ဇွန် – ၂၅ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring
မြန်မာနိုင်ငံအလယ်ပိုင်း ၊မန္တလေးတိုင်း ၊ ညောင်ဦးမြို့နယ်ထဲက ကျေးရွာတွေ စစ်ကြောင်းထိုးခံရတာကြောင့် ကျေးရွာ ၂၀ ထက်မနည်းက ပြည်သူတွေ ဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ဒေသခံတွေဆီကသိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်း ဇွန်လ ၂၂ ရက်စတင်ပြီး ညောင်ဦးမြို့နယ် ထဲက မကွေး – နတ်မောက်သွား ကားလမ်းမှာရှိတဲ့ ကျေးရွာ တွေဆီ စစ်ကြောင်းထိုးခံရတာပါ။
စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေကြား ထိတွေ့ တိုက်ပွဲလည်းဖြစ်ပွားခဲ့ပါတယ။

Public Service Announcement
” တိုက်ပွဲဖြစ်နေတာ ၊သူတို့(စစ်တပ်)အင်အားများတယ်၊ အခုထိ တိုက်ပွဲပြင်းထန်နေတုန်းပါပဲ”လို့ ညောင်ဦးနယ်ထဲက တိုက်ပွဲမှာပါဝင်တဲ့ တော် လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေ နဲ့ မြေပြင်နေရာ ကို လုံခြုံရေးအခြေနေအရ ထုတ်ဖော်ပြောကြားလိုခြင်းမရှိပါဘူး။
အင်အား ၅၀၀ နီးပါးရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းကြောင့် ကျေးရွာ ၂၀ထက်မနည်းကဒေသခံတွေဟာ ဆွေးမျိုးသားချင်းရှိရာ ရွာတွေ ၊ ဘုန်းကြီးကျောင်းတွေဆီ ထွက်ပြေးနေရပါတယ်။
တိမ်းရှောင်နေရတဲ့ရွာတွေကတော့ ကံကြီးကုန်း၊ မုန်တိုင်၊ ဂုန်တော၊ ညောင်လှ၊ မအူ၊ ကျွန်းဘိုကန်၊ သံဇပ်တော၊လယ်ကန်၊ စကား၊ လက်ဝဲ၊ သဖျင်းကန်း၊ယာတောကြီး၊ ဇီးစမြင်၊ ကျောက်ကန်၊ မြောင်၊ စက၊ ရွှေကဖြူ၊ ဂျိုးကန်၊ ဖြူ၊ မြေသန့်တောင်၊ ကြအို့၊ ချောင်းရှည်၊ ကျောက်ကန်ပြင်စတဲ့ရွာတွေဖြစ်ပါတယ်။
