close
Connect with us

Hi, what are you looking for?

သတင်း

KNLAပူးပေါင်းတပ်တိုက်နေသည့် ခေါပုတ်စခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေး

ခေါပုတ်စခန်းသိမ်းတိုက်ပွဲအတွင်း သေဆုံးထိခိုက်၊ စစ်သုံ့ပန်းရရှိမှုနှင့် လက်နက်ခဲယမ်းရရှိမှု အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

KNLAပူးပေါင်းတပ်တိုက်နေသည့် ခေါပုတ်စခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေး
KNLAပူးပေါင်းတပ်တိုက်နေသည့် ခေါပုတ်စခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေး

ဟန်နွေ/People’s Spring

ဖာပွန်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ခေါပုတ်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)ပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေရာ စစ်ကောင်စီတပ်သားများ ယမန်နေ့ (အောက်တိုဘာ ၂၉ရက်)တွင် စခန်းစွန့်ထွက်ပြေးသွားသည်ဟု သတင်းရကြောင်း KNU/KNLA တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။

ဖာပွန်မြို့မြောက်ဘက် ကီလို ၂၀ခန့်အကွာ( KNU အုပ်ချုပ်နယ်မြေရှိ လယ်တိုးတပ်စခန်းကို ပြီးခဲ့သည့်ရက်ပိုင်းကတည်းက KNLAပူးပေါင်းတပ်က ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

” စဖြစ်တာကတော့ သုံးလေးရက်လောက်ရှိပြီ။ မနေ့ကမှ ဒီစခန်းကနေပြီးတော့ ဟိုဘက်ကပေါ့ စစ်ကောင်စီဘက်က ထွက်ပြေးသွားတယ်လို့တော့ ကြားတယ်။ ဒါပေမဲ့ သူတို့ ကောင်းကောင်းမွန်မွန် မရှင်းလင်းရသေးဘူးလို့ ပြောပြတယ်။ ဒီညနေကျမှ သူတို့ သတင်းအတိအကျပေးမယ်ပြောတယ်”ဟု ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။

Public Service Announcement

Public Service Announcement

စခန်းအတွင်း စစ်ကောင်စီတပ်သားများ လုံး၀မရှိတော့ဟု သိရသော်လည်း နယ်မြေရှင်းလင်းရေး မပြီးသေးဟု ဆိုသည်။

ယခု KNLA ပူးပေါင်းတပ်က စခန်းသိမ်းတိုက်ခိုက်ခဲ့သည့် ခေါပုတ်စခန်းသည် အင်အားများသည့် စစ်ကောင်စီတပ်စခန်းဖြစ်ကြောင်း ၎င်းကဆိုသည်။

” ဘာဖြစ်လို့လည်းဆိုတော့ စခန်းက တခြား လယ်တိုးတို့၊ကျောက်ညှပ်တို့၊ တာမူကျိုး စခန်းကနေ အဲဒီမှာ ပြန်စုတဲ့စခန်းကြီးတစ်ခုဖြစ်တယ်” ဟု ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။

ခေါပုတ်စခန်းသိမ်းတိုက်ပွဲအတွင်း သေဆုံးထိခိုက်၊ စစ်သုံ့ပန်းရရှိမှုနှင့် လက်နက်ခဲယမ်းရရှိမှု အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ယခု ခေါပုတ်စခန်းကျပါက KNU ဖာပွန်ခရိုင် အတွင်း၌ စစ်ကောင်စီဗျူဟာအပါအဝင် တပ်စခန်း ၁၀ခု ခန့်သာ ကျန်တော့မည်ဟုလည်း ၎င်းက အသိပေးသည်။

KNU တပ်မဟာ(၅) ပူးပေါင်းတပ်ဖွဲ့သည် ယခုနှစ် မတ်လကစ၍ ဖာပွန်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲလျက်ရှိရာ လက်ရှိတွင် မြို့နှင့် စစ်ကောင်စီတပ်ရင်းဌာနချုပ် အချို့ကိုသိမ်းပိုက် ထိန်းချုပ် ထားပြီး ဖာပွန်စစ်ကောင်စီ ဗျူဟာအပါအဝင် စခန်းအနည်းငယ်သာ ကျန်တော့သည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့ပေါ်တွင် စစ်ကောင်စီတပ်က လူငယ်၊ လူရွယ်များအား စစ်မှုထမ်းရန် ဖမ်းဆီးနေပြီး နေဝင်ပြီဆိုသည်နှင့်တပြိုင်နက် နေအိမ်အတွင်း၌သာ နေထိုင်နေရကြောင်း မြို့ခံများက ပြောသည်။

သတင်း

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုမရှိသော်လည်း စေတီတော်အပါအဝင် သာသနိက အဆောက်အအုံ သုံးခုပျက်စီးခဲ့ဟုဆိုသည်။

သတင်း

AAသည် စစ်‌ကောင်စီတပ် ထွက်ပေါက်များအားလုံး ပိတ်ထားပြီး အမ်းမြို့မှ မကွေးတိုင်း မင်းဘူးမြို့သို့သွားသော အမ်း-ပဒါန်းလမ်းကိုလည်း အပြည့်အဝထိန်းချုပ်ထားသည်ဟု သတင်းရရှိသည်။

သတင်း

ဓါးစာခံဖမ်းဆီးခံထားရသူများတွင် အမျိုးသမီး ၄၀ဦးကျော်၊ အမျိုးသား ၂၀ မှ ၃၀ခန့် အထိ ဖမ်းဆီးခံထားရပြီး အများစုမှာ လူငယ်များဖြစ်ကြောင်း ဒေသကာကွယ်ရေးအဖွဲများက ပြောသည်။

Facebook