close
Connect with us

Hi, what are you looking for?

သတင်း

ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီတပ် တိုက်ခိုက်၍ အမျိုးသမီးတစ်ဦး သေဆုံး၊ ကလေးငယ် အပါအဝင်ပြည်သူ လေးဦး ဒဏ်ရာရ

မုန်းမြို့နယ်တွင်မူ စစ်ကောင်စီ၏ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် အသက် ၂၀နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးသေဆုံးခဲ့သည်ဟု KNUက ထုတ်ပြန်သည်။

(ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)အတွင်း စစ်ကောင်စီကဒရုန်း၊လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့၍ အရပ်သား သေဆုံးထိခိုက်မှုများ ထပ်မံ ဖြစ်ခဲ့ကြောင်း KNU ဗဟိုက ယနေ့(နိုဝင်ဘာ ၁၄ရက်)သတင်းထုတ်ပြန်သည်။

ညောင်လေးပင်ခရိုင်အတွင်းရှိ ကျောက်ကြီး(လယ်ဒို) မြို့နယ်နှင့် မုန်း(မူး)မြို့နယ်များအတွင်းစစ်ကောင်စီတပ်မှ ပြည်သူလူထုများအား ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ ဒရုန်းဖြင့်ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း တို့ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကျောက်ကြီးမြို့နယ်တွင် နိုဝင်ဘာ ၁၃ရက်နံနက်က ပိန်းဇလုပ်အခြေစိုက်ခလရ-၂၆၄ တပ်ရင်းမှ ကျောက်ကုန်း ကျေးရွာအတွင်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်တစ်လုံးထိမှန်ကာ (၆)လနှင့် (၈)နှစ်အရွယ်ကလေးငယ် နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု KNUက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ၁၂ရက် ညကလည်း ခလရ-၂၆၄ တပ်ရင်းမှ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဝမ်းချဲကျေးရွာ၊ မက်စလီကုန်း ကျေးရွာ နှင့်ကျောင်းကုန်း ကျေးရွာများသို့ ကျရောက်ပေါက်ကွဲခဲ့သည့်အပြင် ကညှင်ကြိုး ကျေးရွာ ချိန်းကြောင်း တံတားတွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု အသိပေးထားသည်။

မုန်းမြို့နယ်တွင်မူ စစ်ကောင်စီ၏ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် အသက် ၂၀နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးသေဆုံးခဲ့သည်ဟု KNUက ထုတ်ပြန်သည်။

နိုဝင်ဘာ ၁၂ရက်တွင် ခမရ-၄၃၉ တပ်ရင်းမှ မျက်နီကွင်းကျေးရွာတွင်းသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး သက်ကြီးအမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

နိုဝင်ဘာ ၁၁ရက်ကလည်း စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် မုန်းမြို့နယ် ထွနီကုန်းကျေးရွာမှ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။

ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းများအသုံးပြုပြီး ပြည်သူနေထိုင်ရာနေရာများအား ပစ်မှတ်ထား တိုက်ခိုက်၍ အရပ်သားသေဆုံးထိခိုက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

​ ပုလဲမြို့​ပေါ်တွင် တိုက်ပွဲများပြင်းထန်​နေဆဲဖြစ်ပြီးစစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်​နေသလို ရဟတ်ယာဉ်ဖြင့် စစ်ကူများပို့ဆောင်နေကြောင်း ဒေသခံအချို့ကပြောသည်။

သတင်း

စက်တင်ဘာ ၃၁ရက်က အင်အား ၈၅ဦးပါ စစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက် ချေမှုန်းခံရပြီးနောက် နမခမှ ဝင်ရောက်လာခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီကို ထောက်ခံအားပေးနေသည့် ရန်အောင်အပြင် ကျန်ရှိအနုပညာရှင်များကိုလည်း သတိပေးသည့်အနေဖြင့် ဖောက်ခွဲခြင်းဖြစ်ကြောင်း Dark Shadow တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

သတင်း

AAသည် ၂၀၂၃ နိုဝင်ဘာ ၁၃ရက်မှစတင်ပြီး စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တစ်နှစ်ပြည်သည်အထိ တိုက်ပွဲအရှိန်သည် လျော့ကျ သွားခြင်းမရှိဘဲ တိုက်ပွဲများမှာ နေ့စဉ်နှင့်အမျှ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း အသိပေးသည်။

Facebook