Hi, what are you looking for?
အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်စစ် မဖြစ်မနေဆင်နွှဲနေရသည့် အခြေအနေတွင် စစ်မတိုက်ဘဲ ဘာမှ ဖြစ်လာမည်မဟုတ်၍ တောင်တန်းနှင့်မြေပြန့်ဒေသရှိ တော်လှန်ရေးအင်အားစုများအားလုံး စစ်တိုက်ရန် အဓိက လိုအပ်ကြောင်း ချင်းညီနောင်စစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေက ပြောသည်။
ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် ပါဝင်သည့် ချင်းညီနောင်မဟာမိတ်များက တိုက်ခိုက် သိမ်းပိုက်စဉ် ဆုတ်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများ ဝှက်ထားသော လက်နက်များတွေ့ရှိသည့် ပြည်သူများက လာရောက်အပ်နှံ၍ ဆုငွေပေးအပ်ခဲ့ဟု CDF - မင်းတပ်က ယနေ့ (ဩဂုတ် ၂၂ရက်)တွင် သတင်းထုတ်ပြန်သည်။