close
Connect with us

Hi, what are you looking for?

သတင်း

ပွင့်ဖြူမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများကိုစစ်ကောင်စီတပ် စစ်ကြောင်းထိုး

စစ်ကောင်စီတပ်က မဲဇလီရဲစခန်းကနေလက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် ကျွဲခြံရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ၎င်းကဆက်ပြောသည်။

(စစ်တပ်စစ်​ကြောင်းတခုကို​တွေ့ရစဥ်(ပုံ​ဟောင်းဖြစ်ပါသည်) ဓါတ်ပုံ-စစ်​ကောင်စီ )
(စစ်တပ်စစ်​ကြောင်းတခုကို​တွေ့ရစဥ်(ပုံ​ဟောင်းဖြစ်ပါသည်) ဓါတ်ပုံ-စစ်​ကောင်စီ )
▪︎စစ်တပ်ကမဲဇလီရဲစခန်းမှ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်နေ

တာရာ/People’s Spring

မ​​ကွေးတိုင်း ၊ပွင့်ဖြုမြို့နယ်တောင်ပိုင်းရှိကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ၍ ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ရေးတင်းမာနေပြီး စစ်တပ်က ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများက​ပြောသည်။

နိုဝင်ဘာ ၉ ရက်မနက်ပိုင်းမှစ၍ စစ်ကောင်စီတပ်က မဲဇလီရဲစခန်းကို အင်အားဖြည့်တင်းပြီး အနီးအနားရှိကျေးရွာကို လက်နက်ကြီးများပစ်ခတ်နေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

“ဒီနေ့ မနက် ၇နာရီခွဲလောက်ထဲက မဲဇလီကို အင်းအားဖြည့်နေတာ အင်းအား ၁၀၀ လောက်ရှိတယ်။ ကာကွယ်ရေးတပ်တွေရှိတဲ့ ဘက်ကို စစ်ကြောင်းထိုးမယ့်ဖို့လုပ်နေကြတာပါ”ဟု ပွင့်ဖြူမြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က မဲဇလီရဲစခန်းကနေလက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် ကျွဲခြံရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ၎င်းကဆက်ပြောသည်။

မဲဇလီရဲစခန်းကို ပွင့်ဖြူမြို့နယ်အတွင်းရှိ ဝါတပ်စစ်စခန်းမှ နိုဝင်ဘာ ၉ ရက်မနက်ပိုင်းက စ၍ အင်အားဖြည့်တင်းနေခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်များနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ဝါတပ်ဆိုသည်မှာ ပွင့်ဖြူနယ်ထဲ စစ်တပ်ချည်မျှင်နှင့်အထည်ချုပ်စက်ရုံအတွက် စက်ရုံ အလုပ်လုပ်ရသည့် စစ်တပ်စခန်းတခုဖြစ်သည်။

စစ်ကောင်စီက စစ်ကြောင်းထိုးမည်စိုး၍ ​ဒေသခံ​ကျေးရွာများမှ ပြည်သူအချို့လည်း ထွက်ပြေးတိမ်းရှောင်နေရသည့်ဟုသိရသည်။

စစ်ရေးတင်းမာနေမှုကြောင့် မင်းဘူး နှင့် ပွင့်ဖြူကို ဆက်သွယ်ထားသည့် ပုသိမ်-မုံရွာကားလမ်းကိုလည်း ယာယီအသုံးပြုခွင့်ရပ်ဆိုင်းထားကြောင်း ဒေသခံကာကွယ်ရေးတပ်များထံမှသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ရောဂါဖြစ်ပွားနေသည့် ကလေးငယ်ပမာဏများပြားနေသည်ဟု မြောင်လူငယ်ကွန်ရက် - YFCက ​ပြောကြားပြီး အရေအတွက်ကိုမူ ​​ဖြေကြားခြင်းမရှိသေးပေ။

သတင်း

တိုက်ပွဲနှင့်ပတ်သက်၍ AAက တရားဝင်သတင်းထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း အမ်းမြို့ကိုသိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းပြီးခဲ့သည့်အောက်တိုဘာလကသတင်းထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်တွင်လည်း မင်းတပ်၌ တော်လှန်ရေးတပ်ဖွဲ့နှင့် မင်းတပ် အခြေစိုက် ခလရ(၂၇၄)တပ်တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း ရေးသားထားသည်။

သတင်း

လွိုင်ကော်မြို့နယ်၊နိုးကိုးကျေးရွာတွင် စစ်ကောင်စီ၏ လက်နက်ကြီးကျည်ထိမှန်၍ (၁၀)နှစ်အရွယ် ကလေးငယ်အပါအဝင် ပြည်သူလေးဦးသေဆုံးခဲ့ရသည်။

Facebook