နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ်၊ ဖာပွန်မြို့က ကူးဆိပ်စခန်းကို သိမ်းယူပြီး ရက်ပိုင်းအကြာမှာပဲ မြို့ တောင်ဘက်မှာ ရှိတဲ့ မထောတပ်စခန်းကို KNU တပ်မဟာ (၅)ပူးပေါင်းတပ်က ဆက်လက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ကူးဆိပ်စခန်းကနေ ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မထောတပ်စခန်းမှာ သွားရောက် ပူးပေါင်းနေကြပြီး လက်ရှိ အဲဒီစခန်းမှာ စုစုပေါင်းအင်အား ၈၀ ခန့် ရှိနေတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောပါတယ်။
“မထောစခန်းကို စတင်ပစ်ပြီလို့တော့ကြားတယ်” လို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက ဆိုပါတယ်။

Public Service Announcement
မထောတပ်စခန်းက ဖာပွန် – ကတိုင်တိ – ကမမောင်း ကားလမ်းမှာ တည်ရှိပြီး ဖာပွန်မြို့နဲ့တော့ ၁၀ မိုင့်ခန် ဝေးပါတယ်။
ဖာပွန်မြို့အနီးမှာ လည်း အခြေချစစ်ဗျုဟာ နဲ့ တပ်ရင်း နှစ်ရင်းကျန်ရှိနေပြီး KNU နဲ့ ပူးပေါင်းတပ် က ဝန်းရံပိတ်ဆို့ ထားတာပါ။
ဖာပွန် – ကတိုင်တိ – ကမမောင်း ကားလမ်းမှာ စစ်ကောင်စီ တပ်ရဲ့ မထောစခန်း၊ တောင်သုံးလုံး ၊ ကတိုင်တိ၊ ကညင်ဒုံ နဲ့ စစ်တပ်လက်အောက်ခံ ကရင့်နယ်ခြားစောင့်တပ်ရင်း အမှတ် ၁၀၁၃ တပ်ရင်း ၊ အမှတ် ၁၀၁၄ တပ်ရင်း တို့အပြင် ကမမောင်း ဗျုဟာ စခန်းတွေ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။
