close
Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် မှော်စီစာတိုက်ပွဲ အထိနာခဲ့​သော်လည်း စစ်​ကောင်စီတပ် စစ်ကြောင်းဆက်ထိုးနေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာဒေသ၌ ဇွန်လ ၁၂ရက်တိုက်ပွဲတွင် အထိနာခဲ့သည့် စစ်တပ်နှင့် ပြည်သူ့စစ်ပူး​ပေါင်းစစ်​ကြောင်းသည် ဇွန် ၁၃ ရက်မနက်တွင်လည်းစစ်ကြောင်းဆက်ထိုး​နေသည်ဟုကချင်သတင်းရင်းမြစ်အချို့က​ပြောသည်။

ဖားကန့်​ဒေသတွင် စစ်​ကြောင်းထိုးဖျက်ဆီး​နေ​သော စစ်​ကောင်စီတပ်မှစစ်သားအချို့။ ဓါတ်ပုံ-Kachin Net

ဇွန်-၁၃၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာဒေသ၌ ဇွန်လ ၁၂ရက်တိုက်ပွဲတွင် အထိနာခဲ့သည့် စစ်တပ်နှင့် ပြည်သူ့စစ်ပူး​ပေါင်းစစ်​ကြောင်းသည် ဇွန် ၁၃ ရက်မနက်တွင်လည်းစစ်ကြောင်းဆက်ထိုး​နေသည်ဟုကချင်သတင်းရင်းမြစ်အချို့က​ပြောသည်။

ဖားကန့် ကျောက်စိမ်းမှော်လုပ်ကွက်များရှိ ကုမ္ပဏီအဆောက်အဦးနှင့် ယာဉ်ယန္တရားများအား မီးလိုက်ရှို့နေသည့် စစ်ကောင်စီနှင့် ရှမ်းနီပြည်သူ့စစ်ပူးပေါင်း စစ်​ကြောင်းကို ဇွန် ၁၂ ရက်​နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်(KPDF) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၂၀ ဦးခန့်သေဆုံးထိခိုက်ရှိခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

ဇွန်လ ၁၃ရက် မနက် ၇နာရီခန့်တွင်လည်း မှော်စီစာ အောင်သာယာ တကြော၌ စစ်တပ် နှင့် ပြည်သူ့စစ်ပူးပေါင်းစစ်​ကြောင်းက စစ်ရေးလှုပ်ရှားနေ၍ ပြည်သူများ သတိထားကြရန် ကချင်စစ်ရေးသတင်းရင်းမြစ်တဦးက အသိပေးသည်။

Public Service Announcement

Public Service Announcement

အခြားကချင်သတင်းရင်းမြစ်တဦးကလည်း“စစ်ကြောင်းထိုးနေတုန်း။ မနေ့က ထိတွေ့နေရာအထိ။ တိုက်ပွဲတော့ မကြားသေးဘူး။” ဟု ပြောပြသည်။

စစ်ကောင်စီတပ်က မှော်ဒေသကို ပြန်လည်ထိန်းချုပ်လို၍ ယခုကဲ့သို့ စစ်ကြောင်းထိုးနေခြင်းဖြစ်နိုင်သည်ဟု ၎င်းက ဆက်​ပြောသည်။

“မှော်ဒေသကို ထိန်းချုပ်ပြီး အခွန်ငွေ ရယူချင်ကြလို့။ ပြီးရင် ကေအိုင်အေရဲ့ အဓိက ဝင်ငွေက မှော်ဒေသက လာတာပါ။ကေအိုင်အေဝင်ငွေကိုဖြတ်တောက်ချင်ကြတာပါတာပေါ့။ဘယ်လွယ်မလဲ အကုန်မသေရင်ကံကောင်း”ဟုကချင်သတင်းရင်းမြစ်က သုံးသပ်သည်။

စစ်ကောင်စီတပ်ကမှော်ဒေသတွင်းစစ်ရေးလှုပ်ရှားမှု လုပ်ဆောင်နေ၍ KIAပူးပေါင်းတပ်၏ တိုက်ခိုက်မှု ဆက်လက်ကြုံရနိုင်သည်ဟုလည်း ၎င်းကဆိုသည်။

စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်သည် ဖားကန့်ဒေသ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ဧပြီလကတည်းက အင်အားအလုံးအရင်းဖြင့်စစ်​ကြောင်းထိုးခဲ့ရာ မေလကုန်ပိုင်းတွင် ဖားကန့် လုံးခင်းဒေသ သို့ စစ်ကောင်စီပူးပေါင်းတပ် များ ဝင်ရောက်နိုင်ခဲ့သည်။ ထို့နောက် စစ်ကောင်စီတပ်က မှော်လုပ်ကွက်များအား မီးရှို့ခြင်း၊ ယမ်းသိုလှောင်ရာ နေရာအချို့ကို ဒရုန်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ဖျက်ဆီးခြင်း၊ဒေသခံပြည်သူအချို့ကို လူသားဒိုင်းအဖြစ် အသုံးပြုခြင်း၊ ဒေသခံ အချို့ကို ပစ်ခတ်သတ်ဖြတ်ခြင်းများဆက်တိုက်ပြုလုပ်​နေသည်။ထို့​နောက် KIA ၊KPDF ပူး​ပေါင်းတပ်က စစ်တပ်စစ်​ကြောင်းကို ဇွန် ၁၂ ရက်တွင်အပြင်းအထန်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ဖားကန့်မြို့နယ်အတွင်း ​ကျောက်စိမ်းလုပ်ကွက်နှင့် ဆက်စပ်ပစ္စည်းများကိုမီးလိုက်ရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ကချင်​ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်(KPDF) ပူးပေါင်းတပ်ကကြားညှပ်တိုက်ခိုက်ရာစစ်ကောင်စီတပ် အထိနာခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က အရပ်သား ၃ဦးကို သေနတ်ဖြင့် ပစ်သတ်ပြီး လမ်းဘေး၌ အလောင်းစွန့်ပစ်သွားသည်ဟု မြို့ခံများက ပြောသည်။

သတင်း

ဖားကန့်၌ စစ်ရေးတင်းမာနေချိန် စစ်တပ်ကအင်အားဖြည့်တင်းလာနိုင်သည့် မိုးကောင်း-ကာမိုင်း -ဖားကန့်လမ်းကို လုံခြုံရေးအခြေအနေအရလတ်တလော အသုံးမပြုကြရန် KIA၊ KPDF ပူးပေါင်းတပ်ကဒေသခံများအားသတိပေးထားသည်။

သတင်း

ဖားကန့်ကို ရောက်ရှိလာပြီးနောက်ကျောက်စိမ်းလုပ်ကွက်အချို့ကိုဆက်တိုက် မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်က ဇွန် ၁၀ရက် နေ့လယ်ပိုင်းတွင်လည်း မှော်စီစာကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်တခုမှ စက်ယန္တရားများများကို မီးရှို့ဖျက်ဆီးသွားသည်။