပ်ဖွဲ့ကို PDF က ဒရုန်းနဲ့ တိုက်ခိုက် မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်းတပ်ဖွဲ့ကို ဒရုန်းနဲ့ တန်ပြန်တိုက်ခိုက်ရာ စစ်တပ် ထိခိုက်သေဆုံးမှုရှိတယ်လို့ မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။ ludunwayoo27 မိနစ် ago
သတင်း ဗန်းမော်မြို့အနီးတိုက်ပွဲပြင်းထန်၊ စစ်တပ်အထိနာလို့လေကြောင်းဗုံးကြဲ ကချင်ပြည်နယ်၊ဗန်းမော်မြို့အနီးမှာတိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်ဘက်ကအထိနာတာကြောင့် လေကြောင်းပစ်ကူသုံးဗုံးကြဲခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။ ludunwayoo1 ရက် ago
သတင်း ကျင်းဒွေးမြို့ကိုဦးတည်တဲ့ စစ်တပ်နဲ့ တိုက်ပွဲပြင်းထန်နေ၊ အထိနာတဲ့ စစ်တပ်က ပြည်သူကိုမဲပြီး ဗုံးကြဲဟု ချင်းတပ် CPU ထုတ်ပြန် ပလက်၀ဒေသကို ၂ရက်အတွင်း ဗုံးအလုံးရေ ၁၀၀ ကျော်ကြဲတိုက်ခိုက်လို့ ကလေးငယ်အပါအဝင် ပြည်သူ ၉ဦး သေဆုံး ludunwayoo1 ရက် ago
သတင်း ဘုတလင်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ကလေး ၂ ဦးအပါအဝင် အမျိုးသမီး ၆ ဦး သေဆုံး စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာမှာ အာဏာသိမ်း စစ်တပ်က ဒီနေ့ လေကြောင်းတိုက်ခိုက်လို့ ကလေး ၂ ဦးအပါအဝင် ဒေသခံ အမျိုးသမီး ၆ ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။ ludunwayoo1 ရက် ago