close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့တွင် လက်ဖက်ရည်ဆိုင်ဝန်ထမ်းက ဓါးဖြင့်ခုတ်၍ ဆိုင်ရှင်အပါအဝင် နှစ်ဦးသေ၊ လေးဦး ဒဏ်ရာရ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ဆိုင်ဝန်ထမ်းက ဓါးဖြင့်ခုတ်၍ ဆိုင်ရှင်အပါအဝင် နှစ်ဦးသေဆုံးပြီး ကလေးတစ်ဦးအပါအဝင် လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

အင်ကြင်း/People’s Spring

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ဆိုင်ဝန်ထမ်းက ဓါးဖြင့်ခုတ်၍ ဆိုင်ရှင်အပါအဝင် နှစ်ဦးသေဆုံးပြီး ကလေးတစ်ဦးအပါအဝင် လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၂၄ရက် ည ၁၂ နာရီ ၄၅မိနစ်ခန့်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားအကွက်(၉)၊ ၁၈လမ်း၊ ၆၃လမ်းနှင့် ၆၄လမ်းကြားရှိ ငွေကောင်း လက်ဖက်ရည်ဆိုင်၌ ဆိုင်ဝန်ထမ်းအမျိုးသားတစ်ဦးက ဓားဖြင့်ခုတ်၍ ဆိုင်ရှင် အမျိုးသမီးတစ်ဦးနှင့် ၎င်း၏တူတော်စပ်သူ ဝန်ထမ်းတစ်ဦး သေဆုံးကြောင်း၊ ထို့အပြင် (၁၀)နှစ်ခန့်အရွယ် ကလေးတစ်ဦးအပါအဝင် ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နီးစပ်သူများက ပြောသည်။

Public Service Announcement

Public Service Announcement

“ဆိုင်အောက်ထပ်မှာ အတူတူ အိပ်နေတဲ့ အလုပ်ဖော်ကိုအရင်လည်လှီးသတ်တာတဲ့။ ဟိုကောင်လေးက အိပ်နေရင်းဘာမှတောင်မသိဘဲ သေသွားတာ။ အဲလိုအသံတွေကြားလို့ ဆိုင်ရှင်လင်မယားကအိမ်ပေါ်ကပြေးဆင်းလာတာ။ ဆိုင်ရှင် မိန်းမနဲ့ဝန်ထမ်းကောင်လေးသေတယ်။ အဲ့ကောင်လေးကလည်း ဆိုင်ရှင်ရဲ့တူတော်တယ်လိုဆိုတယ်။ ယောက်ျားနဲ့ ကလေးကတော့ ဆေးရုံမှာ။ ယောက်ျားကနှာခေါင်းတစ်ခြမ်းပြတ်တယ်လို့လဲပြောတယ်။”ဟု နီးစပ်သူတစ်ဦးက ပြောသည်။

ဓါးဖြင့်ခုတ်သွားသူဆိုသူ ဝန်ထမ်းအား ဖမ်း​ဆီးရမိထားကြောင်း သိရသည်။

သို့သော် မည်သည့်အတွက်ကြောင့် ဓါးခုတ်မှုဖြစ်ပွားခဲ့သည်ကိုမူ မသိရသေးပေ။ ထိခိုက် သူများအား ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး မြို့မှာရှိတဲ့ တရုတ် ကောင်စစ်ဝန်ချုပ်ရုံးကို ပစ်မှတ်ထား တိုက်ခိုက်မှုအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

သတင်း

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် မှာ တည်ရှိတဲ့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး အနီး မနေ့ အောက်တိုဘာလ ၁၈ ရက် ညနေပိုင်းက ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့လယ် စစ်ကောင်စီလုံခြုံရေးယူထားသည့် ဘဏ်များနှင့်မနီးမဝေးရှိ ကားပစ္စည်းဆိုင် ဓါးပြတိုက်ခံရပြီး အိမ်ရှင်အမျိုးသမီး ဓါးထိုးခံရကြောင်း မြို့ခံများက ပြောသည်။

သတင်း

မန္တလေးမြို့တွင် သေနတ်ဖြင့်အနီးကပ်ပစ်ခတ်ခံရသည့် ယာဥ်ထိန်းရဲမေ အသက်သေဆုံးခြင်းမရှိဘဲ အမှတ်(၁)စစ်မြေပြင် ဆေးတပ်ရင်း၌ ဆေးရုံတက်ကုသနေရကြောင်း သတင်းရရှိသည်။