close
Connect with us

Hi, what are you looking for?

သတင်း

အမ်းတိုက်ပွဲ၌ စစ်ကောင်စီ ရဟတ်ယာဉ်ကိုထိမှန်​အောင် ပစ်နိုင်ခဲ့ဟု AA အတည်ပြု

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အခြေစိုက်ရာ အမ်းမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ရေး AAက ထိုးစစ်ဆင်နေစဉ် နိုဝင်ဘာ ၁၀ရက် မွန်းလွဲ၂နာရီ ခွဲတွင် ပစ်ချခဲ့ခြင်းဖြစ်သည်ဟု ခိုင်သုခက ပြောသည်။

(စစ်တပ်ရဟတ်ယာဥ်ကို ပစ်ချပြီး၂၀၂၄ ​ဖေ​ဖော်ဝါရီ ၃ ရက် က AA ထုတ်ပြန်ခဲ့​သောဓါတ်ပုံများ။ဓါတ်ပုံ-AA Info Desk)
(စစ်တပ်ရဟတ်ယာဥ်ကို ပစ်ချပြီး၂၀၂၄ ​ဖေ​ဖော်ဝါရီ ၃ ရက် က AA ထုတ်ပြန်ခဲ့​သောဓါတ်ပုံများ။ဓါတ်ပုံ-AA Info Desk)

“ကျနော်တို့ဘက်က (၄) စီးစလုံးကို လိုက်ပစ်တာ (၁) စီးက အမြီးပိုင်းကိုထိသွားပါတယ်။” ခိုင်သုခ

ထားမြတ်၊သရဖူ /People’s Spring

ရက္ခိုင်ပြည်နယ် အမ်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ ရဟတ်ယာဉ်​လေးစီးကိုပစ်ခတ်ရာ တစ်စီးကို ထိမှန်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက အတည်ပြု သည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အခြေစိုက်ရာ အမ်းမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ရေး AAက ထိုးစစ်ဆင်နေစဉ် နိုဝင်ဘာ ၁၀ရက် မွန်းလွဲ၂နာရီ ခွဲတွင် ပစ်ချခဲ့ခြင်းဖြစ်သည်ဟု ခိုင်သုခက ပြောသည်။

“မနေ့က အကြမ်းဖက် စစ်ကောင်စီက အမ်း၊ နပခ ဌာနချုပ် ပတ်ဝန်းကျင်မှာ သူတိုရဲ့တပ်ဖွဲဝင် လူနာတွေ၊ လက်နက်ခဲယမ်း၊ ရိက္ခာ၊ စစ်အင်အား လာပို့တဲ့ ရဟတ်ယာဉ် (၄) စီး၊ ရှေ့ဆင့်နောက်ဆင့် ဆင်းသက်လာတာရှိပါတယ်။ ကျနော်တို့ဘက်က (၄) စီးစလုံးကို လိုက်ပစ်တာ (၁) စီးက အမြီးပိုင်းကိုထိသွားပါတယ်။ဒါပေမယ့် အဲဒီထိသွားတဲ့ ရဟတ်ယာဉ်ဟာ အဲဒီနေရာမှာ ထိုးကျပျက်စီးသွားတာမျိုးမဟုတ်ဘဲ သူတို့ အကြမ်းဖက် စစ်ကောင်စီထိမ်းချုပ်ထားတဲ့ နေရာအထိရောက်အောင် သူတိုကြိုးစားထိန်းမောင်းပြီးမှ သတ်မှတ်နေရာကိုမရောက်ဘဲ အဆင်ပြေတဲ့တစ်နေရာမှာဆင်းသက်သွားတယ်လို ကျနော်တို့ သိရပါတယ်” ဟု ခိုင်သုခက People’s Spring ၏ ​မေးမြန်းမှုကို​ဖြေကြားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ရဟတ်ယာဉ်သည် မကွေးတိုင်း ငဖဲမြို့နယ်၊ ကျောက်ဆုံရွာ အနီးသို့ ဆင်းသွားသည်ဟု စုံစမ်းသိရကြောင်းလည်း ULA/AA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှ ဒေသခံတစ်ဦးကလည်း”ဖုန်းလိုင်းတွေမရလို့ အသေးစိတ်တော့မသိရဘူး။ ဒါပေမယ့် ရဟတ်ယာဉ်ဆင်းရတာမှန်တယ်ဗျ။ ကျတော် အသေးစိတ်သိရတာနဲ့ထပ်ပြောမယ်” ဟု ပြောသည်။

အမ်းမြို့နယ် ဘက်မှ ပျံသန်းလာသော Mi 17ရဟတ်ယာဥ်တစ်စီး စက်ချို့ယွင်း၍ငဖဲမြို့နယ်ကျောက်ဆုံရွာဘုန်းကြီးကျောင်းအနီး တွင်နိုဝင်ဘာ ၁၁ရက် ၂ နာရီခွဲဝန်းကျင်ချိန်၌အရေးပေါ်ဆင်းသက်ခဲ့ရ​ကြောင်း စုံစမ်းသိရသည်။

စစ်​ရေးသတင်းများ​​ရေးသား​နေ​သော CDM အရာရှိ ဗိုလ်ကြီးဇင်ယော်ကလည်း အမ်းတိုက်ပွဲမှ ဒဏ်ရာရစစ်သားများသယ်ဆောင်လာသည့် စစ်ကောင်စီရဟတ်ယာဉ်တစ်စင်း ရခိုင်ရိုးမပေါ်၌ ပစ်ခတ်ခံရပြီး ထိမှန်သွားကြောင်း လူမှုကွန်ရက်၌ ရေးသားထားသည်။

(စစ်တပ်ရဟတ်ယာဥ်ကို ပစ်ချပြီး၂၀၂၄ ​ဖေ​ဖော်ဝါရီ ၃ ရက် က AA ထုတ်ပြန်ခဲ့​သောဓါတ်ပုံများ။ဓါတ်ပုံ-AA Info Desk)
(စစ်တပ်ရဟတ်ယာဥ်ကို ပစ်ချပြီး၂၀၂၄ ​ဖေ​ဖော်ဝါရီ ၃ ရက် က AA ထုတ်ပြန်ခဲ့​သောဓါတ်ပုံများ။ဓါတ်ပုံ-AA Info Desk)

“ယမန်နေ့က အမ်း နပခထဲကနလင်းနို့(လူနာ)တွေကောက်လာတဲ့ ပုစင်းတစ်ကောင် ရခိုင်ရိုးပေါ် ဖြတ်အသွားမှာ အောက်ကနေ ပစ်ခတ်လိုက်ပါတယ်။ထိတော့ ထိသွားတယ်။တကယ်တမ်း ခရီးစဉ်က တပ်မ ၈၈ (မကွေး) ကွင်းထဲကို ဆင်းရမှာ။အခြေအနေမဟန်လို့ ဆူးပတောင်းရွာကျောက်ဆုံ ဘုန်းကြီး‌ကျောင်းကို အရေးပေါ်ဆင်းသက်လိုက်ရတယ်” ဟု ဗိုလ်ကြီးဇင်ယော်ကရေးသားထားသည်။စစ်ကောင်စီရဟတ်ယာဉ်သည် ဆူးပတောင်းရွာကျောက်ဆုံ ဘုန်းကြီး‌ကျောင်းဝင်းအတွင်း နိုဝင်ဘာ၁၁ ရက်အထိ ရှိနေဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်​ရေးထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလလယ်ကလည်း နပခမှစစ်ကောင်စီအရာရှိများလိုက်ပါလာသည့် ရဟတ်ယာဉ်တစ်စီးကို နပခဝင်းအတွင်း AAကပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသတင်းများ ထွက်ခဲ့သည်။ အဆိုပါသတင်းကို AAက မထုတ်ပြန်ခဲ့​ပေ။

(စစ်တပ်ရဟတ်ယာဥ်ကို ပစ်ချပြီး၂၀၂၄ ​ဖေ​ဖော်ဝါရီ ၃ ရက် က AA ထုတ်ပြန်ခဲ့​သောဓါတ်ပုံများ။ဓါတ်ပုံ-AA Info Desk)
(စစ်တပ်ရဟတ်ယာဥ်ကို ပစ်ချပြီး၂၀၂၄ ​ဖေ​ဖော်ဝါရီ ၃ ရက် က AA ထုတ်ပြန်ခဲ့​သောဓါတ်ပုံများ။ဓါတ်ပုံ-AA Info Desk)

နိုဝင်ဘာ ၁၀ ရက်တွင် ရဟတ်ယာဥ်များကိုပစ်ခတ်သည်ကိုမှ AA ကအတည်ပြု​ပေးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် AA က ၂၀၂၄ ​ဖေ​ဖော်ဝါရီ ၃ ရက်က စစ်တပ်ရဟတ်ယာဥ်ကို ပစ်ချပြီးပျက်စီး​နေ​သော ရဟတ်ယာဥ်ကို AA တပ်ဖွဲ့ဝင်များက စစ်​ဆေး​နေ​သော သတင်းဓါတ်ပုံကို ထုတ်ပြန်ခဲ့သည်။ သို့​သော် မည်သည့်တိုက်ပွဲတွင် မည်သည့်​နေ့က ပစ်ချသည်ဆို​သော အချက်အလက်အ​သေးစိတ်ကို မထုတ်ပြန်​ပေ။

အမ်းမြို့သိမ်းတိုက်ပွဲနှင့် ပတ်သက်၍ အာရက္ခတပ်​တော်က အောက်တိုဘာလ၇ရက်တွင် နောက်ဆုံးသတင်းထုတ်ပြန်ပြီး နောက်ဆက်တွဲ ထုတ်ပြန်ခြင်းမရှိသေးပေ။

လာမည့် နိုဝင်ဘာလ ၁၃ရက်သည် ရခိုင်ပြည်နယ်၌မြို့သိမ်းတိုက်ပွဲများဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေး ၁နှစ် ပြည့်မည့်နေ့ဖြစ်သည်။ AAက ယင်းနေ့တွင် သတင်းထုတ်ပြန်လာနိုင်ကြောင်း စစ်ရေးအကဲခတ်အချို့ကပြောသည်။

AAက ၁၀၂၇ စစ်ဆင်​ရေး တစ်နှစ်နီးပါးအတွင် ရခိုင်ပြည်နယ်တွင် မြို့ ​ပေါင်း ၁၄ မြို့နှင့် ချင်းပြည်နယ်တွင် ပလက်ဝ မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ထို့အပြင် အမ်း ၊​မောင်​တော ၊​တောင်ကုတ်၊ ဂွ မြို့နယ်ို့ကိုအပြီးသတ်သိမ်းပိုက်ရန် ထိုးစစ်ဆက်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးပြီး လက်နက်ကြီးနှစ်လက်၊ မောင်းပြန် ရိုင်ဖယ်သုံးလက်နှင့် ကျည်အများအပြား သိမ်းဆည်းရမိခဲ့သည်ဟု တပ်မဟာ(၅)က ထုတ်ပြန်သည်။

သတင်း

ဗုံးကြဲခံရမှု​ကြောင့် ​နေအိမ် အ​ဆောက်အအုံအချို့ပျက်စီး​နေသည်ကိုလည်း ​ဒေသခံများကလူမှုကွန်ယက်တင်ထား​သောသတင်းဓါတ်ပုံများ၌ ​တွေ့ရသည်။

သတင်း

ပုလဲမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သော်လည်း လက်နက်ခဲယမ်းမလုံလောက်၍ဆိုကာ ပြန်လည်ဆုတ်ခွာပေးခဲ့သည်။

သတင်း

စစ်ကောင်စီက မင်းတပ်မြို့ပေါ်ရှိ ပြည်သူလူထု နေအိမ်များကို မီးရှို့ ဖျက်ဆီးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ဒေသခံက ပြောသည်။