close
Connect with us

Hi, what are you looking for?

သတင်း

စစ်ဆင်ရေးတစ်နှစ်အတွင်း မြို့ ၁၂မြို့သိမ်းပိုက်ထိန်းချုပ်၊ အာရက္ခဒေသတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များအားလုံး အလုံးစုံချုပ်ငြိမ်းစေရေးဆက်လုပ်နေဟု AA ထုတ်ပြန်

AAသည် ၂၀၂၃ နိုဝင်ဘာ ၁၃ရက်မှစတင်ပြီး စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တစ်နှစ်ပြည်သည်အထိ တိုက်ပွဲအရှိန်သည် လျော့ကျ သွားခြင်းမရှိဘဲ တိုက်ပွဲများမှာ နေ့စဉ်နှင့်အမျှ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း အသိပေးသည်။

▪️အမ်းမြို့သိမ်းတိုက်ပွဲ စစ်ကောင်စီတပ်စခန်း ၈ခု သိမ်းထားပြီး နပခဌာနချုပ်အပါအဝင် လက်ကျန် တပ် ၁၀နေရာထိုးစစ်ဆင်နေဟု အသိပေး

▪️အာရက္ခပြည်သူ့တော်လှန်ရေးကာလတွင် ပုံစံမျိုးစုံဖြင့် အားပေးထောက်ခံကူညီသူအားလုံးကို ကျေးဇူးတင်ကြောင်းဖော်ပြ

ရှိုင်း/People’s Spring

အာရက္ခနှင့် ပလက်ဝဒေသစစ်ဆင်ရေး (၁)နှစ် ပြည့်အတွင်း အာရက္ခတပ်တော်(AA)က မြို့ ၁၂မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ဒေသအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များအားလုံး အလုံးစုံ ချုပ်ငြိမ်းစေရေး ဆက်လုပ်နေကြောင်း AAက သတင်းထုတ်ပြန်သည်။

AAသည် ၂၀၂၃ နိုဝင်ဘာ ၁၃ရက်မှစတင်ပြီး စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တစ်နှစ်ပြည်သည်အထိ တိုက်ပွဲအရှိန်သည် လျော့ကျ သွားခြင်းမရှိဘဲ တိုက်ပွဲများမှာ နေ့စဉ်နှင့်အမျှ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း အသိပေးသည်။

စစ်ဆင်ရေးတစ်နှစ်အတွင်း မြို့ ၁၂မြို့သိမ်းပိုက်ထိန်းချုပ်၊ အာရက္ခဒေသတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များအားလုံး အလုံးစုံချုပ်ငြိမ်းစေရေးဆက်လုပ်နေဟု AA ထုတ်ပြန်
စစ်ဆင်ရေးတစ်နှစ်အတွင်း မြို့ ၁၂မြို့သိမ်းပိုက်ထိန်းချုပ်၊ အာရက္ခဒေသတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များအားလုံး အလုံးစုံချုပ်ငြိမ်းစေရေးဆက်လုပ်နေဟု AA ထုတ်ပြန်

ထိုးစစ်စတင်သည့်ရက်မှ တစ်နှစ်ပြည့်သည်အထိ တစ်ရက်မှ တိုက်ပွဲရပ်တန့်ခြင်းမရှိဟု ဆိုရလောက်သည်အထိ ရက်ဆက်ထိုးစစ်များ၊ မြို့သိမ်းတိုက်ပွဲများနှင့်အတူ ရန်သူ၏ ကြည်း၊ ရေ၊ လေ ခုခံစစ်၊ တန်ပြန်ထိုးစစ်များကြောင့် တိုက်ပွဲများမှာ အာရက္ခနှင့် ပလက်ဝဒေသ တစ်ခွင်လုံး၌ ပြင်းထန်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ဆင်ရေးစတင်သည်နှင့် တပြိုက်နက်တည်းတွင် ရန်သူ့ပစ်မှတ်များကို မဟာဗျူဟာမြောက် အလစ်အငိုက် ထိုးစစ်ဆင် တိုက်ခိုက်နိုင်ခဲ့ပြီး ရန်သူ၏ အားနည်းချက်ကို အပြည့်အဝရယူနိုင်ခဲ့သော၍ အချိန်တိုတိုအတွင်း အောင်မြင်မှုများ ရယူနိုင်ခဲ့သည်ဟု ဆိုသည်။ အခြားတစ်ဖက်တွင် ကျယ်ပြန့်သော နိုင်ငံအနှံ့ စစ်မျက်နှာပြင်ထက်တွင် စစ်ကောင်စီအား ဘုံရန်သူအဖြစ်သတ်မှတ်ထားသော ဘုံရည်မှန်းချက်တူညီသည့် ဘဝတူတော်လှန်ရေးအဖွဲ့အစည်းများမှ တစ်ပြိုင်နက်တည်း ရှေ့ဆင့်နောက်ဆင့် ဟန်ချက်ညီတိုက်ခိုက်နိုင်ခဲ့ကြကြောင်း AAက ထုတ်ပြန်သည်။

AAသည် နိုဝင်ဘာ ၁၃ရက်တွင် ရသေ့တောင်မြို့နယ်၊ ချိန်ခါလီနယ်ခြားစောင့်စခန်းကို စတင်တိုက်ခိုက်ကာ စစ်ဆင်ရေးစတင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ချိန်ခါလီ နယ်ခြားစောင့်စခန်း အပါအဝင် စစ်ကောင်စီ၏ စစ်ရေးအရအရေးပါပြီး အားနည်းသည့် တပ်စခန်းများကို အာရက္ခတပ်တော်မှ ဗျူဟာမြောက်ထိုးစစ်ဆင်တိုက်ခိုက်မှုများနှင့်အတူ ရန်သူ့စခန်းများအား တစ်ခုပြီးတစ်ခု မရပ်မနားဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

စစ်ဆင်ရေးတစ်နှစ်အတွင်း မြို့ ၁၂မြို့သိမ်းပိုက်ထိန်းချုပ်၊ အာရက္ခဒေသတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များအားလုံး အလုံးစုံချုပ်ငြိမ်းစေရေးဆက်လုပ်နေဟု AA ထုတ်ပြန်
စစ်ဆင်ရေးတစ်နှစ်အတွင်း မြို့ ၁၂မြို့သိမ်းပိုက်ထိန်းချုပ်၊ အာရက္ခဒေသတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များအားလုံး အလုံးစုံချုပ်ငြိမ်းစေရေးဆက်လုပ်နေဟု AA ထုတ်ပြန်

လက်ရှိတွင် ပလက်ဝဒေသ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ မြေပုံ၊ ‌ပေါက်တော၊ သံတွဲ နှင့် ကျိန္တလီမြို့များရှိ ရန်သူ့စခန်းအားလုံးကို စစ်ဆင်ရေး (၁)နှစ် မပြည့်မီကာလအတွင်း သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်သည်။

ကျိန္တလီမြို့သည် ဂွမြို့နယ်အတွင်းရှိ မြို့ဖြစ်ပြီးလက်ရှိတွင် AAသည် ဂွမြို့ရှိ စစ်ကောင်စီတပ်ကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။

” တစ်နှစ်အတွင်းမှာ ULA/AA ဘက်က စစ်ရေးအောင်မြင်မှု အများကြီးရခဲ့တယ်ပေါ့နော်။ မြို့နယ် ၁၁မြို့နယ် သိမ်းထားတယ်။ ကျန်မြို့နယ် လေးမြို့နယ်လောက်ကို အပြင်းအထန်ထိုးစစ်ဆင်နေတယ်။ ကျန်တဲ့မြို့နယ်တွေကို ဝိုင်းပတ်ပိတ်ဆို့ထားတယ်။ ပြီးတော့ သူတို့ သိမ်းပိုက်ထားတဲ့နယ်မြေတွေမှာရော ဝိုင်းပတ်ပိတ်ဆို့ထားတဲ့ နယ်မြေတွေမှာရော သူတို့ ULA ရဲ့ အုပ်ချုပ်ရေးယန္တရားကို ခိုင်ခိုင်မာမာ တည်ဆောက်ထားနိုင်တယ်။ ဒါကြောင့် တစ်နှစ်အတွင်းမှာအာရက္ခတပ်တော်ရဲ့ အောင်မြင်မှုက တော်တော့်ကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ကျနော်တို့ ဩချရလောက်အောင် အထိမြန်ဆန်တယ်။ တိုက်ခိုက်နိုင်တဲ့ စွမ်းရည်ရှိတယ်။ အဲဒါတော့ မြင်နေရပါတယ်”ဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက AA၏ စစ်ဆင်ရေး တစ်နှစ်ပြည့်အပေါ်မှတ်ချက်ပြုသည်။

လက်ရှိ တိုက်ခိုက်နေဆဲဖြစ်သည့် မောင်တော နခခ(၅)၊ အမ်း၊ တောင်ကုတ်၊ ဂွ တို့ကိုလည်းလပိုင်းလောက်အတွင်း သိမ်းပိုက်နိုင်ဖွယ်ရှိသည်ဟု ဦးဖေသန်းက သုံးသပ်သည်။

စစ်ဆင်ရေးတစ်နှစ်အတွင်း မြို့ ၁၂မြို့သိမ်းပိုက်ထိန်းချုပ်၊ အာရက္ခဒေသတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များအားလုံး အလုံးစုံချုပ်ငြိမ်းစေရေးဆက်လုပ်နေဟု AA ထုတ်ပြန်
စစ်ဆင်ရေးတစ်နှစ်အတွင်း မြို့ ၁၂မြို့သိမ်းပိုက်ထိန်းချုပ်၊ အာရက္ခဒေသတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များအားလုံး အလုံးစုံချုပ်ငြိမ်းစေရေးဆက်လုပ်နေဟု AA ထုတ်ပြန်

” စစ်တွေနဲ့ ကျောက်ဖြူ ကျတော့ သူတို့ ဘယ်လိုဗျူဟာမျိုးနဲ့ ချဉ်းကပ်ပြီးတော့ ခုတော့ ဝိုင်းပတ် ပိတ်ဆို့ထားတယ် ဒါပေမဲ့ စစ်ပွဲကို အပြတ်တိုက်မယ်ဆိုရင် ဘယ်လိုတိုက်မလဲ ဒါတော့ သူတို့ဆုံးဖြတ်ချက်အပေါ်မူတည်ပါလိမ့်မယ်။”ဟု ဦးဖေသန်းက ပြောသည်။

AA အနေဖြင့် ထိုကဲ့သို့မြို့များသိမ်းပိုက်နိုင်ခဲ့ရာ အာရက္ခဒေသနှင့် နယ်မြေဆက်စပ်နေသည့် ချင်းပြည်နယ်ပလက်၀ မြို့ကို ပထမဦးဆုံးသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ပလက်၀သည် ရက္ခိုင်ပြည်နယ်ကို လက်နက်ကြီးများဖြင့် တောက်လျှောက်ခြိမ်းခြောက် ၊ တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေသည့် ဒေသဖြစ်ပြီး ၂၀၂၄ ဇန်နဝါရီ ၁၄ရက်တွင် ပလက်၀ရှိ စခန်းတစ်ခုမကျန် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြသည်။

ထို့ပြင် ရက္ခိုင်-ဘင်္ဂလာနယ်စပ် တစ်လျှောက်ရှိ ရန်သူ၏ အချက်အချာ ကျသော စခန်းကုန်းကြီးများ၊ တပ်စခန်းကြီး၊ ငယ်များနှင့် နယ်ခြားစောင့်တပ်စခန်းများအားလုံးကို တစ်ခုပြီး တစ်ခု ဆက်လက် တိုက်ခိုက်သိမ်းယူခဲ့ကြောင်း အသိပေးသည်။

စစ်ဆင်ရေးတစ်နှစ်အတွင်း မြို့ ၁၂မြို့သိမ်းပိုက်ထိန်းချုပ်၊ အာရက္ခဒေသတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များအားလုံး အလုံးစုံချုပ်ငြိမ်းစေရေးဆက်လုပ်နေဟု AA ထုတ်ပြန်
စစ်ဆင်ရေးတစ်နှစ်အတွင်း မြို့ ၁၂မြို့သိမ်းပိုက်ထိန်းချုပ်၊ အာရက္ခဒေသတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များအားလုံး အလုံးစုံချုပ်ငြိမ်းစေရေးဆက်လုပ်နေဟု AA ထုတ်ပြန်

မြို့သိမ်းတိုက်ပွဲမှတ်တမ်းကို ဖော်ပြထားရာ ဇန်နဝါရီ ၁၄ ရက်တွင် ပလက်ဝဒေသ၊ဇန်နဝါရီ ၁၉ ရက်တွင် ပေါက်တော၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျောက်တော်၊ ဖေဖော်ဝါရီ ၁၅ရက်တွင် မြေပုံ၊ ဖေဖော်ဝါရီ ၈ရက်တွင် မြောက်ဦး၊ ဖေဖော်ဝါရီ ၂၆ရက်တွင် မင်းပြား၊မတ်လ ၄ရက်တွင် ပုဏ္ဏားကျွန်း၊ မတ်လ ၁၁ရက်တွင်ရမ်းဗြဲ၊ မတ်လ ၁၇ရက်တွင် ရသေ့တောင်၊ မေလ ၁၈ ရက်တွင် ဘူးသီးတောင်၊ စက်တင်ဘာ ၅ရက်တွင် သံတွဲ စသည့်မြို့များအား သိမ်းပိုက်ခဲ့သည်ဟု အသိပေးသည်။

အာရက္ခဒေသတစ်ခုလုံး အာရက္ခပြည်သူ့လက်ထဲသို့ အမြန်ဆုံးရောက်ရှိစေရေး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းစင်ရေးအစရှိသည့် ရည်မှန်းချက် များအတွက် စစ်ကောင်စီ၏ လက်ကျန် စခန်းများကို အာရက္ခတပ်တော်မှ တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟုလည်း AAက ထုတ်ပြန်သည်။

ထို့ကြောင့် အပြီးသတ် သိမ်းပိုက်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်သော အမ်း၊ တောင်ကုတ်၊ ဂွနှင့် မောင်တောမြို့များ၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်ဟုဆိုသည်။

ထို့အပြင် မောင်တောမြို့တွင်မူ မောင်တောမြို့တစ်ခုလုံးအား သိမ်းပိုက် ရယူထားနိုင်ပြီဟု ပြော၍ရသော်လည်း မြို့၏အပြင်စပ်၌ရှိသော နယ်ခြားစောင့် အမှတ် (၅)/နခခ(၅)စခန်းတစ်ခုသာကျန်ရှိနေပြီး အဆိုပါစခန်းအား ဆက်လက် ထိုးစစ်ဆင်နေသည်ဟု ထုတ်ပြန်သည်။

အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီ၏ တပ်စခန်းများထဲမှ သိမ်းပိုက်ရရှိထားပြီးဖြစ်သည့် တပ်စခန်းအခြေအနေများကိုလည်း AAက ထုတ်ပြန်ခဲ့သည်။

အမ်းမြို့ရှိ ခမရ (၃၇၃)၊ အမြောက်တပ် အမတ (၃၇၄) အမှတ် (၇၅၇) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ် (၃၄၅) စစ်လက်နက်ပစ္စည်းတပ်ခွဲ ၊ အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း၊ အမှတ်-၂ /ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ၊ လေကြောင်းရန်ကာကွယ်ရေးတပ်၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်တို့အား အာရက္ခတပ်တော်မှ သိမ်းပိုက်ရရှိထားပြီးဖြစ်သည်ဟု ဖော်ပြသည်။

စစ်ဆင်ရေးတစ်နှစ်အတွင်း မြို့ ၁၂မြို့သိမ်းပိုက်ထိန်းချုပ်၊ အာရက္ခဒေသတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များအားလုံး အလုံးစုံချုပ်ငြိမ်းစေရေးဆက်လုပ်နေဟု AA ထုတ်ပြန်
စစ်ဆင်ရေးတစ်နှစ်အတွင်း မြို့ ၁၂မြို့သိမ်းပိုက်ထိန်းချုပ်၊ အာရက္ခဒေသတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များအားလုံး အလုံးစုံချုပ်ငြိမ်းစေရေးဆက်လုပ်နေဟု AA ထုတ်ပြန်

သို့သော် ကျန်ရှိနေသေးသည့် နပခ-အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ် (၉၄၆) ဆောက်လုပ် ရေးအင်ဂျင်နီယာတပ်ခွဲ ၊ ခမရ (၃၇၁)၊ ခမရ (၃၇၂)၊ အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ် (၉၂၆)ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ၊ အမှတ် (၉)ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း၊ အမှတ် (၈)အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် (၁၀)တပ်ထိန်းတပ်ခွဲ၊အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းများကို ထိုးစစ် ဆင်တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်သည်။

ထို့အပြင် သိမ်းပိုက်ရရှိထားပြီးသောစခန်းများမှ ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိ၍ အမ်း၊ နပခဌာနချုပ်ရှိရာ ပတ်ဝန်းကျင်၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း အသိပေးသည်။

အာရက္ခတပ်တော်မှ အလုံးစုံသိမ်းပိုက်ရရှိထားသည့် မြို့များတွင် တော်လှန်ရေးလောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်နေကြသည့် အာရက္ခပြည်သူများ၏ လူမှုစားဝတ်နေထိုင်ရေးဖူလုံရေးနှင့် ပြည်သူ့ဝန်ဆောင်ရေး လုပ်ငန်းများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် မပြီးပြတ် သေးသော ထိုးစစ်များကို ဆက်လက် ဆင်နွှဲရင်း တစ်ပြိုင်နက်တည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိနေသောကြောင့် လိုအပ်ချက်များရှိနေဆဲဖြစ်သည်ဟုလည်း AAက ထုတ်ပြန်သည်။

လိုက်အပ်ချက်များ ရှိနေဆဲဖြစ်သည်ကို အဖွဲ့အစည်းအနေဖြင့် ကောင်းစွာသိရှိနားလည်ပြီး လိုအပ်သည်များကို အနှေးနှင့်အမြန် ဖြည့်ဆည်းပေးသွားမည်ဟုလည်း အသိပေးသည်။

တစ်နှစ်တာစစ်ဆင်ရေးကာလအတွင်း စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ အတွင်း အသက်ပေးဆပ်စွန့်လွှတ်ခဲ့ကြသော အာရက္ခတပ်တော်နှင့် မိတ်ဖက်အဖွဲ့အစည်းအချို့မှ သတ္တိပြောင် မြောက်သော စစ်သည်တော်များ၊ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ကြသော စစ်သည်တော်များနှင့် စစ်ဆင်ရေး ကို ပုံစံတစ်မျိုးမျိုးဖြင့် အထောက်အပံ့ဖြစ်စေသော ကျန်းမာရေးဝန်ထမ်းများအပါအဝင် သက်ဆိုင်သော သူများ အားလုံးကို အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြုကြောင်းလည်း ဖော်ပြသည်။

ထို့အတူ ရက္ခိုင်အမျိုးသားလှုပ်ရှားမှု၊ အာရက္ခပြည်သူ့တော်လှန်ရေးကာလအတွင်း အဘက်ဘက်မှ ပုံစံအမျိုးမျိုးဖြင့် ပူးပေါင်းပါဝင်ခဲ့ကြသော အာရက္ခဒေသနေပြည်သူများ၊ အဖွဲ့အစည်းနှင့် ရက္ခိုင်လူမျိုးကို အားပေးထောက်ခံကြသော ပြည်သူများ၊ မဟာမိတ်အဖွဲ့အစည်းများ၊ မိတ် ဖက်အဖွဲ့အစည်းအချို့နှင့် ကျေးဇူး တင်ထိုက်သော သူများအားလုံးကိုလည်း လေးနက်စွာ ကျေးဇူးအထူးတင်ကြောင်းလည်း AAက ထုတ်ပြန်သည်။

(အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား ထိုးစစ်ဆင်တိုက်ခိုက်နေစဉ်အတွင်း အာရက္ခတပ်တော်မှ သိမ်းပိုက်ထားပြီးဖြစ်သည့် စစ်ကောင်စီ၏ တပ်စခန်းများ။ ဓာတ်ပုံ – AA)

ဆက်စပ်သတင်းများ

သတင်း

မုန်းမြို့နယ်တွင်မူ စစ်ကောင်စီ၏ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် အသက် ၂၀နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးသေဆုံးခဲ့သည်ဟု KNUက ထုတ်ပြန်သည်။

ဆောင်းပါး

၂၀၂၃ ခုနှစ် ယနေ့လို‌နံနက်က ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်နှင့်ချိန်ခါလီ နယ်ခြားစောင့်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး AA ရခိုင် စစ်မျက်နှာသစ်ကို စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ဖြင့် နိုဝင်ဘာ ၁၃ သည် AA၏ ၁၀၂၇ စစ်ဆင်ရေး ၁ နှစ် ပြည့်မြောက်ပြီဖြစ်သည်။

သတင်း

ဖယ်ခုံ-ပင်လောင်းနယ်စပ်သို့ စစ်ကောင်စီစစ် ကြောင်းထိုးမှုကြောင့် စစ်ရှောင်ပြည်သူ ၂၀,၀၀၀ ထက်မနည်းရှိကြောင်း ကရင်နီအရပ်ဘက်လူမှုအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

သတင်း

နိုဝင်ဘာ ၁၂ ရက် ည ၈နာရီခန့်က ဆတ်ရိုးကျတံတားပေါ်၌ ရှိနေသော လူငယ်များကို စစ်ကောင်စီတပ်က ပစ်ခတ်ခြင်းဟု မြို့ခံတစ်ဦးကပြောသည်။

Facebook