close
Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်း၊ လက်နက်ကြီးများအပြင် တာဝေးပစ်ဒုံး၊ဒရုန်းများအသုံးပြု တိုက်ခိုက်နေ

နိုဝင်ဘာ ၉ရက်တွင်လည်း လောင်းရှည်မြို့ရှိ ကပစမှ တာဝေးပစ်ဒုံးဖြင့် မင်းတပ်မြို့အနီးဝန်းကျင်များ လေးကြိမ်ခန့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံက အသိပေးသည်။

(မင်းတပ်မြို့ကို စစ်ကောင်စီက နိုဝင်ဘာ ၉ရက်တွင် မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - Hkl-Mindat)
(မင်းတပ်မြို့ကို စစ်ကောင်စီက နိုဝင်ဘာ ၉ရက်တွင် မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - Hkl-Mindat)

ထားမြတ်/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းပစ်ကူအပြင် လေကြောင်းမှ ရိက္ခာဖြည့်တင်းခြင်း၊ တာဝေးပစ်ဒုံးနှင့် ဒရုန်းများဖြင့် အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသ သတင်းရင်းမြစ်က အသိပေးထားသည်။

မင်းတပ်မြို့တွင် နိုဝင်ဘာ ၉ရက်ကစ၍ ချင်းညီနောင်အဖွဲ့ဝင်တပ်များနှင့် စစ်ကောင်စီအကြား တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

နိုဝင်ဘာ ၉ရက်တွင် လေကြောင်း တိုက်ခိုက်မှု ၆ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး တိုက်ပွဲများ ဆက်တိုက်ဖြစ်ခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ဆလိုင်းယောမာန်က အတည်ပြုထားသည်။

Public Service Announcement

Public Service Announcement

မင်းတပ်မြို့တိုက်ပွဲနှင့်ပတ်သက်ပြီး ချင်းညီနောင် အဖွဲ့က မကြာမီသတင်းထုတ်ပြန်သွားရန်ရှိသည်ဟုလည်း ၎င်းက ပြောပြထားပြီး တိုက်ပွဲအသေးစိတ်ကို မင်းတပ်ချင်းဒေသကာကွယ်ရေးတပ်(CDF)နှင့် ချင်းညီနောင်က ယနေ့ (နိုဝင်ဘာ၁၁ရက်) နံနက်အထိ ထုတ်ပြန်ခြင်းမရှိသေးပေ။

နိုဝင်ဘာ ၁၀ရက် နံနက်အစောတွင် စစ်ကောင်စီ ၏ Y12 လေယာဉ်မှ မင်းတပ်မြို့ပေါ်နေရာများကို လေးလုံးတစ်တွဲနှင့် ဗုံးအလုံးရေ ၅၀ကျော်ခန့်ဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက လူမှုကွန်ရက်တွင် ရေးသားအသိပေးထားသည်။

နိုဝင်ဘာ ၉ရက်တွင်လည်း လောင်းရှည်မြို့ရှိ ကပစမှ တာဝေးပစ်ဒုံးဖြင့် မင်းတပ်မြို့အနီးဝန်းကျင်များ လေးကြိမ်ခန့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံက အသိပေးသည်။

နိုဝင်ဘာ ၉ရက်တွင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အပြင် ယင်းနေ့ ညပိုင်း၌ Y12ထောက်ပို့ လေယာဉ်မှ မင်းတပ် ခလရ(၂၇၄)တပ်ရင်းအတွင်း ရိက္ခာထုပ်များချပေးခဲ့သည်ဟု ဆိုသည်။

ထို့ပြင် နိုဝင်ဘာ ၉ရက်တွင်လည်း စစ်ကောင်စီက ကျောက်ထု အမြောက်တပ်မှ မင်းတပ်မြို့သို့ ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ဒရုန်းအသုံးပြု ဗုံးကြဲမှုများ ပြုလုပ်ခဲ့သည်ဟုဆိုသည်။

တိုက်ပွဲစတင်သည့် နိုဝင်ဘာ ၉ရက်တွင် စစ်ကောင်စီက မင်းတပ်မြို့ပေါ် နေအိမ်များကို မီးရှိုဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ရာ မင်းတပ်ဆောက်လုပ်ရေးလမ်းခွဲ ဝန်းကျင်နားရှိ ပြည်သူ့နေအိမ် ၃၀ ခန့်၊ ခေါနူးရိပ်သာ တောင်ဘက်ခြမ်းရှိ နေအိမ်၁၀ လုံးကျော်အပြင် မြို့နယ်ထွေအုပ်ရုံးနားရှိ နေအိမ်အချို့ကို စစ်ကောင်စီက မီးရှို့ခဲ့ကြောင်း ဒေသခံက အသိပေးထားသည်။

မင်းတပ်မြို့တွင် ယနေ့ (နိုဝင်ဘာ ၁၁ရက်)တိုက်ပွဲဆက်လက်ဖြစ်ပွားမှု ရှိ၊ မရှိကို သက်ဆိုင်ရာ တာဝန်ရှိသူနှင့် ဒေသခံတို့ထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

မင်းတပ် CDFအနေဖြင့် မင်းတပ်မြို့သိမ်း တိုက်ပွဲ စစ်ဆင်ရေး ဖော်ဆောင်မည်ဟု မကြာသေးမီက အသိပေးထားပြီး မြို့သိမ်းစစ်ဆင်ရေးအတွက် ရန်ပုံငွေ ရှာဖွေမှုလည်း ပြုလုပ်လျက်ရှိသည်။

နိုဝင်ဘာ ၉ရက်မှစတင်သည့် မင်းတပ်မြို့ တိုက်ပွဲနှင့်ပတ်သက်ပြီး CDFမင်းတပ်အနေဖြင့် သတင်းထုတ်ပြန်မှု တစုံတရာမပြုလုပ်သေးပေ။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်ရှိ စစ်ကောင်စီတပ်ဗျူဟာကုန်းကို နိုဝင်ဘာ ၁၀ရက် နေ့လယ်ပိုင်းတွင် လေကြောင်းမှ လက်နက်ခဲယမ်းများဖြည့်တင်းခဲ့ခြင်းဖြစ်သည်။

သတင်း

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီခြေမြန်တပ်ရင်း အမှတ်(၃၃၆)နှင့် (၄၂၁)တပ်ရင်းများရှိပြီး အမှတ်(၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)လည်း အခြေစိုက်ထားသည်။

သတင်း

ကလေးမြို့အနီး ချင်းတောင်ခြေတွင် ထူးခြားသည့် စစ်ရေးလှုပ်ရှားမှုမရှိဘဲ စစ်ကောင်စီက ပစ်ခတ်နေခြင်းဖြစ်သည်ဟု ​ဒေသခံအချို့က ပြောသည်။

သတင်း

အောက်တိုဘာ ၂၉ရက်ကလည်း ဆီမီးခုံမြို့ပေါ် တွင် ဈေးဝယ်ထွက်လာသည့် စစ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှုများ ရှိခဲ့သည်။