close
Connect with us

Hi, what are you looking for?

သတင်း

တံတားဦးမြို့တွင် စစ်တပ်က လူငယ်များအား စစ်မှုထမ်းရန် ဖမ်းဆီးနေ၍ နေ့စားလုပ်သားများ အလုပ်သွားရန် အခက်တွေ့

တံတားဦးမြို့တွင် စစ်မှုထမ်းအပတ်စဥ်သစ်စတင်တိုင်း လူငယ်အများအပြားအား စစ်ကောင်စီတပ်က ရာချီဖမ်းဆီးခေါ်ဆောင်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

(အဓမ္မစစ်မှုထမ်းရန် ခေါ်ဆောင်ခံရသည့်လူငယ်များအား အောက်တိုဘာအတွင်းက တွေ့ရစဥ်။ဓာတ်ပုံ-စကစ)
(အဓမ္မစစ်မှုထမ်းရန် ခေါ်ဆောင်ခံရသည့်လူငယ်များအား အောက်တိုဘာအတွင်းက တွေ့ရစဥ်။ဓာတ်ပုံ-စကစ)

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ တံတားဦးမြို့တွင် စစ်ကောင်စီတပ်က လူငယ်များအား စစ်မှုထမ်းရန် ဖမ်းဆီးနေ၍ နေ့စားအလုပ်သမားများ အလုပ်သွားလာရန် အခက်တွေ့နေကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၀ရက် နံနက်ပိုင်းမှစတင်ကာ တံတားဦးမြို့​ပေါ်နှင့် အင်းဝမြို့ဟောင်း၊ ဒုဌဝတီတံတားပေါ်တို့၌ စစ်ကောင်စီတပ်က နာရေးကူညီမှုအသင်းကားများအား ချောဆွဲကာ လိုက်လံဖမ်း​ဆီးခဲ့ရာ လူငယ် ၇၀ကျော် ဖမ်းဆီးခံခဲ့ရသည်။

ထို့အပြင် ယမန်နေ့(နိုဝင်ဘာ ၁၁ ရက်)တွင်လည်း စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးနေ၍ တံတားဦးမြို့နယ်မှ မန္တလေးမြို့သို့ အလုပ်သွားရောက်လုပ်ကိုင်မည့် ပန်းရံ၊ လက်သမား၊ ဆေးသုတ်နေ့စားသမားများ၊ ကုမ္ပဏီဝန်ထမ်းနှင့် အခြားစျေးရောင်းစျေးဝယ်ပြုလုပ်သူများမှာ မသွားရဲတော့ဘဲ အလုပ်ရပ်နားထားရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“အလုပ်တောင် မသွားရဲကြတော့ဘူး။ကျွန်တော်တို့ဘက်တွေဆို တစ်ရက် ‌ယောက်ျားလေး လုပ်အားခတစ်သောင်းခွဲလောက်ရကြတာ။”ဟု တံတားဦးဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ကမူ လူငယ်များထွက်မလာ၍ ဖမ်းဆီးရရှိမှုနည်းပါးသောကြောင့် တံတားဦးမြို့ပေါ်ရပ်ကွက်များမှ စစ်မှုထမ်းလူငယ်များပေးပို့ရန် စစ်ကောင်စီ​က ဖိအားပေးထားကြောင်း မြို့ခံအချို့က ပြောသည်။

နိုဝင်ဘာ ၉ရက် နံနက်ပိုင်းကလည်း စစ်ကိုင်းတံတား(ရတနာပုံတံတား)၊ စစ်ကိုင်းမြို့ဘက်ခြမ်း စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် မန္တလေးကျောက်ဝိုင်းသွားမည့် ကျောက်သမားများအပါအဝင် လူငယ် ၄၀နီးပါး စစ်မှုထမ်းရန်ဆိုကာဖမ်းဆီးခံခဲ့ရသည်။

အလားတူ မန္တလေးမြို့တွင်လည်း စစ်မှုထမ်းရန်အတွက် လူငယ်များအား ဆင့်ခေါ်ခြင်း၊ အဓမ္မဖမ်းဆီးခြင်းများ ပြုလုပ်နေကြောင်း မြို့ခံများက ပြောသည်။

တံတားဦးမြို့တွင် စစ်မှုထမ်းအပတ်စဥ်သစ်စတင်တိုင်း လူငယ်အများအပြားအား စစ်ကောင်စီတပ်က ရာချီဖမ်းဆီးခေါ်ဆောင်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် စစ်မှုထမ်းအပတ်စဥ်(၇)စတင်ရန် ကြိုးစားနေပြီး ဒေသအသီးသီး၌ စစ်မှုထမ်းရန်လူငယ်များအား ဆင့်ခေါ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

နိုဝင်ဘာ ၈ ရက်ကလည်း စစ်ကောင်စီတပ်က ဘအင်းသရက်တောရွာအား မီးရှို့ဖျက်ဆီးပြီး အမျိုးသား၂ ဦးအား သတ်ဖြတ်ကာ ၃ ဦးအား ဖမ်းဆီးသွားသည်။

သတင်း

တံတားဦးနှင့် စစ်ကိုင်းတံတားထိပ်တွင် နှစ်ရက်အတွင်း လူငယ်တစ်ရာကျော် စစ်မှုထမ်းရန် ဖမ်းဆီးခံရကြောင်း ဒေသခံများက ပြောသည်။

ဆောင်းပါး

မိန်းမယူပြီး တစ်နှစ်အကြာ အလုပ်အကိုင်အဆင်မပြေတဲ့အချိန်မှာ ဒီအလုပ်ကိုသူမလုပ်ချင်​ပေမယ့်လည်း ငွေမျက်နှာတစ်ခုတည်းနဲ့ လုပ်ခဲ့တာပါလိုသူကဖွင့်ဟပါတယ်။

သတင်း

ဘအင်းသရက်တောရွာသည် ၂၀၂၃ ဇန်နဝါရီ ၃၀ ရက်ကလည်း စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ် ၃၃ လုံး ပြာကျခဲ့သေးသည်။