close
Connect with us

Hi, what are you looking for?

သတင်း

လှော်ကားနယ်မြေရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့တိုက်ခိုက်

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ လှော်ကားနယ်မြေ ရဲစခန်းကို မြို့ပြပြောက်ကျားအဖွဲ့များက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ရွှေပြည်သာမြို့နယ် လှော်ကားနယ်မြေ ရဲစခန်းကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ရွှေပြည်သာမြို့နယ် လှော်ကားနယ်မြေ ရဲစခန်းကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

သုည/People’s Spring

ယနေ့(နိုဝင်ဘာ ၁၃ရက်) ည ၇နာရီကျော်တွင် လှော်ကားနယ်မြေရဲစခန်းကို ပစ်မှတ်ထား၍ Operation Flame (OF) နှင့် Yangon UG People Army (YUPA)တို့မှ လက်ပစ်ဗုံး ၂လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း OF အဖွဲ့က အသိပေးထားသည်။

“လှော်ကားရဲစခန်းဘက်မှာ ည ၇ နာရီခွဲလောက် က ဗုံးပေါက်သံ အကျယ်ကြီးကြားလိုက်ရတယ်။ ရဲစခန်းနားမှာ ဗုံးပေါက်တာလို့ ပြောနေကြတယ်။ လူထိခိုက်မှု ရှိ၊မရှိတော့ သေချာမသိပါဘူး။ စစ်ကား၊ ရဲကားတွေ လှော်ကားနားမှာ စစ်နေတာ တွေ့ရတယ်။ အောက်မင်္ဂလာဒုံလမ်းပေါ်မှာလည်း စစ်ကားတွေ ကင်းပတ်နေတာ တွေ့ခဲ့ပါတယ်”ဟု ရွှေပြည်သာမြို့နယ်နေပြည်သူတစ်ဦးက ပြောသည်။

ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဝင်အချို့ ထိခိုက်မှုရှိနိုင်ပြီး အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်သော်လည်း တော်လှန်ရေးအဖွဲ့သားအားလုံး ဘေးကင်းရာသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း Operation Flame (OF) အဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ရန်ကုန်တော်လှန်ရေးမဟာမိတ်များနှင့်အတူ လက်တွဲပြီး စစ်ကောင်စီတပ်အား အရှိန်မြင့်တိုက်ခိုက်ချေမှုန်းသွားမည်ဟုလည်း OFအဖွဲ့က အသိပေးသည်။

Operation Flame (OF)အဖွဲ့သည် ယမန်နေ့ညပိုင်းကလည်း ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ ရွှေနံ့သာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မုန်းမြို့နယ်တွင်မူ စစ်ကောင်စီ၏ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် အသက် ၂၀နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးသေဆုံးခဲ့သည်ဟု KNUက ထုတ်ပြန်သည်။

သတင်း

ရှမ်းတဲလေတပ်စခန်းနှင့် ခြေမြန်တပ်မဌာနချုပ် အမှတ်(၉၉)တို့သည် တော်လှန်ရေးအဖွဲ့များ၏ ပထမဆုံးအကြိမ် တိုက်ခိုက်ခံရမှုလည်း ဖြစ်သည်။

သတင်း

လေကြောင်း အချက်ပြစက် ၃လုံးနှင့် ခဲယမ်းတပ်ဆင်သည့် စက် ၃လုံးပျက်စီးခဲ့ကြောင်း Voice Of Wundwin အဖွဲ့က ဆိုသည်။

သတင်း

တိုက်ခိုက်မှုဖြစ်သည့်အချိန်တွင် အင်းစိန်မြိုနယ်အတွင်း၌ ပေါက်ကွဲသံ အကျယ်ကြီးကြားရကြောင်း ဒေသခံတစ်ဦးက Hlaing Info သို့ ပြောကြားထားသည်။

Facebook