close
Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းနှင့် မင်းတပ်တိုက်ပွဲပြင်းထန်နေဟု ချင်းညီနောင်အဖွဲ့ ထုတ်ပြန်

ချင်းညီနောင်၏ ထုတ်ပြန်ချက်တွင် တိုက်ပွဲဖြစ်ပွားနှင့် စစ်ဆင်ရေး ရလဒ်အခြေအနေ အသေးစိတ်ဖော်ပြမထား၍ ချင်းညီနောင်သို့ ဆက်သွယ်မေးမြန်းထားသည်။

(ချင်းညီ​နောင်မှ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ- The Chin Journal)
(ချင်းညီ​နောင်မှ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ- The Chin Journal)

မိထက်၊ဟန်နွေ/People’s Spring

မင်းတပ်နှင့် ဖလမ်းမြို့မှ စစ်ကောင်စီစခန်းများကို နိုဝင်ဘာ ၉ရက်ကစ၍ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီးတိုက်ပွဲများ ပြင်းထန်နေကြောင်းချင်းညီနောင်အဖွဲ့ (Chin Brotherhood)က သတင်းထုတ်ပြန်သည်။

ချင်းညီနောင်စစ်ဆင်ရေး (Operation CB)ကို ဖော်ဆောင်နေခြင်းဖြစ်ပြီး မဟာမိတ်အဖွဲ့အစည်းအချို့ကလည်း မိတ်ဖက်အဖွဲ့အစည်း၊အိမ်နီးချင်းကောင်း ပီသစွာဖြင့် ပူးပေါင်းတိုက်ပွဲဝင်နေကြောင်း အသိပေးထားသည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် မြို့စွန်ရှိ ခလရ(၂၆၈)သာ ကျန်တော့ပြီး ရဲစခန်းနှင့်ထွေအုပ်ရုံးကို တိုက်ခိုက်သိမ်းပိုက်ထားကြောင်းနှင့် စစ်ကောင်စီတပ်က ကလေးမြို့အမြောက်တပ်မှနေ၍ ဖလမ်းမြို့ဘက်သို့ မစ်ဇိုင်းဒုံးကျည်များဖြင့် ပစ်ခတ်နေပြီး မြို့မကျရေး ခုခံတိုက်ခိုက်နေကြောင်း ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မင်းတပ်မြို့ကိုလည်း စစ်ကောင်စီက လေကြောင်းမှ‌နေ့စဉ် အပြင်းအထန်တိုက်ခိုက်နေပြီး မြို့ပေါ်ရပ်ကွက်အချို့မှ နေအိမ်အချို့မီး လောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

လက်ရှိအချိန်တွင် စစ်ဆင်ရေးသတင်း၊ တိုက်ပွဲသတင်းများနှင့်ပတ်သက်၍သတင်းမှားများ ထွက်ပေါ်နေပြီး ထိုကဲ့သို့ ရေးသားဖြန့်ဝေခြင်း မပြုလုပ်ကြရန် ချင်းညီနောင်အဖွဲ့က မေတ္တာရပ်ခံထားသည်။

ချင်းညီနောင်အနေဖြင့် တိကျမှန်ကန်သော သတင်းများနှင့် အောင်ပွဲရသတင်းများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း​ ဖော်ပြထားသည်။

ချင်းညီနောင်၏ ထုတ်ပြန်ချက်တွင် တိုက်ပွဲဖြစ်ပွားနှင့် စစ်ဆင်ရေး ရလဒ်အခြေအနေ အသေးစိတ်ဖော်ပြမထား၍ ချင်းညီနောင်သို့ ဆက်သွယ်မေးမြန်းထားသည်။

ချင်းညီနောင် ဖော်ဆောင်နေသည့် မင်းတပ်မြို့တိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်း ပစ်ကူ လက်နက်ကြီးပစ်ကူများဖြင့် ခုခံနေပြီး မင်းတပ်အခြေစိုက် ခလရ(၂၇၄)တပ်ရင်းကို လေကြောင်းမှ စစ်လက်နက်ခဲယမ်းဖြည့်တင်းမှုများ လုပ်ဆောင်လျက်ရှိသည်ဟု မင်းတပ်ဒေသခံက အသိပေးထားသည်။ စစ်ကောင်စီတပ်သည် မြို့ပေါ်ရှိ ပြည်သူလူထုနေအိမ်များကိုလည်း မီးရှိုးဖျက်ဆီးလျက်ရှိသည်ဟုလည်း ဒေသခံက ဆိုသည်။

ဖလမ်းမြို့ တိုက်ပွဲတွင်လည်း ခလရ(၂၆၈)တပ်ကုန်းနေရာကို ချင်းညီနောင်က တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲပြင်းထန်နေသည်ဟု ဒေသခံအချို့ကို ကိုးကားပြီး ချင်းသတင်းဌာနအချို့က ဖော်ပြသည်။ ဖလမ်းမြို့ ရဲစခန်းနှင့် ထွေအုပ်ရုံးကို ချင်းညီနောင် သိမ်းထားပြီး မြို့ကို ထိန်းချုပ်ထားဟု The Chin Journalက ဖော်ပြထားသည်။ ဖလမ်းတိုက်ပွဲတွင်လည်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ဆိုသည်။

မင်းတပ်နှင့် ဖလမ်းမြို့တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် ချင်းညီနောင်အဖွဲ့တွင် ချင်းဒေသကာကွယ်ရေးတပ်များဖြစ်သည့် CDF မင်းတပ်၊ CDF ကန်ပက်လက်၊ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)၊ CDF မတူပီ တပ်မဟာ(၁)၊ မာရာတပ် MDF၊ PDF ဇိုလဲန်း တို့ ပါဝင်စုဖွဲ့ထားပြီး ရက္ခိုင့်တပ်တော်(AA)နှင့်အတူ ပူးတွဲကာ စစ်ရေးဖော်ဆောင်လျက်ရှိသည်။

ချင်းညီနောင်အဖွဲ့သည် ကျင်​ဒွေးမြို့နှင့် မတူပီမြို့တို့ကို ဧပြီလနှင့်ဇွန်လတွင်​အောင်မြင်စွာဆင်နွဲနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အခြေစိုက်ရာ အမ်းမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ရေး AAက ထိုးစစ်ဆင်နေစဉ် နိုဝင်ဘာ ၁၀ရက် မွန်းလွဲ၂နာရီ ခွဲတွင် ပစ်ချခဲ့ခြင်းဖြစ်သည်ဟု ခိုင်သုခက ပြောသည်။

သတင်း

ပုလဲမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သော်လည်း လက်နက်ခဲယမ်းမလုံလောက်၍ဆိုကာ ပြန်လည်ဆုတ်ခွာပေးခဲ့သည်။

သတင်း

စစ်ကောင်စီက မင်းတပ်မြို့ပေါ်ရှိ ပြည်သူလူထု နေအိမ်များကို မီးရှို့ ဖျက်ဆီးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ဒေသခံက ပြောသည်။

သတင်း

နိုဝင်ဘာ ၉ရက်တွင်လည်း လောင်းရှည်မြို့ရှိ ကပစမှ တာဝေးပစ်ဒုံးဖြင့် မင်းတပ်မြို့အနီးဝန်းကျင်များ လေးကြိမ်ခန့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံက အသိပေးသည်။