close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို ထောက်ခံအားပေးနေသည့် သရုပ်ဆောင်ရန်အောင်၏နေအိမ် ဖောက်ခွဲသတိပေးခံရ

စစ်ကောင်စီကို ထောက်ခံအားပေးနေသည့် ရန်အောင်အပြင် ကျန်ရှိအနုပညာရှင်များကိုလည်း သတိပေးသည့်အနေဖြင့် ဖောက်ခွဲခြင်းဖြစ်ကြောင်း Dark Shadow တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

(ဓာတ်ပုံ - အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သွားရောက်ကြိုဆိုနေသည့် ရန်အောင်အား တွေ့ရစဉ်)
(ဓာတ်ပုံ - အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သွားရောက်ကြိုဆိုနေသည့် ရန်အောင်အား တွေ့ရစဉ်)

သုည/People’s Spring

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်၊ ဘောက်ထော် မြရတနာလမ်းရှိ စစ်ကောင်စီကို ထောက်ခံအားပေးနေသော အနုပညာရှင်အမည်ခံ ရန်အောင်၏ နေအိမ်ကို ယနေ့(နိုဝင်ဘာ ၁၄ရက်)နေ့လည် ၁၂နာရီ ၄၅မိနစ်က ပြင်းအားပျော့မိုင်း အသုံးပြု၍ ဖောက်ခွဲသတိပေးတိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့က အသိပေးထုတ်ပြန်သည်။

ရန်အောင်သည် ပြည်သူများအား နေ့စဉ်ဒုက္ခပေးနေသော စစ်ကောင်စီကို ထောက်ခံအားပေးနေသည့် အနုပညာရှင်ဖြစ်ကြောင်း သတင်းနှင့် Social Media များပေါ်တွင် ထင်ရှားစွာ မြင်တွေ့ရသည့်အတွက် ပထမဆုံးအကြိမ် သတိပေးသည့်အနေဖြင့် ရန်အောင်၏ နေအိမ်ကို ပြင်းအားပျော့မိုင်း အသုံးပြု၍ သတိပေးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Dark Shadow တပ်ဖွဲ့က ဆိုသည်။

(ဓာတ်ပုံ - အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သွားရောက်ကြိုဆိုနေသည့် ရန်အောင်အား တွေ့ရစဉ်)
(ဓာတ်ပုံ – အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သွားရောက်ကြိုဆိုနေသည့် ရန်အောင်အား တွေ့ရစဉ်)

“နေ့လည်က ဘောက်ထော်ဘက်မှာ ဗုံးပေါက်တယ်လို့တော့ ကြားတယ်။ ရန်အောင်အိမ်လို့တော့ ပြောကြပေမယ့် ကျွန်တော်တို့ သေချာမသိပါဘူး။ ပေါက်တာကတော့ မြရတနာလမ်းဘက်မှာပါ။ ဗုံးပေါက်သံတော့ သေချာမကြားလိုက်မိဘူး။ ဘောက်ထော်ဘက်ကို စစ်ကား၊ ရဲကားတွေ တောက်လျှောက်သွားနေတာတော့ တွေ့နေရပါတယ်”ဟု ရန်ကင်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီကို ထောက်ခံအားပေးနေသည့် ရန်အောင်အပြင် ကျန်ရှိအနုပညာရှင်များကိုလည်း သတိပေးသည့်အနေဖြင့် ဖောက်ခွဲခြင်းဖြစ်ကြောင်း Dark Shadow တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ နှင့် ပတ်သက်သော နေရာများ၊ စစ်ကောင်စီ လက်အောက်ခံ ရဲ၊ စစ်သားနှင့် ပျူစောထီးများ စုဝေးရာနေရာများသို့ မသွားကြရန်နှင့် ဝေးဝေးမှ ရှောင်ရှားသွားလာကြရန်လည်း မြို့ပြပြောက်ကြားအဖွဲ့များ မေတ္တာရပ်ခံခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းက တရုတ်နိုင်ငံမှ ပြန်လာသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရန်အောင်အပါအဝင် ယုန်လေး၊ ခန့်စည်သူ၊ စိုးမြတ်သူဇာ၊ မေသန်းနု၊ ဒိန်းဒေါင်၊ဇင်ယော်မောင်မောင်အစရှိသည့် စစ်ကောင်စီအားပေးသူ အနုပညာရှင်များ သွားရောက်ကြိုဆိုခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

လေကြောင်းတိုက်ခိုက်မှုကြောင့် ဇဂျမ်းအုပ်စု၊ ကျောင်းအိုကျေးရွာရှိ နေအိမ် ၂လုံးပျက်စီးပြီး နွားတစ်ကောင်သေဆုံးကာ ပြည်သူထိခိုက်မရှိကြောင်းသိရသည်။

သတင်း

​ ပုလဲမြို့​ပေါ်တွင် တိုက်ပွဲများပြင်းထန်​နေဆဲဖြစ်ပြီးစစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်​နေသလို ရဟတ်ယာဉ်ဖြင့် စစ်ကူများပို့ဆောင်နေကြောင်း ဒေသခံအချို့ကပြောသည်။

သတင်း

စက်တင်ဘာ ၃၁ရက်က အင်အား ၈၅ဦးပါ စစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက် ချေမှုန်းခံရပြီးနောက် နမခမှ ဝင်ရောက်လာခြင်းဖြစ်သည်။

သတင်း

မုန်းမြို့နယ်တွင်မူ စစ်ကောင်စီ၏ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် အသက် ၂၀နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးသေဆုံးခဲ့သည်ဟု KNUက ထုတ်ပြန်သည်။